ဝန်ထမ်းများ လစာငွေအရစ်ကျစုဆောင်း၍ အိမ်ရာဝယ်ယူနိုင်မည့်အစီအစဉ် စတင်မည်




ဝန်ထမ်းများရရှိသည့် လစာဝင်ငွေကို အရစ်ကျစနစ်ဖြင့် စုဆောင်းပြီးအိမ်ဝယ်ယူနိုင်သည့် စနစ် မကြာမီစတင်နိုင်တော့မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။

ယင်းစနစ်တွင် အစိုးရနှင့် ပုဂ္ဂလိက၀န်ထမ်းများ အကျုံးဝင် မည်ဖြစ်ပြီး နိုင်ငံတကာ၌ ၀န်ထမ်းများလစာကို လစဉ်စုဆောင်းကာ အိမ်ရာဝယ်နိုင်မည့် စနစ်များရှိပြီး မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း အဆိုပါညွှန်ကြားရေးမှူးက ဆိုသည်။

‘‘ဒီစနစ်ပေါ်လာရင် အစိုးရ က လက်ရှိဆောက်လုပ်နေတဲ့ အိမ်ရာစီမံကိန်းတွေကို လက်လှမ်းမီသွားလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။

အဆိုပါစနစ် အကောင်အထည်ဖော်ရန် လက်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က နိုင်ငံခြားဘဏ်များနှင့် ချိတ်ပြီး ချေးငွေများရရှိရန် စီစဉ် ထားကြောင်း သိရသည်။ ထို့ ကြောင့် အဆိုပါချေးငွေများ ရရှိ နိုင်ပါက ယင်းစနစ်ကို စတင်နိုင် မည်ဖြစ်ကြောင်း သိရသည်။

‘‘စင်ကာပူတို့ ကိုရီးယားတို့ မှာ အဲဒီစနစ်က အရမ်းအောင် မြင်ခဲ့တယ်။ ဒါပေမဲ့ လူတွေလက် ထဲမှာ အရစ်ကျတွေဝယ်တာများ ကုန်တော့ လကုန်ရင်သုံးစရာမရှိ တာက များတယ်’’ဟု Moving Myanmar စီးပွားရေးပညာရှင် ဦးလှဖေကသုံးသပ်သည်။

ယခုစနစ်သည် ပြည်သူများ အတွက် မရင်းနှီးသောကြောင့် အကောင်အထည်ဖော်ရာတွင် အ ခက်အခဲရှိနိုင်ပြီး အစိုးရ၀န်ထမ်း များ၏ လစာသည်စားဝတ်နေရေး အတွက် လုံလောက်မှုမရှိ၍ စု ဆောင်းရန်ဆိုသည်မှာ မဖြစ်နိုင် ကြောင်း အစိုးရ၀န်ထမ်းတစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။

လက်ရှိတွင် မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက အစိုးရ ၀န်ထမ်းနှင့် ၀င်ငွေနည်းလူတန်း စားများအတွက် ရည်ရွယ်ကာ တစ်နိုင်ငံလုံးတွင် အိမ်ရာစီမံကိန်းများ ဆောင်ရွက်နေပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အခန်းရေ လေး သောင်းကျော် ထွက်ပေါ်လာနိုင် ကြောင်း ဌာနက ခန့်မှန်းထား သည်။

နိုင်ငံတော်သမ္မတကလည်း ၂၀၁၄ ဒီဇင်ဘာ ၂၇ရက် ရခိုင်ခရီးစဉ်တွင် ၀န်ထမ်းများအတွက် တစ်ဦးချင်းဝင်ငွေ စုဆောင်းသည့် စနစ်ကို အကောင်အထည်ဖော် ဆောင်ပြီး ကိုယ်ပိုင်အိမ်ရာဖြင့် နေထိုင်နိုင်ရန် အိမ်ရာများ အ ကောင်အထည် ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။ ၀န်ထမ်းများ အခမဲ့ဆေးကုသရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အရေးပေါ်ကိစ္စများတွင် အထောက်အပံ့ရရန် ဆောင်ရွက်ပေးမည်ဟု ၎င်းက ဆက်လက်ပြောသည်။

7daydaily


လည်ချောင်းထဲမှာ အစာပိုက်ထည့်ထားရလို့ သီချင်းဆိုရတာ အခက်အခဲတွေ ကြုံနေရတယ်လို့ ဖွင့်ဟလာတဲ့ ဆိုတေး




