ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နယ်အတွင်း အသက်မပြည့်သေးသည့် မိန်းခလေးများ နှင့် ငွေကြေးပေး၍ လိင်ဆက်ဆံသူ အရာရှိ-ဘုရားလူကြီးနှင့် လူကြီးပိုင်းများ အားစတင်ဖမ်းဆီး


4-11-2015
ယနေ့ စတင်ဖမ်းဆီးစစ်ဆေးခ့ရတဲ့ သူနှစ်ဦးကတော့ အသက် ၆၀ကျော် ဗိုလ်မှူးကြီးဟောင်းနှင့် ဘုရားလူကြီးတဦးဖြစ်ပါတယ် ၊ ရဲအရာရှိတွေက လိင်ပွဲစားလို အယောင်ဆောင်ပြီး ခလေးပြည့်တန်ဆာ တွေကို လိုက်လန်ဖမ်း ဆီးခဲ့ရာကနေ ခုလို ခလေးငယ်တွေကို တကြိမ်လျှင် ဘတ်ငွေ ၂၀၀၀(ကျပ်ခြောက်သောင်းကျော်) ပေးပြီး တည်းခိုခန်းမှာ လိင်ဆက်ဆံနေကြတဲ့ လူကြီးပိုင်းတွေရဲ့  အမှုတွေကိုဖေါ် ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။



မိန်းခလေးတွေရဲ့  မှတ်မိသမျှဝန်ခံထွက်ဆိုချက်မှာ သူတို့ နဲ့  လိင်ဆက်ဆံ ခဲ့သူတွေ ဟာ လူသိများတဲ့ မြို့ မျက်နှာဖုံး လူကြီးပိုင်း-တက္ကသိုလ် ကျောင်း ဆရာတွေနဲ့  စီးပွားရေး သမားပေါင်း (၄၀)ကျော် ပါဝင်ပါတ်သက်နေတာ ကြောင့် အားလုံး ကို လိုက်လံဖမ်းဆီးသွားမှာဖြစ်တယ်လို့  ရဲတပ်ဖွဲ့ က ရှင်း လင်း ပြောကြားခဲ့ပါ တယ်။


ယနေ့ ဖမ်းဆီးခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း ဟာ တကြိမ်ကို အသက် ၁၃-၁၄ နှစ် သားရှိသေးတဲ့ မိန်းခလေးသုံးဦးခေါ်ယူ ပျော်ပါးခဲ့ကြောင်း ထိုင်းအွန်လိုင်း
Sanook .com သတင်းမှာရေးသားဖေါ်ပြထားပါတယ်။

Social Action for Women - SAW
Community Organization
https://www.facebook.com/permalink.php?story_fbid=1700365953515798&id=1429330840619312
အပြည့်အစုံသို့ »

တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား ဆောက်လုပ်ရာတွင် မြေအောက်ရှိ ပိုက်လိုင်းများနှင့် မလွတ်၍ တစ်နှစ်ခွဲခန့်ကြာမည်ဟု သိရ

တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ်

ရန်ကုန်မြို့တွင် လက်ရှိဘဏ္ဍာနှစ် အတွင်း ဆောက်လုပ်လျက်ရှိသော ခုံးကျော်တံတား သုံးစင်းအနက် တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား ဆောက်လုပ်ရာတွင် မြေအောက်ရှိ ပိုက်လိုင်းများနှင့် မလွတ်၍ လုပ်ငန်းကြန့်ကြာနေပြီး အပြီးသတ် ဆောက်လုပ်နိုင်ရန် တစ်နှစ်ခွဲခန့်ကြာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့၌ တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား၊ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားနှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားများကို သြဂုတ်လ လယ်ပိုင်းတွင် အကြို ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခွင့်ပြုခဲ့ပြီး ယင်းခုံးကျော် တံတားများအား ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်ဖြစ်သော ၂၀၁၆ မတ်လကုန်တွင် အပြီးသတ်ရန် ညွှန်ကြားထားသည်ဟု သိရသည်။

သို့သော် တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားအား ပုံသဏ္ဌာန် ခုံးကျော်တံတား အဖြစ် ဦးချစ်မောင်လမ်းနှင့် ဗညားဒလလမ်းတွင် နှစ်လမ်းမောင်း လေးလမ်းသွားနှင့် ဗညားဒလလမ်းမှ အရှေ့မြင်းပြိုင်ကွင်းလမ်းသို့ တစ်လမ်းမောင်း နှစ်လမ်းသွားအဖြစ် ဆောက်လုပ်မည်ဖြစ်ရာ ထုထည်ကြီးမားသည့် ခုံးကျော်တံတားဖြစ်ခြင်းကြောင့် ယင်းတံတားကို အချိန်ပိုပေးခဲ့ရကြောင်း သိရသည်။

