ပရိသတ်များအတွက် ၂၀၁၅ နှစ်သစ်လက်ဆောင်အနေ ဖြင့် စစ်သီချင်းကို အွန်လိုင်းမှ ယနေ့ စတင်ဖြန့်ချိပေးမည်ဟု ဖြူဖြူကျော်သိန်းက ပြောသည်။ ‘‘ဒီသီချင်းကို You Tube မှာ အမ်စတာဒမ်ပွဲတုန်းကဆိုထား တာကို ပရိသတ်တွေတော်တော် ကြိုက်ကြတယ်။ အဲဒီတုန်းက တော့ အယ်လ်လွန်းဝါနဲ့ဆိုထား တာ။ အခုက နာမည်ကျန်နေရစ် မယ်အခွေမှာပါမယ့်တစ်ယောက် တည်းဆိုထားတဲ့ဗားရှင်းနဲ့ဖြန့်ပေး မှာပါ’’ဟု ၎င်းက ပြောသည်။ ယင်းသီချင်းသည် ငြိမ်းချမ်း ရေစးနှင့်သက်ဆိုင်သည့် သီချင်း တစ်ပုဒ်ဖြစ်သောကြောင့် နှစ်သစ် တွင် ငြိမ်းချမ်းရေးအတွက် ဆော် ဩပေးသည့်သဘောပင် ဖြစ် ကြောင်း ဖြူဖြူကျော်သိန်းက ပြောသည်။ ‘‘နာမည်ကျန်နေရစ်မယ်’’ တစ်ကိုယ်တော်ခွေကို မကြာမီ လပိုင်းအတွင်း ဖြန့်ချိပေးနိုင်ရန် ကြိုးစားနေပြီး အချောသပ်ပိုင်း ကျန်နေသောကြောင့် မထွက်နိုင် ခြင်းဖြစ်သည်ဟု ဆိုသည်။ ‘‘ဓာတ်ပုံတွေတောင်ရိုက်ပြီး သွားပြီ။ အချောသပ်တဲ့အပိုင်း အတွက် ဆရာချစ်စမ်းမောင်ဆီ က ဒိတ်ရအောင်စောင့်နေရတာ။ လောလောဆယ် ဆယ်ပုဒ်ကို လေးပုဒ်ပဲပြီးသေးတယ်။ နောက် နှစ်လလောက်အတွင်း ထွက်နိုင် အောင်တော့ ကြိုးစားနေတယ်’’ ဟု ဖြူဖြူကျော်သိန်းက ပြော သည်။
http://7daydaily.com/story/28303#.VKT4unsfzIU
အပြည့်အစုံသို့ »
ကမ္ဘာကျော်အမေရိကန် အဆိုတော်စုံတွဲ ဘီယွန်စေးနှင့် ဂျေးဇီးတို့သည် ကိုယ်ပိုင်လေယာဉ် ဖြင့် ပုဂံသို့ နေ့ချင်းပြန်ခရီးအဖြစ် ဒီဇင်ဘာ ၃၀ ရက်က လာ ရောက်လည်ပတ်ခဲ့သည်။ ညောင်ဦးလေဆိပ်သို့ နေ့ လယ် ၁ နာရီခွဲတွင် ရောက်ရှိခဲ့ပြီး ၎င်းတို့နှင့်အတူ အမျိုးသမီးလေး ဦးနှင့် အမျိုးသားတစ်ဦးပါဝင်ကာ ICS ခရီးသွားကုမ္ပဏီအစီအစဉ် ဖြင့် လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ ညောင်ဦးလေဆိပ်မှတစ် ဆင့် အပယ်ရတနာဘုရားသို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုမှ တစ်ဆင့် စက်ဘီးများစီး၍ မြင်းက ပါရွာကိုဖြတ်ကာ ရွှေဆံတော်ဘုရားသို့ သွားရောက်လေ့လာခဲ့သည်။ ထို့နောက် စက်ဘီးများစီး ကာ ဓမ္မရံကြီးဘုရားနှင့် အာနန္ဒာ ဘုရားများသို့ သွားရောက်ခဲ့ပြီး အာနန္ဒာဘုရားမှတစ်ဆင့် ထီးလို မင်းလိုဘုရားသို့ ကားဖြင့်သွား ရောက်လည်ပတ်ခဲ့ကြောင်း အတူ လိုက်ပါကူညီခဲ့သော ကမ္ဘာလှည့်ခရီးသွားရဲတစ်ဦးက ပြောသည်။ ‘‘သူတို့ကို ထီးလိုမင်းလိုဘု ရားမှာတွေ့လိုက်တယ်။ အစ်ကို့ ဧည့်သည်က အမေရိကန်တွေဆို တော့ သူတို့ကို ဓာတ်ပုံလှမ်းရိုက် တော့ သူတို့က မရိုက်ဖို့တား တယ်။ သူတို့လာတာကို မသိစေ ချင်ဘူးထင်တယ်’’ဟု ပုဂံဒေသ၏ ၀ါရင့်ဧည့်လမ်းညွှန် ဦးဇော်ဝင်းချို က ပြောသည်။ ညနေ ၅ နာရီတွင် ညောင်ဦး လေဆိပ်မှ ထိုင်းနိုင်ငံ ဖူးခက်သို့ တိုက်ရိုက်ပြန်သွားကြောင်း ယင်း ခရီးစဉ်တွင် လိုက်ပါခဲ့သူတစ်ဦး က ပြောသည်။ ‘‘၁၀ နာရီလောက်ကဖြစ် မယ်ထင်တယ်။ Special Flight နဲ့ လာတာထင်တယ်။ သူတို့က လေယာဉ်ပေါ်ကတောင် မဆင်းဘူး။ လက်တော့ပြသွားတယ်။ ပုဂံကို ဆက်သွားမယ်ဆိုတာကိုပဲ သိ တယ်’’ဟု မြန်မာ့လေကြောင်း လိုင်းခရီးသည်ဝန်ဆောင်မှုဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။ ကမ္ဘာကျော် ရက်ပ်အဆို တော် ဂျေးဇီး နှင့် ပေါ့ပ်အဆိုတော်ဘီယွန်စေး တို့သည် ခရစ္စမတ်နေ့ မတိုင်မီကတည်းက ထိုင်းနိုင်ငံဖူး ခက်သို့ အလည်အပတ်ခရီး ရောက်ရှိ နေခဲ့ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံနှင့် အာရှနိုင်ငံများတွင် ဇန်န၀ါရီ ၄ အထိရှိနေနိုင်ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဘီယွန်စေး၏ Singlr Ladies,Halo, Crazy In Love သီချင်းများ သည် ၎င်း၏ အောင်မြင်သော သီ ချင်းများဖြစ်ပြီး မြန်မာပရိသတ် များလည်း အကြိုက်တွေ့ခဲ့သည်။ ၂၀၀၁ မှ ၂၀၁၄ အထိ ဂရမ်မီဆုတံဆိပ်ပေါင်း ၁၇ ဆုရရှိခဲ့သူ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၀၈ တွင် လက်ထပ်ပြီး BlueIvy Carter အမည်ရှိ သမီး တစ်ဦးကို ၂၀၁၂ က မွေးဖွားခဲ့သည်။ ကမ္ဘာကျော် ရက်ပ်အဆိုတော် ဂျေးဇီးသည် Can I Get A, Wishing On A Star, The City Is Mine အစရှိသော သီချင်းများဖြင့် အောင်မြင်ခဲ့ပြီး ၁၉၉၉ မှ ၂၀၁၄ အထိ ဂရမ်မီ ဆုတံဆိပ်ပေါင်း ၁၉ ဆုအထိ ရရှိ ထားသူ ဖြစ်သည်။