ခင်ဆွေသက် on 2015-02-11 10:21    
ကားအက်ဆီးဒင့်ဖြစ်ပြီးနောက်ပိုင်း ကျန်းမာရေး ပြန်ကောင်းလာပေမယ့်လည်း အရင်လို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ ဆိုတေးက သူ့ကျန်းမာရေး၊ ဂီတနဲ့ ပတ်သက်ပြီး ခုလို ပြောပြသွားပါတယ်။ “အခု ကျန်းမာရေးကတော့ တော်တော်လေး ကောင်းနေပါပြီ။ အိမ်က အဖေ ၊ အမေ ၊ ညီအစ်ကို မောင်နှမတွေရဲ့ ဂရုစိုက်မှုနဲ့အတူ ဆရာဝန်ကြီးရဲ့ ဂရုစိုက်မှုနဲ့အတူ တော်တော်လေးတော့ ကောင်းနေပါပြီ။ ဒါပေမဲ့ အသံပိုင်းနဲ့ပတ်သတ်ပြီး သိပ်တော့ စိတ်တိုင်း မကျသေးဘူး။ ၁၀၀ မှာ ၉၉ ယောက်လောက်က ကျွန်တော်ရောဂါ အခြေအနေကို သိကြမှာပါ။ ကျွန်တော့် လည်ချောင်းထဲမှာ အစာပိုက်ထည့်ပြီး လည်ချောင်းပြွန်ချဲ့ပြီး ထည့်ရတာဆိုတော့ တော်တော်လေးလဲ ခက်ခဲတယ်။ ကျွန်တော့်မှာ တစ်ခုရှိတာက အရင် ကျွန်တော် အဆိုတော်စလုပ်တုန်းကတော့ အပြိုင်အဆိုင်စိတ်နဲ့ ကြိုးစားတာမျိုးရှိရင်ရှိခဲ့မယ်။ ဒါပေမဲ့ ခုလက်ရှိမှာတော့ ကားအက်ဆီးဒင့် ဖြစ်ပြီးကတည်းက ကျွန်တော့်ရဲ့အသိဥာဏ်ထဲမှာ အားလုံးကို စေတနာ မေတ္တထားတယ်။ ကျွန်တော် အလှူဒါနလုပ်မယ်။ ကောင်းမှုကုသိုလ်တွေ များများ လုပ်ဖြစ်မယ်။ အဲ့ဒါတွေကိုပဲ စိတ်ထဲ ထည့်ထားတယ်။ ကျွန်တော်ခု အလှူအတန်းတွေ လုပ်တဲ့ အထဲမှာ ကျွန်တော့် ပရိသတ်တွေရဲ့ အလှူတွေလဲပါတယ်။”လို့ သူက ပြောပါတယ်။

တတိယအခွေအကြောင်းကိုလည်း သူက “ခုကျွန်တော် တတိယခွေအတွက် ရေးတုန်းပေါ့။ မေ့လိုက်၊ ပြန်ရေးလိုက်ပေါ့။ ကြိုးစားပြီး ရေးနေပါတယ်။ ခုကျန်းမာရေး သိပ်မကောင်းသေးတော့ သီချင်းတွေ ကတော့ ဆိုတယ်။ ဒါပေမဲ့ စိတ်တိုင်းမကျဘူး။ အရင်ကဆိုတေးက Recording ခန်းထဲ ၀င်သွားပြဆို မိုက်နဲ့က သူငယ်ချင်း ၊ ခေါင်းမော့ပြီး ၀င်သွားလို့ရတယ်။ ဒါပေမဲ့ ခုကျတော့ ကျွန်တော် လည်ချောင်းထဲမှာ ပိုက်ထိုးထည့်ထားတော့ အရမ်းမအော်နိုင်ဘူး။ မဆိုနိုင်ဘူး။ အဲ့တော့ တစ်ယောက်တည်း ကြိတ်ငိုမိတယ်။ ခု မ၀ိုင်းစု ရဲ့ခါချနေရတယ် အခွေမှာ အသက်ရှု မှားလောက်တယ် ဆိုတဲ့ သီချင်းဆိုပေးထားတယ်။ ချစ်သူများနေ့က မြစ်ကြီးနားမှာ ရှိုးဆိုဖို့ရှိတယ်။ ကျွန်တော်ဂီတ အနုပညာပိုင်းနဲ့ပတ်သတ်ပြီး ဆန္ဒတွေတော့ရှိတယ်။ လက်တွေ့မှာ ဘာမှမလုပ်ဖြစ်သေးဘူး။ ကားအက်ဆီးဒင့်ဖြစ်တဲ့ချိန်မှာ ထွက်ပေါ်ခဲ့တဲ့ လူမှုရေး ကိစ္စတွေနဲ့ပတ်သတ်ပြီး အချိန်ကပဲ ဖြေရှင်းပေးသွားမှာပါ။ ပရိသတ် တစ်ယောက်ချင်းကို ကျတော့ လိုက်ရှင်းပြဖို့အခွင့်အရေး မရှိဘူးလေ။ အချိန်ကပဲ အဖြေပေးသွားမှာပါ”တဲ့။