ယင်းတံတား ဆောက်လုပ်ရာတွင် မြေပြင် အခက်အခဲများရှိပြီး မြေအောက်တွင် ၃၀ လက်မ၊ ၄၂ လက်မ ရေပိုက်လိုင်များနှင့် မလွတ်ကင်းသည့် အတွက် ဖယ်ရှား ရှင်းလင်းနေရသဖြင့် ကြန့်ကြာနေရကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ ယင်းခုံးကျော်တံတားမှာ အချိန်တစ်နှစ်ခွဲခန့် ကြာမြင့်နိုင်မည်ဟု သိရသည်။

“ခုံးကျော်တံတားတွေကတော့ ပျမ်းမျှ ၄၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ တာမွေအ၀ိုင်း ခုံးကျော် တံတားကတော့ မြေပြင် အခက်အခဲတွေ ရှိတယ်။ မြေအောက်မှာ ၄၂ လက်မ၊ လက်မ ၃၀ ပိုက်တွေနဲ့ မလွတ်ဘူးလို့ တင်ပြလာတယ်။ ဒါကြောင့် နောက်အစိုးရ လက်ထက်အထိ ကူးသွားနိုင်တယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကျန်ရှိသည့် ကုက္ကိုင်းခုံးကျော် တံတားနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားများမှာမူ တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားလောက် ထုထည်မကြီးမားခြင်းကြောင့် ယခု ဘဏ္ဍာနှစ်ကုန်တွင် အပြီးသတ်နိုင်မည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆိုသည်။

လက်ရှိ ရန်ကုန်မြို့၌ ဆောက်လုပ်လျက်ရှိသော ခုံးကျော်တံတား သုံးစင်းအနက် တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား အတွက် ငွေကျပ် ၂၂ ဒသမ ၅ ဘီလျံ၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားအတွက် ငွေကျပ် ၁၅ ဒသမ ၄ ဘီလျံနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအတွက် ငွေကျပ် ၁၆ ဒသမ ၄၅ ဘီလျံ စုစုပေါင်း ၅၄ ဒသမ ၃၅ ဘီလျံ အသုံးပြုရန် လျာထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းများ၏ နေရာယူမှုကြောင့် ဦးချစ်မောင်လမ်း၊ ကမ္ဘာအေးစေတီလမ်းတို့တွင် မူလလမ်းနှစ်ဖက် စုစုပေါင်းခြောက်လမ်းသွားမှ ယခုတစ်ဖက်လျှင် တစ်လမ်းစီသာ သွားလာ၍ ရကြောင်း၊ ထို့ပြင် ယင်းဆောက်လုပ်ရေး လုပ်ငန်းများ၌ ကရိန်း(၀န်ချီစက်)၊ မြေတူးစက်၊ ပိုင်ရိုက်စသည့် စက်ယန္တရား အချို့ အသုံးပြုရာတွင် လမ်းနံဘေး သွားလာနေသော ယာဉ်များ၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် နီးကပ်နေ၍ စိုးရိမ်းမှု အချို့ရှိနေကြောင်းလည်း လမ်းသွားလမ်းလာ ပြည်သူများက ပြောကြားကြပြီး ရန်ကုန်မြို့နေ ပြည်သူများ အနေဖြင့် အဆိုပါ ၀န်းကျင်များ၌ ယာဉ်ကြောပိတ်ဆို့မှုကို နောက်ထပ်ငါးလမှ တစ်နှစ်ကျော်အထိ ဆက်လက် ခံစားရဦးမည် ဖြစ်သည်။

ယခုဆောက်လုပ်နေသာ ခုံးကျော်တံတား သုံးစင်းအအနက် တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားကို အစိုးရနှင့် နီးစပ်သည့် ရွှေတောင်ကုမ္ပဏီ၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားအား Capital Development ကုမ္ပဏီနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအား Crown Advance ကုမ္ပဏီတို့က ဆောက်လုပ်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။ ယင်းအထဲမှ ရွှေတောင်ကုမ္ပဏီသည် ယခင်လှည်းတန် ခုံးကျော်တံတားကို ဆောက်လုပ်ခွင့် ရရှိခဲ့သော ကုမ္ပဏီဖြစ်ပြီး Capital Development ကုမ္ပဏီသည်လည်း ရွှေဂုံတိုင်နှင့် မြေနီကုန်း ခုံးကျော်တံတား နှစ်စင်းကို ဆောက်လုပ်ခွင့် ရရှိခဲ့ပြီး ဖြစ်သည်။

