Showing posts with label crime. Show all posts
Showing posts with label crime. Show all posts

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နယ်အတွင်း အသက်မပြည့်သေးသည့် မိန်းခလေးများ နှင့် ငွေကြေးပေး၍ လိင်ဆက်ဆံသူ အရာရှိ-ဘုရားလူကြီးနှင့် လူကြီးပိုင်းများ အားစတင်ဖမ်းဆီး


4-11-2015
ယနေ့ စတင်ဖမ်းဆီးစစ်ဆေးခ့ရတဲ့ သူနှစ်ဦးကတော့ အသက် ၆၀ကျော် ဗိုလ်မှူးကြီးဟောင်းနှင့် ဘုရားလူကြီးတဦးဖြစ်ပါတယ် ၊ ရဲအရာရှိတွေက လိင်ပွဲစားလို အယောင်ဆောင်ပြီး ခလေးပြည့်တန်ဆာ တွေကို လိုက်လန်ဖမ်း ဆီးခဲ့ရာကနေ ခုလို ခလေးငယ်တွေကို တကြိမ်လျှင် ဘတ်ငွေ ၂၀၀၀(ကျပ်ခြောက်သောင်းကျော်) ပေးပြီး တည်းခိုခန်းမှာ လိင်ဆက်ဆံနေကြတဲ့ လူကြီးပိုင်းတွေရဲ့  အမှုတွေကိုဖေါ် ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။



မိန်းခလေးတွေရဲ့  မှတ်မိသမျှဝန်ခံထွက်ဆိုချက်မှာ သူတို့ နဲ့  လိင်ဆက်ဆံ ခဲ့သူတွေ ဟာ လူသိများတဲ့ မြို့ မျက်နှာဖုံး လူကြီးပိုင်း-တက္ကသိုလ် ကျောင်း ဆရာတွေနဲ့  စီးပွားရေး သမားပေါင်း (၄၀)ကျော် ပါဝင်ပါတ်သက်နေတာ ကြောင့် အားလုံး ကို လိုက်လံဖမ်းဆီးသွားမှာဖြစ်တယ်လို့  ရဲတပ်ဖွဲ့ က ရှင်း လင်း ပြောကြားခဲ့ပါ တယ်။


ယနေ့ ဖမ်းဆီးခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း ဟာ တကြိမ်ကို အသက် ၁၃-၁၄ နှစ် သားရှိသေးတဲ့ မိန်းခလေးသုံးဦးခေါ်ယူ ပျော်ပါးခဲ့ကြောင်း ထိုင်းအွန်လိုင်း
Sanook .com သတင်းမှာရေးသားဖေါ်ပြထားပါတယ်။

Social Action for Women - SAW
Community Organization
https://www.facebook.com/permalink.php?story_fbid=1700365953515798&id=1429330840619312
အပြည့်အစုံသို့ »

ကျောင်းဆရာမနှစ်ဦးကို သတ်ဖြတ်သူဟု သံသယရှိ အရပ်သားတစ်ဦး ဓာတ်ပုံရရှိထားဟုဆို


 ကြူကုတ်မြို့နယ် ကောင်းခါးကျေးရွာတွင် အသတ်ခံရသော ကျောင်းဆရာမလေးနှစ်ဦးအမှုနှင့် ပတ်သက်၍ ဒေသတွင်းအခြေစိုက် တပ်မတော်သားများအား စွပ်စွဲမှုများရှိနေသော်လည်း တရားခံဟု ယူဆရဖွယ်ရှိသည့် အရပ်သားတစ်ဦး၏ သက်သေအထောက်အထား ဓာတ်ပုံတစ်ပုံရရှိထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘တပ်ကို အဓိက အပုပ်ချနေတာပေါ့။ တပ်ကလုပ်တယ် ဆိုပြီးတော့လေ။ တခြား သတင်းတွေလည်း ရထားတာရှိတယ်။ ဓာတ်ပုံတစ်ပုံလည်း ရထားတယ်။ ဆေးစာလည်း ထွက်လာပါပြီ။ အဓမ္မပြုကျင့်တာ မြောက်၊ မမြောက် သေချာသိဖို့ ဓာတုဗေဒရုံးကို ဆက်ပို့ထားတယ်’’ဟု ပြည်နယ်အဆင့်ရဲအရာရှိတစ်ဦးကပြောသည်။