trend.com.mm

ကျောင်းသားများ၏ တောင်းဆိုချက်အားလုံး မူအားဖြင့်သဘောတူညီမှုရ



တောင်းဆိုချက်များ သဘောတူညီချက်ရသော်လည်း သပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်မည်ဟု ကျောင်းသားခေါင်းဆောင်အချို့ဆို


လေးပွင့်ဆိုင်ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံဖြေကြားနေစဉ် (ဓာတ်ပုံ − နေလင်းထွန်း)
အမျိုးသားပညာရေးဥပ ဒေပြင်ဆင်ရေးလေးပွင့်ဆိုင်ဆွေး နွေးပွဲတွင် သပိတ်မှောက်ကျောင်း သားများတောင်းဆိုသောအချက် (၁၁)ချက်ကို မူအားဖြင့် ညှိနှိုင်းသ ဘောတူညီမှုရရှိခဲ့သည်။

အစိုးရ၊ လွှတ်တော်၊ သပိတ် မှောက် ကျောင်းသားခေါင်း ဆောင်များနှင့် ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)တို့သည် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်တွင် နံနက် ၉ နာရီခွဲမှ ည ၇ နာရီအထိ ဆွေးနွေးခဲ့ကြပြီး ကျောင်းသားများ၏ တောင်းဆိုချက်များအား ဆွေးနွေးညှိနှိုင်းသဘောတူညီခဲ့ကာ ဖေဖော်ဝါရီ ၁၆ ရက်တွင်လွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ပညာရေးလေးပွင့်ဆိုင်ဆွေး နွေးပွဲတွင် တောင်းဆိုချက်များ အားလုံးကို ညှိနှိုင်းသဘောတူညီ ခဲ့ကြသော်လည်း ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ မှ ကျောင်းသားသပိတ်ခေါင်း ဆောင်များက လမ်းလျှောက်ချီ တက် ဆန္ဒပြမှု ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲရလဒ် အား သပိတ်မှောက်စစ်ကြောင်း များနှင့် ဆွေးနွေးသွားမည်ဖြစ် ကြောင်းဆိုသည်။

လက်ရှိအခြေအနေအရ သ ပိတ်စစ်ကြောင်းများသည် ရန်ကုန် မြို့သို့ ၀င်ရောက်မည်မဟုတ် သော်လည်း ဖေဖော်ဝါရီ ၁၄ရက် အထိ ဆက်လက်ချီတက်နေမည် ဖြစ်ပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပြဋ္ဌာန်းပြီးမှသာ သပိတ် လှန်သွားမည်ဖြစ်ကြောင်း ဒီမိုက ရေစီပညာရေးလှုပ်ရှားမှု ဦး ဆောင်ကော်မတီကဆိုသည်။

‘‘ဒီနေ့ရထားတဲ့ ရလဒ်တွေ၊သဘောတူညီချက်တွေကို သပိတ်စစ်ကြောင်းတွေဆီ ပြန်သွားပြီး တင်ပြမှာဖြစ်ပါတယ်။အဲဒီမှာ ကျောင်းသားတွေနဲ့ ထပ်မံဆွေးနွေးပြီးတော့ ၁၄ ရက်နေ့ ဒီမှာ ပြန်တွေ့တဲ့အခါ ရလာတဲ့ ရလဒ်တွေကို ထပ်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်’’ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုဇေယျာလွင်က ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မူအရသဘောတူညီခဲ့သောအချက်များအားလုံးကို လေးပွင့်ဆိုင်အဖွဲ့က လုပ်ငန်းအဖွဲ့ များဖွဲ့၍ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဥပဒေပြင်ဆင်ရေး အသေး စိတ်ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ပြီး ကျောင်းသားများ ၏တောင်းဆိုချက်များ အမြန်ဆုံးဖြစ်လာမည်ဟု မျှော်လင့်ကြောင်း လွှတ်တော်ဘက်မှ ဦးဆောင်တက်ရောက်သူဦးသိန်းဆွေကပြောသည်။

