လီဗြောင်ဟွန်းကို ခြိမ်းခြောက်ငွေညှစ်ခဲ့သည့် ဒါဟီးနှင့် လီဂျီယွန်း ထောင်တစ်နှစ်စီကျ

ပို့စ်တင်ချိန် - 3:37 PM



 တောင်ကိုရီးယားမော် ဒယ်လီဂျီယွန်းနှင့် GLAM ကေ ပေါ့ပ်အဖွဲ့ဝင် ဒါဟီးတို့သည် ကေဒရာမာစတားလီဗြောင်ဟွန်း ကို  ခြိမ်းခြောက်ငွေညှစ်ရန် ကြိုး ပမ်းမှုဖြင့် ဇန်နဝါရီ ၁၅ ရက်တွင် ထောင်ဒဏ်တစ်နှစ်ခန့်စီ ချမှတ် ခြင်းခံရသည်။

လီဂျီယွန်းနှင့် ဒါဟီးတို့သည် သရုပ်ဆောင်မင်းသားလီဗြောင် ဟွန်းနှင့် ၎င်းတို့အကြား ညစ်ညမ်း စကားများပြောကြားနေမှုကို လျှို့ ဝှက်ဗီဒီယိုရိုက်ကူး၍ နောက်ပိုင်း တွင် ယင်းဗီဒီယိုဖြင့် လီဗြောင် ဟွန်းထံမှ အမေရိကန်ဒေါ်လာ ငါးသန်းခန့်ခြိမ်းခြောက်ငွေညှစ်ခဲ့ သည်။ ယင်းတရားခံနှစ်ဦးအား နောက်ဆုံးကြားနာစစ်ဆေးမှုကို ဇန်နဝါရီ ၁၅ ရက် နံနက်တွင် ဆိုးလ်မြို့ ခရိုင်တရားရုံး၌ ပြုလုပ် ခဲ့သည်။

တရားခံများသည် ငွေကြေး ရလိုမှုဖြင့် တရားလိုလီဗြောင် ဟွန်းကို ခြိမ်းခြောက်ငွေညှစ် ကြောင်း ပြစ်မှုထင်ရှားသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဒါဟီး အား ထောင်ဒဏ်တစ်နှစ်ကျခံစေ ရန်နှင့် လီဂျီယွန်းအား ထောင် ဒဏ်တစ်နှစ်နှင့် နှစ်လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းပြစ်ဒဏ်များမှာ တရား လိုလီဗြောင်ဟွန်းဘက်မှ တောင်း ဆိုခဲ့သော ထောင်ဒဏ်သုံးနှစ် ထက် ပိုမိုနည်းပါးခဲ့သည်ဟု သိရသည်။ ကေဒရာမာစတားလီဗြောင် ဟွန်းသည် ယင်းကြားနာစစ်ဆေး ပွဲသို့   တက်ရောက်ခဲ့ခြင်းမရှိ ကြောင်းနှင့် လက်ရှိတွင် အမေရိ  ကန်နိုင်ငံ၌ အနုပညာလုပ်ငန်းများ သွားရောက်လုပ်ကိုင်နေကြောင်း သိရသည်။

၎င်း၏ ဇနီးဖြစ်သူ လီမင် ဂျောင်မှာ ကြော်ငြာရိုက်ကူးရန် အမေရိကန်နိုင်ငံမှ တောင်ကိုရီး ယားနိုင်ငံသို့ ပြန်ရောက်နေသည် ဟု သိရသည်။  —Ref: All Kpop

credit to- 7day daily