ယခင် ငွေကျပ် ဘီလျံ ၇၀ နီးပါး အသုံးပြု၍ တည်ဆောက်ခဲ့ပြီးသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်၊ မြေနီကုန်း ခုံးကျော်တံတား လေးစင်းမှာ ယာဉ်ကြောပိတ်ဆို့မှုကို ပြေလည်ခြင်း မရှိခဲ့သော်လည်း ယခုထပ်မံ၍ ခုံးကျော်တံတား သုံးစင်းကို ငွေကျပ် ၅၄ ဒသမ ၃၅ ဘီလျံ အကုန်အကျခံ၍ ထပ်မံ ဆောက်လုပ်နေခြင်းလည်း ဖြစ်သည်။

တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား ဆောက်လုပ်ခွင့် ရရှိခဲ့သည့်  ရွှေတောင်ကုမ္ပဏီသည် ယခင်လှည်းတန်း ခုံးကျော်တံတားကို ဆောက်လုပ်ခဲ့ရာတွင်လည်း အချိန်တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး လေးလနှင့် အပြီးတည်ဆောက်မည်ဆိုသည့် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၏ ပြောကြားချက် ထက်များစွာ အချိန်ကျော်လွန်ခဲ့သည်။ သို့ဖြစ်ရာ ယခုတာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားကိုလည်း ရွှေတောင်ကုမ္ပဏီကိုပင် ဆောက်လုပ်ခွင့်ပေးခဲ့သည့် အပေါ်တွင် ဝေဖန်မှု အချို့လည်း ရှိနေသည်။

“အခုဆောက်နေတဲ့ တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား ဆောက်လုပ်မှု တစ်နှစ်ခွဲလောက် ကြာမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ယာဉ်ကြောပိတ်ဆို့မှု ဒဏ်၊ လမ်းပိတ်ထားလို့ သွားလာရခက်ခဲမှု ပြဿနာကို  ဒီလောက် အချိန်ကြာကြီး ရင်ဆိုင်ရမယ်ဆိုရင် မလွယ်ပါဘူး။ ခုံးကျော်တံတား ဆောက်နေတယ်ဆိုရင်လည်း လမ်းသွားလမ်းလာတွေ၊ စီမံကိန်းအနီး ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့သူတွေ ဒီလမ်းပိုင်းကို နိစ္စဓူဝ အသုံးပြု သွားလာနေရတဲ့ ယာဉ်တွေအတွက် စည်းကမ်း စနစ်တကျလေး ဖြစ်အောင် လုပ်ပေးသင့်တယ်။ ဒါမှမဟုတ်ဘဲ စီမံကိန်း လုပ်တယ်ဆိုပြီး တကယ်လိုတဲ့ အလုပ်အတွက် လုံလောက်မယ့် နေရာလောက်ပဲ မယူဘဲ လမ်းတွေကို မတရားချဲ့ပြီး လုပ်သလို ဖြစ်ရင်တော့ စိစစ်သင့်တယ်။ တာမွေခုံးကျော် တံတားကို ဆောက်လုပ်ခွင့်ရထားတဲ့ ရွှေတောင်ကုမ္ပဏီဟာ ရန်ကုန်မြို့တော် စည်ပင်နဲ့ ပုလဲနံပ သင့်တဲ့ ကုမ္ပဏီလို့ ဝေဖန်ခံရတာတွေ ရှိတယ်။ ပြီးတော့ လှည်းတန်း ခုံးကျော်တံတား ဆောက်တုန်းကလည်း စီမံကိန်း လုပ်ငန်းကို ရွှေတောင်ကပဲ ရခဲ့တယ်။ အဲဒီတုန်းကလည်း အခြားခုံးကျော် တံတားတွေနဲ့ယှဉ်ရင် အချိန် ပိုကြာခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရတယ်။ အခုလည်း ဒီကုမ္ပဏီကိုပဲ ထပ်ဆောက်ခွင့်ပေးခဲ့တာ၊ လုပ်ပိုင်ခွင့် ထပ်ချပေးခဲ့တာ စဉ်းစားစရာပါပဲ။ ဘာကြောင့် ဒီလိုကုမ္ပဏီကို စီမံကိန်း လုပ်ငန်းတွေ ဆက်တိုက်ချပေးခဲ့သလဲဆိုတာ နောင်အစိုးရ လက်ထက်ကျရင် တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့ ရှင်းလင်း ဖြေရှင်းဖို့ လိုလာလိမ့်မယ်လို့ မြင်ပါတယ်။ ဒါ့အပြင် ဒီလိုခုံးကျော်တံတား ဆောက်လုပ်မှုတွေနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ဆိုင်ရာ ကိစ္စတွေဟာ နောက်တက်လာမယ့် အစိုးရသစ် လက်ထက်မှာ ဆက်ပြီး စုံစမ်းမှုတွေ၊ ရှင်းလင်းမှုတွေ လုပ်သင့်တဲ့ စီမံကိန်းတွေလို့ အများက ဝေဖန် ထောက်ပြနေကြပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