သေဆုံးသူဆရာမတစ်ဦး၏ လက်ထဲမှ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ဆွဲယူထားဖွယ်ရှိသည့် ဆံပင်အချို့ တွေ့ရပြီး DNA စစ်ဆေးရန် ဓာတုဗေဒရုံးသို့ ပို့ထားကြောင်း သတင်းရရှိသည်။ ပြစ်မှုကျူးလွန်သူများမှာ ဒေသတွင်းအခြေစိုက် စစ်တပ်ရင်းမှ တပ်မတော်သားအချို့ဖြစ်နိုင်ကြောင်း စွပ်စွဲမှုများလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသော်လည်း ရရှိထားသော အထောက်အထားများအရ မဖြစ်နိုင်ကြောင်း အမှုစစ်ရဲအရာရှိတစ်ဦးက ပြောသည်။

တပ်မတော်သားများ ကျူးလွန်ခြင်းဖြစ်ကြောင်း စွပ်စွဲနေသူများမှာ ဒေသတွင်းမှ နိုင်ငံရေးပါတီအချို့နှင့် စစ်တပ်မလိုလားသူများဖြစ်ပြီး အမှုမှန်ပေါက်ပေါက်ရေးအတွက် ကြူကုတ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲ စခန်းမှူး၊ မူဆယ်ကချင်နှစ်ခြင်း အသင်းတော်မှဓမ္မဆရာတစ်ဦး၊ မုံးပေါ်ပြည်သူ့စစ်အဖွဲ့ ပါဝင်သော  စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။ ဆရာမနှစ်ဦးအသတ်ခံရ သောအမှုကြောင့် ဒေသတွင်းဆူပူ ဆန္ဒပြမှုများမဖြစ်ရန် အစိုးရတာ ၀န်ရှိသူများက မေတ္တာရပ်ခံထား သည်။တာဝန်ရှိသူများက မေတ္တာရပ်ခံထားသော်လည်း သေဆုံးသူ ဆရာမနှစ်ဦး၏ ရုပ်အလောင်းကို မူဆယ်မှ မြစ်ကြီးနားမြို့သို့ သယ်ဆောင်နေစဉ် လမ်းတစ်လျှောက်မြို့များတွင် အမှုမှန်ဖော်ထုတ်ပေးရန် ဒေသခံလူဦးရေထောင်ချီ၍ ဆန္ဒပြနေကြောင်းသတင်း ရရှိသည်။ သေဆုံးသူနှစ်ဦး၏ မိဘများတောင်းဆိုမှုဖြင့် ကချင်နှစ်ခြင်းအသင်းတော် တာဝန်ရှိသူများ ဦးဆောင်သယ်ယူခြင်းဖြစ်သည်။

‘‘နမ့်ဖက်ကာမှာလည်း လူတွေ ထောင်ချီတယ်။ ကွတ်ခိုင်မှာလည်း စောင့်နေကြတယ်’’ ဟု ဆရာမနှစ်ဦး၏ ရုပ်အလောင်းကိုကားမောင်း၍လိုက်ပို့နေသည့် မူဆယ်နာရေးကူညီမှုအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

 ဆရာမနှစ်ဦး၏ ရုပ်အလောင်းကို မြစ်ကြီးနားနှင့် ဆယ်မိုင်အကွာ ဂျော်ဘွမ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်သင်္ချိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်မည်ဖြစ်သည်။

အသတ်ခံရသည့် အသက် (၂၀)အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာတို့နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ၏ ခွင့်ပြုချက်ဖြင့် ကောင်းခါးကျေးရွာမှ ကလေးငယ်များကို အခမဲ့ ပညာသင်ကြားပေးသူများဖြစ်ပြီး ၎င်းတို့တည်းခိုရာ ဘုရားကျောင်း ၀င်းအတွင်း အိမ်ခန်းတွင် သေဆုံးနေသည်ကို ဇန်န၀ါရီ ၂၀ ရက် နံနက်က တွေ့ရကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။‘‘သေဆုံးသွားတဲ့ တစ်ယောက်က ကျွန်တော်နဲ့ အိမ်နီးချင်းပဲ။ သူ့မိဘတွေက ငိုပဲငိုနေကြတယ်’’ဟု သေဆုံးသွားသူတစ်ဦးနှင့် အိမ်နီးချင်းဘာသာရေးဆရာ ဦးနော်တောင်က ပြောသည်။