7day daily
http://7daydaily.com/story/28232
အပြည့်အစုံသို့ »
အကယ်ဒမီဆုနှင့် လွဲ ချော်ခဲ့ရသော နေတိုးက အကယ် ဒမီပွဲတက်နေစဉ်တစ်လျှောက် လုံး ခံစားချက်သုံးမျိုး ခံစားခဲ့ရ ကြောင်း ပြောကြားသည်။
‘‘ပွဲကို ကျွန်တော်ပြန်သုံးသပ် ပေးရရင်တော့ ပထမပိုင်းမှာ ပျော်စရာကောင်းနေတယ်။ ဒုတိယ ပိုင်းမှာ အရမ်းဝမ်းသာဖို့ ကောင်း တယ်။ နောက်ဆုံးမှာတော့ ရယ် စရာကောင်းနေပါတယ်။ ဒါကျွန် တော့် ခံစားမှုပါ’’ ဟု နေတိုးက ၎င်း၏ အကယ်ဒမီ ခံစားချက်ကို ပြောသည်။
ယခုနှစ် အကယ်ဒမီပေးပွဲ တွင် ထူးချွန်ဆုပေးချိန်၌ အနု ပညာရှင်အားလုံး၏ ပျော်ရွှင်စရာ များကြောင့် ပျော်ရွှင်သည့်စိတ် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယပိုင်း ဒါရိုက် တာများပေးအပ်ချိန်ထိ ၀မ်းသာ ခဲ့ရကြောင်းနှင့် နောက်ဆုံးဆုကြေ ညာချိန်တွင် ရယ်စရာကောင်းခဲ့ ကြောင်း သရုပ်ဆောင်နေတိုးက ပြောသည်။
‘‘ကျွန်တော်ပြောတာကို ပရိ သတ်တွေလည်း ကိုယ်တိုင်ခံစား ရမယ်လို့ ထင်ပါတယ်’’ ဟု ဆို သည်။
အကယ်ဒမီပေးပွဲတွင် ဆု နှင့် လွဲချော်ခဲ့ရပြီး ဆုမရရှိမှန်းကို ပွဲချိန်တစ်ဝက်ကျိုးကတည်းက ကြိုတင်သိရှိနေခဲ့ကြောင်း နေ တိုးက ပြောသည်။
အတတ်ပညာပိုင်းဆိုင်ရာ ဆုများ မချီးမြှင့်ခဲ့သည်ကို သ ဘောမကျကြောင်းဆိုသည်။
ဇာတ်ကားများ ရိုက်ကူးရာ တွင် အကယ်ဒမီဆုကို မျှော်မှန်း ၍ ရိုက်ကူးခဲ့ခြင်းမဟုတ်ဘဲ ရှေ့နှစ်များတွင်လည်း ဆုရသည်ဖြစ် စေ၊ မရသည်ဖြစ်စေ ဇာတ်ကား များကို ရသစုံအောင် ရိုက်ကူး သွားမည်ဖြစ်ကြောင်း၊ အားပေး သည့် ပရိသတ်များကိုလည်းအလွန်မမျှော်လင့်စေလိုကြောင်း သတင်းစကားပါးခဲ့သည်။
၂၀၁၃ အတွက် အကယ် ဒမီဆုပေးပွဲတွင် အမျိုးသား ဇာတ်ဆောင်ဆုအတွက် ပြိုင်ဆိုင် မှုပြင်းထန်ခဲ့ပြီး အကယ်ဒမီဆုကို နင်စေရင်ဇာတ်ကားဖြင့် သရုပ် ဆောင်ပြေတီဦး ရရှိခဲ့သည်။
အကယ်ဒမီနေတိုးသည် အဖြူရောင်ရဲတိုက်၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်းနှင့် စုန်း ပြူးဇာတ်ကားတို့ဖြင့် ပရိသတ်၏ တစ်ပေးခြင်းခံခဲ့ရသည်။
http://7daydaily.com/
အပြည့်အစုံသို့ »