“လှည်းတန်း ခုံးကျော်တံတားကို စဆောက်တုန်းကလည်း လေးလအတွင်းအပြီး ဆောက်မယ်ဆိုပြီး ပြောခဲ့တာ။ တကယ်တမ်း ဆောက်တော့ တစ်နှစ်ကျော်လောက် ကြာတယ်။ ဆောက်တုန်းကလည်း ကားတွေပိတ်။ ဆောက်ပြီးတော့လည်း ခုံးကျော်တံတားက အဆင်း နာနတ်တော မီးပွိုင့်မှာ သွားပိတ်နေလို့ အဲဒီမီးပွိုင့်ကိုတောင် ဖျက်သိမ်းခဲ့ရသေးတယ်။ အဲဒီတုန်းကလည်း ခုံးကျော်တံတားက သတ်မှတ်ချိန်မှာ မပြီးခဲ့ဘူး။ နောက်ကျခဲ့တယ်။ အမှန်ဆိုရင် အဲဒီတံတားတုန်းက သတ်မှတ်ချိန်မှာ ပြီးအောင် မဆောက်နိုင်တဲ့ ကုမ္ပဏီကို ယခုတည်ဆောာက်ရေးမှာ ထပ်မရွေးသင့်တော့ဘူး။ ဒီလို မထူးခြားတဲ့ ဖြေရှင်းနည်းတွေ ကြားမှာ ပြည်သူတွေ ကားပိတ်တဲ့ ဒဏ်ကို အလူးအလဲကို ခံနေရတယ်” ဟု  ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်သည်။

ယင်းသို့ အချိန်နှစ်ပေါက် ကြာမြင့်မည့် ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းများ တည်ဆောက်မှု အပိုင်းလည်း ခုံးကျော်တံတားများတွင် လုံခြုံမှု အစီအမံများ၊ စနစ်တကျ ဆောင်ရွက်မှုများ အားနည်းနေပြီး ယခုကဲ့သို့ ထုထည်ကြီးမားသည့် လုပ်ငန်းများ၌ ဘေးပတ်ဝန်းကျင် အတွက် ခိုင်ခံ့ စိတ်ချရသည့် အကာအရံများ မရှိဘဲ လူတစ်ရပ်ခန့်သာရှိသည့် နိုင်လွန်ပိုက်ကွန်များသာ ကာရံထားမှု ရှိနေသည်မှာ မဖြစ်သင့်ကြောင်းလည်း၊ စိတ်ချရသည့် အနေအထားဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ထို့ပြင် ရန်ကုန်မြို့တွင် ဆောက်လုပ်ခဲ့သည့် ခုံးကျော်တံတားတိုင်း ကြုံတွေ့ခဲရသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင် အနီးရှိ လမ်းများ ပျက်စီးနေမှု များနေမှုများကိုလည်း ပြင်ဆင်သင့်ကြောင်း ထောက်ပြမှုများ ရှိနေသည်။

လက်ရှိ အစိုးရအနေဖြင့် လက်ရှိ ခုံးကျော်တံတား ဆောက်လုပ်ခြင်း လုပ်ငန်းများကို ကျန်ရှိ သက်တမ်း လအနည်းငယ်အတွင်း မဖြစ်မနေ ဇွတ်အတင်း လုပ်ခဲ့ပြီးမှ မြေပြင် အခက်အခဲများကြောင့် နောက်အစိုးရအထိ ကူးသွားမည် ဖြစ်သောကြောင့် နောက်အစိုးရ အနေဖြင့် ယင်းခုံးကျော် တံတားများ၏ စံချိန်စံညွှန်းများ၊ လုပ်ငန်း လုပ်ဆောင်မှုများအပေါ် မဖြစ်မနေ စစ်ဆေးရန် လိုအပ်မည်ဟု သုံးသပ်နေကြသည်။