‘‘လွှတ်တော်ရဲ့ လုပ်ငန်းစဉ်ကတော့ ဒီဥပဒေကို အမျိုးသားလွှတ်တော်ဖြစ်စေ၊ပြည်သူ့လွှတ်တော်ဖြစ်စေ တင်ရမယ်။အဲ့ဒီမှာ ဆွေးနွေးပြီးရင် အမျိုးသားလွှတ် တော်ကိုပြန်တင်၊ ပြီးရင် ပြည်သူ့လွှတ်တော်ကိုတင်ပြီးတော့မှ အားလုံးတူညီတဲ့အချက်ကို ပြည်ထောင်စုလွှတ်တော်က သဘောတူညီတယ်လို့ သဘောထားရပါတယ်။မတူညီတဲ့ အချက်တွေကို ဆွေးနွေးညှိနှိုင်းလိုက်မယ်ဆိုရင် ဥပဒေတစ်ခုဖြစ်သွားမှာပါ။ဒီအချက်တွေက အများကြီးမရှိတဲ့အတွက် အမြန်ဆုံးဖြစ်သွားမယ်လို့ ထင်ပါတယ်။၁၄ ရက်နေ့မှာ ဆွေးနွေးမယ်။၁၅ ရက်နေ့ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ၁၆ ရက်နေ့ကို လွှတ်တော်အရောက် ဦးတို့က ယူသွားပါမယ်’’ဟု လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေက ဆိုသည်။ တတိယ အကြိမ်မြောက်လေးပွင့်ဆိုင်ဆွေးနွေးပွဲသဘောတူညီမှုအရ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့် လေးရက်အတွင်း မူအရသဘောတူညီချက်များ ထည့်သွင်း၍ လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၊ စိန်ရတု ခန်းမတွင် ပြုလုပ်သော ဆွေးနွေးပွဲထက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြုလုပ်သော ဆွေးနွေးပွဲရလဒ်က ပိုမိုကောင်းမွန်ခဲ့ပြီး သဘောတူညီချက်များ ထွက်ရှိလာခဲ့သော်လည်း သပိတ်စစ်ကြောင်းများ ရပ်ဆိုင်းရေး အစိုးရတောင်းဆိုချက်မှာ ဝေးကွာနေဆဲဖြစ်သည်။

‘‘သဘောတူညီချက် ရရှိပြီးတဲ့နောက် ကျောင်းသားများရဲ့ တောင်းဆိုချက်များ ပြည့်ဝလာမှာ ဖြစ်သလို သပိတ်မှောက်ဆန္ဒပြမှုများလည်း ရုပ်သိမ်းကြတော့မှာ ဖြစ်ပါတယ်။ ပူးတွဲကြေညာချက်ကို အားလုံးသဘောတူညီပြီးရင် တရားဝင် ထုတ်ပြန်မှာဖြစ်ကြောင်းသိရှိရပါတယ်။နိုင်ငံရေးအကျပ်အတည်း အဆင့်အထိ မရောက်ရှိအောင် ဆွေး နွေးညှိနှိုင်းခဲ့ကြတဲ့ လေးပွင့်ဆိုင်မှာ ပါဝင်ခဲ့ကြသူများ၊ ပံ့ပိုးကူညီခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ The Culture of Comp-romise ဒိုင်ယာလော့ခ်ယဉ်ကျေးမှုနဲ့ စာမျက်နှာသစ်တွေ ဆက်လက်ဖွင့်လှစ်သွားကြဖို့ပဲ ရှိပါတော့တယ်’’ဟု နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသား ထားသည်။

ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြုလုပ်ခဲ့သော အထက်ပါပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရဘက်က သမ္မတရုံးဝန်ကြီးဦးအောင်မင်းအစား သမ္မတရုံးဝန်ကြီးဦးလှထွန်းနှင့် ပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီတို့ ဦးဆောင်တက်ရောက်ခဲ့ပြီး လွှတ်တော်၊NNER နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ယခင်ဦးဆောင်သူများ ဆက်လက်တက်ရောက်ခဲ့သည်။

နောက်ဆုံးရရှိသောသတင်း များအရ သဘောတူညီချက်ရ  သော်လည်း သပိတ်စစ်ကြောင်း များရပ်မည်မဟုတ်ဘဲ ဆက်လက် လမ်းလျှောက်သပိတ်မှောက်မည် ဟု သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တစ်ဦးကဆိုသည်။

