မင်းအုပ်စိုး မူးယစ်ဆေးဝါး သုံး၊ မသုံး ဆေးစစ်ထားခြင်း မရှိဟုဆို

ပို့စ်တင်ချိန် - 11:16 AM


 မင်းအုပ်စိုး လူသတ်မှုကျူးလွန်စဉ်က မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိ၊ မရှိ ဆေးစစ်ထား သည်ဟု ပြောဆိုထားသော်လည်း တရားစွဲဆိုသည့်နေ့တွင် ဆေးစစ် ထားခြင်း မရှိသောကြောင့် လူသတ်မှုပုဒ်မဖြင့်သာ တရားစွဲဆိုလိုက်ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးသိန်းဝင်းကပြောသည်။

လူသတ်မှုဖြင့် ဖမ်းဆီးထားသော သရုပ်ဆောင် မင်းအုပ်စိုးကို ဇန်န၀ါရီ ၂၂ ရက်တွင် အ နောက်ပိုင်းခရိုင် တရားရုံး၌ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုလိုက်ပြီး အခင်းဖြစ်ပွားချိန် က မင်းအုပ်စိုး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆေးစစ်ထားခြင်း မရှိကြောင်း ဗဟန်းမြို့နယ် စခန်းမှူး ဒုရဲမှူးသိန်းဝင်းက 7Day Daily အား ပြောသည်။

‘‘မူးယစ်ဆေး စစ်မထားပါ ဘူး။ စစ်ဆေး မပေးဘူးပေါ့၊ သက်ဆိုင်ရာ မှုခင်းဆရာဝန်ကြီး က။ မူးယစ်ဆေးဝါးမှုနဲ့ တရားစွဲ တာ မဟုတ်ဘူးလေ။ လူသတ်မှု နဲ့ တရားစွဲတာ။ အဲဒါကြောင့် ဆေးစစ်မပေးဘူး။ ဒီနေ့ တရားစွဲ တာပါ။ ဖမ်းတုန်းကလည်း ၃၀၂ ပဲ။ စွဲတော့လည်း ၃၀၂ ပဲ’’ ဟု ဒုရဲ မှူးသိန်းဝင်းက ပြောသည်။

မင်းအုပ်စိုးသည် သေဆုံးသူ မဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ် အား ထိုးကြိတ်ရိုက်နှက်စဉ်က သာမန်ထိုးကြိတ်မှု ပြုလုပ်ခြင်း မဟုတ်သောကြောင့် မူးယစ်ဆေး ၀ါးသုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေး ပေးရန် သေဆုံးသူ၏ မိသားစုဝင် များက တောင်းဆိုထားသည်။ ထို သို့ ဆေးစစ်ထားမှုနှင့်ပတ်သက်၍ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး သိန်းဝင်းထံ မေးမြန်းရာ ဆေးစစ်ချက်ပြုလုပ်ထားကြောင်း ပြောကြားထားသည်။

မင်းအုပ်စိုး၏ မူးယစ်ဆေး အဖြေရလဒ်ကို ထုတ်ပြန်ကြေ ညာသွားမည် မဟုတ်ဘဲ တရားရုံး ၌သာ ဖြေကြားသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်း အဖြေ ထွက်ရှိလာပါက အမှုတွဲ၌ထည့် သွင်း၍ တရားစွဲဆိုသွားမည်ဟု ဒုရဲမှူး သိန်းဝင်းက 7Day Dailyအား ပြောဆိုထားဖူးသည်။

‘‘တရားခံဘက်က လုပ်ပေး ဖို့ တောင်းဆိုလည်း လုပ်ပေးလို့ မရပါဘူး။ အရက်သေစာသောက် ထားခြင်း ရှိ၊ မရှိသာ စစ်ဆေးတာ ပါ။ အရက်မူးနေလို့ သတ်မိတာ ပေါ့။ မူးယစ်ဆေးဝါးစစ်ပေးဖို့ တောင်းဆိုလို့ မရဘူး။ လူသတ်မှု နဲ့ တရားစွဲထားတာလေ။ ပုဒ်မ ပြောင်းလို့ မရဘူး’’ ဟု ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က အကြံပြုပြောသည်။ မင်းအုပ်စိုးကို ဇန်န၀ါရီ ၂၂ ရက်တွင် တရားရုံးထုတ် တရားစွဲဆိုခဲ့ပြီး စစ်ဆေးခြင်းမရှိ ဘဲ ဖေဖော်ဝါရီ ၄ ရက်သို့ ရုံးချိန်းလိုက်သည်။

credit to : 7daydaily.com