ဖုန်ကြားရှင်၏ တပ်ဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်

ပို့စ်တင်ချိန် - 12:20 PM

တစ်စခန်းပြန်ထလာသည့် ဖုန်ကြားရှင်ကို တွေ့ရစဉ်(ဓာတ်ပုံ - news.qq)


ကိုးကန့်လက်နက်ကိုင် ခေါင်းဆောင် ဖုန်ကြားရှင်၏ တပ် ဖွဲ့နှင့် ပါတီက ကြေညာချက်တစ် စောင်  ထုတ်ပြန်လိုက်ပြီး ပြည် တွင်းစစ်၏ နောက်ဆက်တွဲပြဿ နာများကို အစိုးရတပ်မတော်က တာဝန်ယူရန်၊ လက်နက်အင်အား ဖြင့် ကိုးကန့်ဒေသကို ပြန်လည် သိမ်းယူခြင်းသည် မတတ်သာ သော နည်းလမ်းတစ်ခုသာဖြစ် ပြီး အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စိတ်ရင်း စေတနာမှန်ဖြင့် ဖော်ဆောင်ရန် စသည့်အချက်တို့ကို မေတ္တာရပ်ခံလိုက်သည်။

ယင်းကြေညာချက်မှာ မြန် မာအစိုးရတပ်မတော်ကို ပြန်လည် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)ခေါင်းဆောင် ဖုန်ကြားရှင်၏ ပြောဆိုချက် တရုတ်မီဒီယာများမှတစ်ဆင့် ပျံ့နှံ့သွားချိန်တွင်ထွက်ပေါ်လာခြင်းဖြစ်သည်။

ကြေညာချက်တွင် မြန်မာ့အ စိုးရစစ်တပ်က ပြည်တွင်းစစ်ကို ပြန်လည်ဖော်ဆောင်ခဲ့သည့်အ တွက်   ယင်းကြောင့်ဖြစ်ပေါ်သော ပြဿနာကို   တာဝန်ယူသင့် ကြောင်း၊  ကိုးကန့်ဒေသ၏ မြို့မိ မြို့ဖများကို ဆင်းရဲဒုက္ခဘေးမှ  ကယ်ဆယ်ပြီး  ကိုးကန့်၏ ပင်ကို နေထိုင်မှု အခွင့်အရေး ပြန်လည် ဖြစ်မြောက်ရေးသည် ပါတီနှင့် တပ်မတော်၏ တာဝန်ဝတ္တရား ဖြစ်ပြီး   လက်နက်အင်အားဖြင့် ကိုးကန့်ဒေသကို ပြန်လည်သိမ်း ယူခြင်းသည် မတတ်သာသော နည်းလမ်းတစ်ခုသာဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ‘တိုက်ခိုက်ပြီး ဆွေးနွေး၊ ဆွေးနွေးပြီး တိုက်ခိုက်’ ဆိုသော လမ်းကြောင်းမှ ထွက် ပေးပြီး စစ်မှန်သော တိုင်းရင်း သား ငြိမ်းချမ်းရေးလမ်းကြောင်း ကို အမှန်တကယ်ပြုလုပ်ပေးရန် စသည့်အချက်တို့ကို မေတ္တာရပ်ခံ ကြောင်း ဖော်ပြထားသည်။


ဒီဇင်ဘာ ၂၉ ရက် ပါဖုန်ကြားရှင်၏ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA)၊ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNTJP)၏ မျက်မှောက်အခြေအနေနှင့် ပတ်သက်သော  ကြေညာချက်ဟု ခေါင်းစဉ်တပ်ထားသည့် ယင်းကြေညာချက် ဇန်န၀ါရီ ၁၀ ရက်တွင် မီဒီယာအချို့သို့ ဖြန့်ဝေခဲ့သည်။ တရုတ်ဘာသာဖြင့် ထုတ်ပြန်ပြီး ၂၀၁၅ ဇန်န၀ါရီ ၅ ရက်စွဲတပ်ထားသည့် ယင်းကြေညာချက်ကို တရုတ်သတင်းဌာန sina.com ၏ လက်နက်ကိုင်အဖွဲ့များအကြောင်း အသားပေးဖော်ပြသည့် စာမျက်နှာက ဇန်န၀ါရီ ၆ ရက်တွင် ဖော်ပြခဲ့သည်။

၂၀၀၉ နောက်ပိုင်းက တည်းက ငါးနှစ်ကြာ မြန်မာ့ပြည်တွင်းစစ် ဇာတ်ခုံပေါ်တွင် မှေးမှိန်နေခဲ့သည့် ဖုန်ကြားရှင်သည် ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ် မှုအဖြစ် ဒီဇင်ဘာနှောင်းပိုင်းက တရုတ်ကွန်မြူနစ်ပါတီ အာဘော် ဖြစ်သော People's Daily သ တင်းစာနှင့် အင်တာဗျူးလုပ်ခဲ့ ပြီး အစိုးရတပ်ကို တိုက်ခိုက်ရာ တွင် ပြန်လည်ပါဝင်တော့မည်ဟု ပြောကြားခဲ့သည်။

ဖုန်ကြားရှင်၏ MNDAA သည် ‘၀’ တပ်ဖွဲ့(UWSA)ကဲ့သို့ ပင်  ကွန်မြူနစ်ပါတီ-ဗမာပြည် (ဗကပ) မှ  ခွဲထွက်လာသည့် အ ဖွဲ့ဖြစ်သည်။   စစ်အစိုးရလက် ထက်  ၁၉၈၉ တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ သည်။ ၂၀၀၉ တွင် နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲရန် အစိုးရ၏ ပြောကြားချက်ကို ၎င်း တို့က လက်မခံခြင်း၊ ကိုးကန့်ဒေ သတွင်း မူးယစ်ဆေးဝါးထုတ် လုပ်နေခြင်း စသည့် အကြောင်းပြ ချက်များဖြင့် ရှမ်းပြည်နယ် အထူး ဒေသ (၁) ရှိ MNDAA အခြေစိုက် ရာ လောက်ကိုင်ဒေသကို အစိုးရ တပ်မတော်က ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သည်။

ထိုအချိန်က ထိုင်းနိုင်ငံတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့သော ဖုန် ကြားရှင်သည် ငါးနှစ်ခန့်ပျောက် ကွယ်နေခဲ့ပြီး ၎င်းသည် တရုတ် ပြည်တွင်း၌ ခိုလှုံနေသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ ၂၀၁၂ တွင် MNDAA ပြန်လည် ပေါ်ထွက်လာခဲ့ပြီး  ရှမ်းပြည်နယ် မြောက်ပိုင်းတွင်  တအောင်းအ မျိုးသားလွတ်မြောက်ရေးတပ်မ တော် (TNLA) နှင့် အစိုးရတပ်မ တော်ကြား    တိုက်ပွဲအချို့နှင့် MNDAA အပါအ၀င် လက်နက် ကိုင်အဖွဲ့အချို့မှ  တပ်သားအ နည်းငယ်စီဖြင့် ပူးပေါင်းပြီး မဟာ  မိတ်အဖွဲ့ဖွဲ့ကာ အစိုးရကို တိုက် ခိုက်သည့် တိုက်ပွဲအချို့တွင် ပါ ၀င်လာခဲ့သည်။

http://7daydaily.com/story/29154#.VLIOwCuUewg