‘‘သဘောတူညီမှုရပေမယ့် အစိုးရရဲ့ သဘာတူညီချက်ကို ယုံကြည်မှုမရှိဘူး။ ကျွန်တော်တို့က သဘောထားကြီးစွာနဲ့ စောင့် ကြည့်နေပါတယ်။ အရင်တစ်ခါ ဆွေးနွေးပွဲစတင်တဲ့နေ့မှာ လမ်း မလျှောက်ပါဘူးလို့ ကတိပေး ထားတာကို သူတို့က ကျွန်တော် တို့တည်းတဲ့ဘုန်းကြီးကျောင်းကို ဖိအားပေးတယ်။ သေချာခိုင်မာ တဲ့ ကတိ၊ သဘောတူညီချက်ရမှ ဘာဆက်လုပ်ရမယ်ဆိုတာ ပြော နိုင်မယ်။ ၁၄ ရက်နေ့မှာလည်း ရန်ကုန်ကို မ၀င်ပါဘူးဆိုတာကျွန် တော်တို့ လမ်းလျှောက်နေတာ လည်း ၁၄ရက်နဲ့မရောက်နိုင်ဘူး။  သေချာတာကတော့ ဘာမှမခိုင် မာသရွေ့တော့ လမ်းလျှောက်နေ ဦးမယ်။ မနက်ဖြန်မှာပေါင်းတည် အထိ လျှောက်သွားမှာပါ။ လွှတ် တော်ကသဘောတူညီချက်ပေး တဲ့အထိ စောင့်ကြည့်ပြီး လုပ် ဆောင်သွားမယ်’’ ဟု သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသီ ဟ၀င်းတင်ကပြောသည်။

မန္တလေးမှ ရန်ကုန်သို့ ချီ တက်လာပြီး ရွှေတောင်မြို့သို့ ရောက်နေသော ပင်မသပိတ်စစ် ကြောင်းမှ ကျောင်းသားများသည် လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်ပြီး ယမန်နေ့ည ၈ နာရီခွဲမှ  ၁၀ နာရီခွဲအထိ ရွှေတောင်မြို့တွင် အစည်းအဝေးပြုလုပ်ရာ ထိုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် ဆွေးနွေးပွဲတွင်သပိတ်များရပ်ဆိုင်းရန် အခက်အခဲရှိကြောင်း အသိအမှတ်ပြုသည် ဆိုသော အချက်အပေါ်တွင်အားလုံးက သဘောတူခဲ့သည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ သဘောတူညီချက်များ

ကျောင်းသားများတောင်းဆိုချက်များကို အောက်ပါအတိုင်းမူအားဖြင့် ညိုနှိုင်းသဘောတူလိုက်ခြင်းဖြစ်ပြီး အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းရေးဆွဲရာတွင် လေးပွင့်ဆိုင်မှ ကိုယ်စားလှယ်များ ညှိနှိုင်းရေးဆွဲမည်ဖြစ်သည်။

(၁) ပညာရေးမူဝါဒနှင့် ဥပဒေ များ၊ နည်းဥပဒေများ၊ ဆက်စပ် ဥပဒေများ ရေးဆွဲရာတွင် ကျောင်း သား၊ ကျောင်းသူ  ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမကိုယ်စားလှယ်များပါဝင်ရန်။
(၂) အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် အသိအမှတ်ပြုရေးကို ဖြည့်စွက်ရန်။
(၃) အမျိုးသားပညာရေးဥပဒေတွင်ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စနှင့် ပတ်သက်၍ ပယ်ဖျက်ရန်။
(၄) ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြုရန်။
(၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်။
(၆) ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ် တိုင် လေ့လာစူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်။
(၇) တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့် နှင့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ် (mother tongue based multi-lingual education) ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန်ကိစ္စနှင့်ပတ်သက်၍  မိခင်ဘာသာစကားအသုံးပြုသင်ကြားရေး (Me-dium of instruction) အဖြစ် ဆောင်ရွက်ရန်။
(၈) မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင် ပညာရေး (Inclusive education) ဆောင်ရွက်ရန်။
(၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရ သည့် ကျောင်းသားများ ကျောင်း ပြန်လည် တက်ရောက်ခွင့်ပြုရန်
(၁၀) နိုင်ငံ၏ ပညာရေးရင်းနှီးမြှုပ်နှံမှုကို ငါးနှစ်အတွင်း တစ်နိုင်ငံ လုံး အသုံးစရိတ်၏ အနည်းဆုံး ၂၀% ရောက်ရှိရန် ရည်မှန်းချက် ထား၍ နှစ်စဉ်တိုးမြှင့်သုံးစွဲရေးအတွက် ဥပဒေတွင် ထည့်သွင်းရန်။
(၁၁) အခမဲ့ မသင်မနေရ ပညာ ရေးစနစ်ကို မူလတန်းအဆင့်သာ မက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေး ဆောင်ရွက်ရန်။

