ဂျပန်ဓားစာခံများကို သတ်ပစ်မည်ဟု အိုင်အက်စ်အဖွဲ့ ခြိမ်းခြောက်

ပို့စ်တင်ချိန် - 9:32 AM


ဂျပန်ဓားစာခံနှစ်ဦး ကင်ဂျီဂိုတို(ဝဲ)နှင့် ယူကာဝါတို့အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသော အိုင်အက်စ်အဖွဲ့၏ အယ်လ်ဖာကန် မီဒီယာက ထုတ်ပြန်ထားသည့် ဗီဒီယိုမှ ရယူထားသောပုံကို တွေ့ရစဉ် (AP)
အစ္စလာမ်မစ်နိုင်ငံ တော် (အိုင်အက်စ်) အဖွဲ့ တောင်း ဆိုသော အမေရိကန်ဒေါ်လာ  သန်း ၂၀၀ မပေးလျှင် ဂျပန်ဓား စာခံ နှစ်ဦးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသော ဗီဒီယို တစ်ခုကို ဇန်န၀ါရီ ၂၀ ရက်တွင် အွန်လိုင်း၌ ဖော်ပြသည်။

အိုင်အက်စ်အဖွဲ့ကို တိုက် ခိုက်နေသည့် နိုင်ငံများအား အကူ အညီပေးမည်ဟူသော ဂျပန်အစိုး ရကို မျက်နှာဖုံးနှင့် စစ်သွေးကြွ တစ်ဦးက ယင်းဗီဒီယိုတွင် ဝေဖန် ခဲ့သည်။

ဂျပန်အစိုးရအနေဖြင့် ၇၂ နာရီအတွင်း အမေရိကန်ဒေါ်လာ  သန်း ၂၀၀ ဖြင့် ၎င်းလူနှစ်ဦး မရွေးလျှင် ယင်းလူများကို သတ် ပစ်မည်ဟု အဆိုပါ စစ်သွေးကြွ က ပြောကြားထားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ယင်းဗီဒိယိုကို အတည်ပြု နိုင်ရန် စစ်ဆေးနေပြီး ယင်းမှာ အ စစ်အမှန်ဖြစ်လျှင် အဆိုပါခြိမ်း ခြောက်မှုမှာ ခွင့်လွှတ်နိုင်ဖွယ်မ ဟုတ်ဟု ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးသည် အရှေ့အလယ်ပိုင်းဒေ သသို့ ခြောက်ရက်တာ ခရီးစဉ်အ ဖြစ် လက်ရှိတွင် အစ္စရေးနိုင်ငံ ဂျေရုစလင်မြို့၌ ရှိနေသည်။

သို့ရာတွင် ၀န်ကြီးချုပ်အာ ဘေးသည် အဆိုပါ ဓားစာခံပြ ဿနာ ဖြေရှင်းရန် အရှေ့အလယ် ပိုင်းခရီးစဉ်ကို ဖျက်သိမ်းလိမ့် မည်ဟု ဂျပန် Kyodo သတင်းက ဖော်ပြသည်။

ဂျေရုစလင်မြို့၌ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတစ် ခုတွင် ဂျပန်ဝန်ကြီးချုပ် အာဘေး က ယင်းခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ မခံမရပ်နိုင်ဖြစ်ရပြီး အပြင်းအထန် ဒေါသထွက်မိ သည်ဟု ပြောကြားကာ ယင်းဓား စာခံများကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အရှေ့အလယ်ပိုင်းနိုင်ငံများ သို့ စစ်ရေးမဟုတ်သော အကူအ ညီများ ပေးမည်ဆိုသည့် ဂျပန်အ စိုးရသည် အိုင်အက်စ်များကို တိုက်ခိုက်နေသည့် နိုင်ငံများအား ကန် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ စစ်ရေးနှင့်မပတ်သက်သော အကူအညီများပေးမည်ဟူသော ကတိ နှင့် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခွဲ တန်ဖိုးရှိ စစ်ရေးနှင့် မပတ် သက်သော အခြားအကူအညီများ ပေးမည်ဟု အာဘေးက ဇန်န၀ါရီ ၁၇ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရို မြို့၌ ပြောကြားခဲ့သည်။

—Ref: BBC
http://7daydaily.com/story/29863#.VL8WRkeUewg