Eleven Media Group
အပြည့်အစုံသို့ »

မဖြိုးဖြိုးအောင်၏ ခင်ပွန်း ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင် ဖမ်းဆီးခံရကြောင်း သိရ


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂျိမ်း(ခေါ်) ကိုလင်းထက်နိုင်အား ယနေ့ (နိုဝင်ဘာ ၃ ရက်) မွန်းလွဲ ၃နာရီကျော်ခန့်က ရွှေပြည်သာမြို့နယ်သို့ သွားသည့် ၄၈ယာဉ်ပေါ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
ကိုလင်းထက်နိုင် ဖမ်းဆီးခံခဲ့ရခြင်းကို ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) သတင်းနှင့် ပြန်ကြားရေးက ယနေ့ ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့ပါသည်။

ကိုလင်းထက်နိုင်သည် ဗကသများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်၏ ခင်ပွန်းဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသော ကျောင်းသားခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါသည်။
ထိုကဲ့သို့ ဖမ်းဆီးခံရခြင်းကိစ္စနှင့် ပတ်သက်၍ ၄င်း၏ မိခင်ဖြစ်သူအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ညနေ ၃နာရီအထိ အဆက်အသွယ်ရရှိခဲ့ကြောင်းနှင့် ယင်းအချိန်နောက်တွင် အဆက်အသွယ်မရရှိတော့ဟု ဆိုပါသည်။

ထို့ကြောင့် နိုဝင်ဘာ ၃ရက် (ယနေ့) ည ၁၀နာရီ မိနစ် ၅၀ခန့်က ရွှေပြည်သာမြို့မရဲစခန်းမှ ရဲမှူး သိန်းဝင်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းအဝေးလုပ်နေသဖြင့် စခန်းသို့ ဆက်သွယ်ရန် ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ရွှေပြည်သာမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်မှူးဖြစ်သူကို မေးမြန်းပေးမည်ဟု ပြန်လည်ပြောဆိုခဲ့ပြီး ထပ်မံဆက်သွယ်ရာတွင် အဆက်အသွယ် မရရှိတော့ပေ။ ထို့အပြင် အခြားသက်ဆိုင်ရာ ရဲတပ်ဖွဲ့များသို့ မေးမြန်းသော်လည်း အတည်ပြုနိုင်ခြင်း မရှိဘဲ ကိုလင်းထက်နိုင်အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးပါ။

အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဒီမိုကရေစီ ပညာရေး ပင်မကျောင်းသား သပိတ်စစ်ကြောင်းနှင့် ပတ်သက်ပြီး ရန်ကုန်တွင် ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်(ခ) ကိုကျော်စိုးမိုးနှင့် ကိုမြတ်သူ (ခ) ကိုမြတ်သူအောင် မန္တလေးတွင် ကိုအောင်မျိုးလှိုင်၊ ကိုရဲရင့်ပိုင်မှူး၊ မိထ္ထီလာတွင် ကိုမြတ်မင်းသူ၊ မြင်းခြံတွင် ကိုမိုးစက်၊ ကိုဇော်လင်းအောင် တို့ကို တရားခံပြေး အဖြစ် သတ်မှတ်ထားကြောင်းသိရှိရပါသည်။

ထိုသို့ ဖမ်းဝရမ်း ထုတ်ခံခဲ့ရ သူများအနက် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ရက်တွင် ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား ဖမ်းဆီးလိုက်ပြီး ကိုလင်းထက်နိုင်မှာ ဒုတိယမြောက်ဖမ်းဆီးခံရသူ ဖြစ်ပါသည်။

ကိုလင်းထက်နိုင်၏ ဇနီး မဖြိုးဖြိုးအောင်သည် မတ်လ ၁၀ရက်က လက်ပံတန်းတွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရမှု၌ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ တစ်ဦး ဖြစ်ကာ လက်ရှိအချိန်တွင် သာယာဝတီ အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရဆဲဖြစ်သည်။

ကိုလင်းထက်နိုင်နှင့် မဖြိုးဖြိုးအောင်တို့သည် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလက လက်ထပ်ခဲ့ပြီး နှစ်လကျော်အကြာတွင် ဒီမိုကရေစီ ပညာရေး တောင်းဆို လှုပ်ရှားမှုဖြင့် မဖြိုးဖြိုးအောင်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကာ ဆယ်လကျော်အကြာတွင် ကိုလင်းထက်နိုင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါသည်။