အခြားသဘောတူညီချက်များမှာ

လေးပွင့်ဆိုင်အဖွဲ့သည် ယင်းသဘောတူညီချက်များကို အောင်မြင်ပြီးဆုံးချိန်အထိ အတူတကွဆောင်ရွက်ရန် ကတိက၀တ်ပြုသည်။
လေးပွင့်ဆိုင်းအဖွဲ့အနေဖြင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက သက်ဆိုင်ရာကျောင်းသားထုအပေါ် တာဝန်ခံရသည့်အတွက် သပိတ်များကို ရပ်ဆိုင်းရန် အခက်အခဲရှိကြောင်းအသိအမှတ်ပြုသည်။
အုပ်ချုပ်ရေးပိုင်းမှ စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အခြားရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်သည့် စိုးရိမ်မှုရှိကြောင်းကို အသိအမှတ်ပြုသည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးနေစဉ်ကာလအတွင်း လေးပွင့်ဆိုင်အဖွဲ့က စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေး၍ မလိုလားအပ်သောအခြေအနေများမှ ရှောင်လွှဲနိုင်အောင် ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်သဘောတူကြသည်။

7day daily

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်မရှိတော့


ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်းကို ပယ်ဖျက် ပေးရန် ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပထမဆုံး အကြိမ် ဆန္ဒထုတ်ဖော်နေကြစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 နိုင်ငံတော်သမ္မတ၏ ဖေဖော်ဝါရီ ၁၁ရက်ထုတ်ပြန်ချက် အရ ယာယီသက်သေခံလက်မှတ် (White Card)များ၏ သက်တမ်း ကုန်ဆုံးရက်မှာလာမည့်မတ်လ ၃၁ရက်ဖြစ်ပြီး ၀ှိုက်ကတ်ကိုင် ဆောင်သူများ မဲပေးခွင့်မရှိတော့ သလို တရားဝင်တော့မည်မဟုတ် ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

‘‘တစ်နိုင်ငံလုံးမှာရှိတဲ့ ၀ှိုက်ကတ်တွေ မတ်လနောက်ပိုင်းဆို ရင်တရားမ၀င်တော့ဘူး။ မဲပေး ခွင့်လည်း မရှိတော့ဘူး။ အဲဒါတွေ ပြန်အပ်ပြီးရင် သူတို့မှာ ဘာကတ် မှမရှိတော့ဘူး။ ဒီကြားထဲမှာ အ သိအမှတ်ပြု ကတ်ပြား လိုချင် တယ်ဆိုရင်တော့ နိုင်ငံသားဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စိစစ် ခြင်းခံရမယ်။ ဥပမာ ရိုဟင်ဂျာဆို ပြီး စိစစ်ခံရင်တိုင်းရင်းသားထဲမှာ မရှိတဲ့အတွက် အကျုံးဝင်မှာမ ဟုတ်ဘူး’’ဟု နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးကဆို သည်။

သက်တမ်း ကုန်ဆုံးသည့် ၀ှိုက်ကတ်များကို ၂၀၁၅ မေလ ၃၁ ရက် နောက်ဆုံးထား၍ အပ်နှံ ရမည်ဖြစ်ပြီး ၁၉၅၁ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ၏ ပြဋ္ဌာန်းချက်နှင့်အညီ အပ်နှံခြင်း၊ စိစစ်ခံယူခြင်းတို့ကို နည်းလမ်းတကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘ချက်ချင်းဖော်လိုက်တယ်။ ချက်ချင်းရပ်လိုက်တယ်။ ပြဿ နာကိုဖြေရှင်းတဲ့နည်းလမ်းတစ်ခု ပဲ။ စိုးရိမ်စရာကိစ္စတစ်ခုလည်း ပေါ်လာတယ်။ ပေါ်လာပြီးတော့ စိုးရိမ်စရာ အနေအထား လျော့ အောင်လုပ်လိုက်တဲ့အတွက် ကြို ဆိုပါတယ်’’ဟု ရခိုင်အမျိုးသားပါ တီဗဟိုအလုပ်အမှုဆောင်ဦးလှ စောကပြောသည်။