ယင်းတို့နှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒေသခံစခန်းမှူး၊ KBC အသင်း (မူဆယ်)နှင့် မုံးပေါ်ပြည်သူ့စစ်အဖွဲ့မှ အ ဖွဲ့ဝင်တစ်ဦး စုစုပေါင်း လေးဦးဖြင့် ဖွဲ့စည်းစစ်ဆေးနေပြီး မျက်မြင် တွေ့ရှိချက်အရ ဆရာမနှစ်ဦးမှာ မုဒိမ်းကျင့်ခံရပြီးနောက် တုတ်၊ ဓား၊ လက်နက်များဖြင့် အသတ်ခံရသည်မှာ ထင်ရှားကြောင်း သတင်းရရှိသည်

http://7daydaily.com/story/29977#.VMNTkUeUewh
အပြည့်အစုံသို့ »

မင်းအုပ်စိုး မူးယစ်ဆေးဝါး သုံး၊ မသုံး ဆေးစစ်ထားခြင်း မရှိဟုဆို


 မင်းအုပ်စိုး လူသတ်မှုကျူးလွန်စဉ်က မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိ၊ မရှိ ဆေးစစ်ထား သည်ဟု ပြောဆိုထားသော်လည်း တရားစွဲဆိုသည့်နေ့တွင် ဆေးစစ် ထားခြင်း မရှိသောကြောင့် လူသတ်မှုပုဒ်မဖြင့်သာ တရားစွဲဆိုလိုက်ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးသိန်းဝင်းကပြောသည်။

လူသတ်မှုဖြင့် ဖမ်းဆီးထားသော သရုပ်ဆောင် မင်းအုပ်စိုးကို ဇန်န၀ါရီ ၂၂ ရက်တွင် အ နောက်ပိုင်းခရိုင် တရားရုံး၌ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုလိုက်ပြီး အခင်းဖြစ်ပွားချိန် က မင်းအုပ်စိုး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆေးစစ်ထားခြင်း မရှိကြောင်း ဗဟန်းမြို့နယ် စခန်းမှူး ဒုရဲမှူးသိန်းဝင်းက 7Day Daily အား ပြောသည်။

‘‘မူးယစ်ဆေး စစ်မထားပါ ဘူး။ စစ်ဆေး မပေးဘူးပေါ့၊ သက်ဆိုင်ရာ မှုခင်းဆရာဝန်ကြီး က။ မူးယစ်ဆေးဝါးမှုနဲ့ တရားစွဲ တာ မဟုတ်ဘူးလေ။ လူသတ်မှု နဲ့ တရားစွဲတာ။ အဲဒါကြောင့် ဆေးစစ်မပေးဘူး။ ဒီနေ့ တရားစွဲ တာပါ။ ဖမ်းတုန်းကလည်း ၃၀၂ ပဲ။ စွဲတော့လည်း ၃၀၂ ပဲ’’ ဟု ဒုရဲ မှူးသိန်းဝင်းက ပြောသည်။

မင်းအုပ်စိုးသည် သေဆုံးသူ မဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ် အား ထိုးကြိတ်ရိုက်နှက်စဉ်က သာမန်ထိုးကြိတ်မှု ပြုလုပ်ခြင်း မဟုတ်သောကြောင့် မူးယစ်ဆေး ၀ါးသုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေး ပေးရန် သေဆုံးသူ၏ မိသားစုဝင် များက တောင်းဆိုထားသည်။ ထို သို့ ဆေးစစ်ထားမှုနှင့်ပတ်သက်၍ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး သိန်းဝင်းထံ မေးမြန်းရာ ဆေးစစ်ချက်ပြုလုပ်ထားကြောင်း ပြောကြားထားသည်။

မင်းအုပ်စိုး၏ မူးယစ်ဆေး အဖြေရလဒ်ကို ထုတ်ပြန်ကြေ ညာသွားမည် မဟုတ်ဘဲ တရားရုံး ၌သာ ဖြေကြားသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်း အဖြေ ထွက်ရှိလာပါက အမှုတွဲ၌ထည့် သွင်း၍ တရားစွဲဆိုသွားမည်ဟု ဒုရဲမှူး သိန်းဝင်းက 7Day Dailyအား ပြောဆိုထားဖူးသည်။

‘‘တရားခံဘက်က လုပ်ပေး ဖို့ တောင်းဆိုလည်း လုပ်ပေးလို့ မရပါဘူး။ အရက်သေစာသောက် ထားခြင်း ရှိ၊ မရှိသာ စစ်ဆေးတာ ပါ။ အရက်မူးနေလို့ သတ်မိတာ ပေါ့။ မူးယစ်ဆေးဝါးစစ်ပေးဖို့ တောင်းဆိုလို့ မရဘူး။ လူသတ်မှု နဲ့ တရားစွဲထားတာလေ။ ပုဒ်မ ပြောင်းလို့ မရဘူး’’ ဟု ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က အကြံပြုပြောသည်။ မင်းအုပ်စိုးကို ဇန်န၀ါရီ ၂၂ ရက်တွင် တရားရုံးထုတ် တရားစွဲဆိုခဲ့ပြီး စစ်ဆေးခြင်းမရှိ ဘဲ ဖေဖော်ဝါရီ ၄ ရက်သို့ ရုံးချိန်းလိုက်သည်။

credit to : 7daydaily.com
အပြည့်အစုံသို့ »

တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသူ အမျိုးသမီး ထပ်မံလူကုန်ကူးမှု မန္တလေးတွင်ဖမ်းမိ


လူကုန်ကူးခံရပြီး တရုတ်ဇနီးမယားအဖြစ် ရောင်း စားခံရသူ အမျိုးသမီးက အခြား အမျိုးသမီးများအား ပြန်လည်လူ ကုန်ကူးနေမှုကို ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း   လူကုန်ကူးမှုတား ဆီးကာကွယ်ရေး    ရဲတပ်ဖွဲ့ (မန္တလေး)မှ သတင်းရရှိသည်။

တရုတ်နိုင်ငံ ဝူဟုမြို့နယ် အန်ဟွေ့မြို့နေ အမျိုးသမီးက မန္တလေးရှိ ၎င်း၏ ညီမများနှင့် ပူးပေါင်းကာ အမျိုးသမီးငယ်သုံး ဦးအား လူကုန်ကူးရန်ကြိုးစားနေ စဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့နေ   အသက် (၂၇)နှစ်အရွယ် အမျိုးသမီးနှင့် အသက်(၄၀)အရွယ် အမျိုးသမီး တစ်ဦးတို့က တရုတ်နိုင်ငံတွင် လစာကျပ်ခုနစ်သိန်းဖြင့် အလုပ် ရမည်ဆိုကာ မန္တလေးမြို့ခံအမျိုး သမီးငယ်အချို့အား စည်းရုံးနေ သည်ကို ရဲတပ်ဖွဲ့က သတင်းရရှိ ခဲ့ပြီး ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည် ဟု လူကုန်ကူးမှုတားဆီးကာကွယ် ရေး ရဲတပ်ဖွဲ့ (မန္တလေး)မှ ရဲမှူး ဖေသိန်းကျော်က ပြောသည်။

‘‘ဒီအမျိုးသမီးက ပထမတစ် ကြိမ်   လူကုန်ကူးပြီးပြီ။  အခု ဒုတိယအကြိမ် လူကုန်ကူးဖို့ ကြိုး စားတဲ့အချိန်မှာ ဖော်ထုတ်နိုင်ခဲ့ တာ။ သူကိုယ်တိုင်ကလည်း လူ ကုန်ကူးခံရပြီး တရုတ်ဇနီးမယား အဖြစ် ရောင်းစားခံထားရတာ။ အဲဒီအမျိုးသမီးက ဟိုမှာအနေ ကြာလာပြီး    တခြားအမျိုးသမီး တွေပါ တရုတ်ဇနီးမယားအဖြစ် ရောင်းစားဖို့ကြိုးစားနေတာ’’ဟု ရဲမှူးဖေသိန်းကျော်က     ပြော သည်။

တရုတ်နိုင်ငံသို့ လိုက်ပါမည့် သူများအဖြစ် အသွင်ယူထားသူ အမျိုးသမီးငယ်များကို မန္တလေး- မူဆယ်ကားဖြင့် ခေါ်ဆောင်လာ စဉ် (၁၆)မိုင်ဂိတ်တွင် ဖမ်းဆီးနိုင် ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုအတွက် လူကုန် ကူးရန် ကြိုးစားသူတရုတ်နိုင်ငံနေ အမျိုးသမီးတစ်ဦး၊ မန္တလေးမြို့နေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို ပုသိမ်ကြီးမြို့နယ် အုန်း ချောရဲစခန်း၌ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေ    ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေး ယူထားသည်။

ယခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ဖော်ထုတ်နိုင် ခဲ့သော လူကုန်ကူးမှုများမှ တရား ခံ ၂၇ ဦးဖမ်းဆီးနိုင်ခဲ့ပြီး အမျိုး သမီး ၃၄ ဦးကို လူကုန်ကူးခံရမည့် အရေးမှ ကယ်တင်နိုင်ခဲ့သည်ဟု လူကုန်ကူးမှု   တားဆီးကာကွယ် ရေး ရဲတပ်ဖွဲ့ (မန္တလေး)မှ သတင်းရရှိသည်။

http://7daydaily.com/story/28298#.VKT41HsfzIU
အပြည့်အစုံသို့ »