ယာယီသက်သေခံ လက် မှတ်နှင့်စပ်လျဉ်း၍ ရဟန်းရှင်လူ ပြည်သူ အပေါင်းက ဝေဖန်သုံး သပ်မှုများရှိနေသည့်အတွက် ယာ ယီသက်သေခံလက်မှတ်နှင့် စပ် လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေ များနှင့် ဆက်စပ်ကိစ္စရပ်များလေ့ လာသုံးသပ်အကြံပြုရေးကော်မ ရှင်ကို ပညာရှင်များ၊ ပါဝင်ထိုက် သည့်ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းတာ ၀န်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘၀ှိုက်ကတ် မရှိတော့ဘူး။ ဘာကတ်မှမရှိရင် ဘယ်လိုလုပ်မ လဲဆိုတဲ့ စည်းမျဉ်းစည်းကမ်းအ ကြံပြုချက်တွေအတွက်ကော်မ ရှင်ဖွဲ့စည်းပြီးတော့ ဆွေးနွေးသွား မယ်။ ဘယ်ထဲမှ မပါတဲ့လူတွေက အကျိုးဆက်ဘာတွေဖြစ်နိုင်လဲ။ ဒါတွေက သက်ဆိုင်ရာပညာရှင် တွေနဲ့ ဆွေးနွေးရမယ်’’ ဟု နိုင်ငံ တော်သမ္မတရုံးမှ အကြီးတန်းအရာရှိကဆက်လက်ပြောသည်။

7day daily

Facebook မှာ အရက်မူးနေတဲ့ ပုံတွေ တင်မရအောင် Facebook က ဖန်တီး



Facebook က နည်းပညာ တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ယင်းကတော့ အရက်မူးနေတုန်း ပုံတင်လို့မရအောင် ဖြစ်ပါတယ်။ အရက်တော့ မမူးတော့ဘူး။ ဒါပေမယ့် ရိုက်ထားတဲ့ ပုံက မူးနေတဲ့ ရုပ်နဲ့ ဖြစ်နေရင် Facebook ပေါ် မရောက်ရှိအောင် ဖြစ်ပါတယ်။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ယင်းအတွက် လက်ရှိ Facebook မှာ အသုံးပြုနေတဲ့ မျက်နှာ ခွဲခြမ်းစိတ်ဖြာ လေ့လာ နည်းပညာကိုပဲ ထပ်မံ အဆင့်မြင့်တင်လိုက်ခြင်း ဖြစ်ပါတယ်။

လူတို့ရဲ့ မျက်နှာအနေအထားများကို တစ်ယောက်ချင်းစီ ကနေ လေ့လာ ယူထားပါမယ်။ သူတင်နေကျ အရင်ပုံတွေကနေ ရမယ့် မျက်နှာအသွင်အပြင်ကို မှတ်ထားပြီး ကိုယ်တိုင်လိုက်တဲ့ နောက်ထပ် ပုံတစ်ပုံပုံက အရင်လို မဟုတ်ပဲ အရက်မူးနေတဲ့ ပုံစံ ပေါက်နေရင် ယင်းပုံကို တင်ခွင့်မပေးတာမျိုး ဖြစ်ပါတယ်။ မျက်နှာ တစ်ခုတည်းကို မက ပတ်ဝန်းကျင်ကိုလည်း လေ့လာပါအုံးမယ်။ ဒီတော့ Facebook ပေါ်မှာ ကိုယ့်ရဲ့ ဘော့စ်၊ အဖေ၊ အမေ တို့ ရှိနေလည် စိတ်မပူရတော့ ပါဘူး။

နောက်ထပ် နည်းပညာ ကတော့ Facebook ပေါ်မှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်ချက် တွေပေါ်မှာ မူတည်ပြီးတော့ သူလိုချင်တဲ့ Update / News Feed တွေပဲ ပေးစေမယ့် နည်းပညာ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းဟာလည်း အသစ်တော့ မဟုတ်ပါဘူး။ Facebook က ယခု အသုံးပြုနေပြီးသား ဖြစ်ပြီး ယင်းထက် ပိုပြီးတော့ ဥာဏ်ရည်မြင့်တဲ့ နည်းပညာကို ကြိုးစားဖန်တီးခြင်း ဖြစ်ပါတယ်။ အနာဂတ်မှာ Facebook အနေနဲ့ လူသားတို့ အတွက် ဒီဂျစ်တယ် လက်ထောက်တစ်ခု အနေနဲ့တောင် ရှိအောင် ဖန်တီးမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး) 

ကျော်ပိုးအိတ် သို့မဟုတ် မိမိလက်ကိုင်အိတ်ကို အမြဲ သန့်စင်ပေးသင့်



မိမိကြောပိုးအိတ် သို့မဟုတ် လက်ကိုင်အိတ်ရဲ့ လက်ကိုင်ကြိုးတွေကို အထူး ဂရုစိုက်ပေးသင့်တယ်။ ၄င်းတို့ကို အိပ်ယာပေါ် သို့မဟုတ် မီးဖိုချောင်တွေမှာ မထားသင့်ဘူး။ ဒါ့အပြင် သွားလေရာကို ကိုယ်နဲ့မကွာယူကြတာမျိုး၊ သန့်စင်ခန်းကြမ်းပြင်တွေမှာချထားတာမျိုးတွေ  မလုပ်သင့်ပါဘူး။

အိတ်ပေါ်ကပ်နေတဲ့ staphylococcus၊ ဗိုင်းရပ်စ်၊ fomites နဲ့ ကူးစက်ရောဂါဖြစ်ပွားစေနိုင်တဲ့ microbes ကဲ့သို့သော အရေပြားပေါ်က ဘက်တီးရီးယားတွေ ဖယ်ရှားဖို့ ပိုးသတ်ထားတဲ့ အဝတ်စလေးတွေနဲ့ တစ်ပတ်တစ်ကြိမ် အထူးသတိထား သုတ်သင် သန့်ရှင်းပေးသင့်ပါတယ်။

သားရေသားတွေ ပျက်စီးသွားမှာစိုးရိမ်တယ်ဆိုရင်တော့ အားလုံးတစ်ခါတည်း မသုတ်သေးခင် အစမ်းသဘောနဲ့ အကွက်သေးလေး တစ်နေရာကို အရင် စမ်းသုတ်ကြည့်လိုက်ပါ။

Ref: DailyMail
trend myanmar


သတ္တု ကြိုးပါတဲ့ ဘရာစီယာ အောက်ခံကြောင့် အမျိုးသမီးတစ်ဦး ကျည်ဆံမှန်ခဲ့ပေမယ့်လည်း မသေဘဲ အသက်ချမ်းသာရာရခဲ့

 
RIO DE JANEIRO (AP)သတင်းဌာနမှ သတင်းတစ်ရပ်အရ ဘရာဇီးနိုင်ငံ သတင်းထုတ်ပြန်ချက် တစ်ရပ်မှာ သတ္တု ကြိုးပါတဲ့ ဘရာစီယာဟာ သူ့ဆီ လလာတဲ့ ကျည်ဆံနှင့် ထိမိခဲ့သော်လည်း အသက်ချမ်းသာရာ ရခဲ့တယ်လို့ သိရပါတယ်။

 IveteMedeiros ဆိုသူ အမျိုးသမီးဟာ Amazonian မြို့က ကုန်သည်တစ်ဦးဖြစ်ပြီး ဈေးတစ်ခုထဲ ရောက်နေတဲ့အချိန်မှာ အပြက်ဖက်က ဆူညံသံတွေကြားပြီး ထွက်ကြည့်ရကနေ လမ်းတစ်ဖက်ခြမ်းကေ လမ်းသွားလမ်းလာတစ်ဦးကို ချုပ်ထားတဲ့ သူခိုးတစ်ယောက်မှ ပစ်လိုက်တဲ့ ကျည်ဆံနဲ့ ထိမှန် သွားခဲ့ရတာပါ။

ထိမှန်သွားခဲ့တဲ့ အချိန်မှာသူမရဲ့ ယောင်္ကျားဖြစ်သူက သူမကိုသေပြီလို့ ထင်ခဲ့သော်လည်း ကံကောင်းစွာနဲ့ပဲ သူမ အသက်ရှင်သန်ခဲ့ရပါတယ်။

"ဒါ ကျွန်မကို ဘုရားသခင်က ကယ်တင်ပေးခဲ့တာပါ" လို့ Medeiros မှ သတင်းဌာနကို ပြောကြားခဲ့ ပါတယ်။

Ref:huffingtonpost.com
trend.com.mm