Eleven Media Group
(Photo Credit to Lin Htet Naing Facebook)
အပြည့်အစုံသို့ »

ဝန်ထမ်းများ လစာငွေအရစ်ကျစုဆောင်း၍ အိမ်ရာဝယ်ယူနိုင်မည့်အစီအစဉ် စတင်မည်




ဝန်ထမ်းများရရှိသည့် လစာဝင်ငွေကို အရစ်ကျစနစ်ဖြင့် စုဆောင်းပြီးအိမ်ဝယ်ယူနိုင်သည့် စနစ် မကြာမီစတင်နိုင်တော့မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။

ယင်းစနစ်တွင် အစိုးရနှင့် ပုဂ္ဂလိက၀န်ထမ်းများ အကျုံးဝင် မည်ဖြစ်ပြီး နိုင်ငံတကာ၌ ၀န်ထမ်းများလစာကို လစဉ်စုဆောင်းကာ အိမ်ရာဝယ်နိုင်မည့် စနစ်များရှိပြီး မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း အဆိုပါညွှန်ကြားရေးမှူးက ဆိုသည်။

‘‘ဒီစနစ်ပေါ်လာရင် အစိုးရ က လက်ရှိဆောက်လုပ်နေတဲ့ အိမ်ရာစီမံကိန်းတွေကို လက်လှမ်းမီသွားလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။

အဆိုပါစနစ် အကောင်အထည်ဖော်ရန် လက်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က နိုင်ငံခြားဘဏ်များနှင့် ချိတ်ပြီး ချေးငွေများရရှိရန် စီစဉ် ထားကြောင်း သိရသည်။ ထို့ ကြောင့် အဆိုပါချေးငွေများ ရရှိ နိုင်ပါက ယင်းစနစ်ကို စတင်နိုင် မည်ဖြစ်ကြောင်း သိရသည်။

‘‘စင်ကာပူတို့ ကိုရီးယားတို့ မှာ အဲဒီစနစ်က အရမ်းအောင် မြင်ခဲ့တယ်။ ဒါပေမဲ့ လူတွေလက် ထဲမှာ အရစ်ကျတွေဝယ်တာများ ကုန်တော့ လကုန်ရင်သုံးစရာမရှိ တာက များတယ်’’ဟု Moving Myanmar စီးပွားရေးပညာရှင် ဦးလှဖေကသုံးသပ်သည်။

ယခုစနစ်သည် ပြည်သူများ အတွက် မရင်းနှီးသောကြောင့် အကောင်အထည်ဖော်ရာတွင် အ ခက်အခဲရှိနိုင်ပြီး အစိုးရ၀န်ထမ်း များ၏ လစာသည်စားဝတ်နေရေး အတွက် လုံလောက်မှုမရှိ၍ စု ဆောင်းရန်ဆိုသည်မှာ မဖြစ်နိုင် ကြောင်း အစိုးရ၀န်ထမ်းတစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။

လက်ရှိတွင် မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက အစိုးရ ၀န်ထမ်းနှင့် ၀င်ငွေနည်းလူတန်း စားများအတွက် ရည်ရွယ်ကာ တစ်နိုင်ငံလုံးတွင် အိမ်ရာစီမံကိန်းများ ဆောင်ရွက်နေပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အခန်းရေ လေး သောင်းကျော် ထွက်ပေါ်လာနိုင် ကြောင်း ဌာနက ခန့်မှန်းထား သည်။

နိုင်ငံတော်သမ္မတကလည်း ၂၀၁၄ ဒီဇင်ဘာ ၂၇ရက် ရခိုင်ခရီးစဉ်တွင် ၀န်ထမ်းများအတွက် တစ်ဦးချင်းဝင်ငွေ စုဆောင်းသည့် စနစ်ကို အကောင်အထည်ဖော် ဆောင်ပြီး ကိုယ်ပိုင်အိမ်ရာဖြင့် နေထိုင်နိုင်ရန် အိမ်ရာများ အ ကောင်အထည် ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။ ၀န်ထမ်းများ အခမဲ့ဆေးကုသရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အရေးပေါ်ကိစ္စများတွင် အထောက်အပံ့ရရန် ဆောင်ရွက်ပေးမည်ဟု ၎င်းက ဆက်လက်ပြောသည်။

7daydaily

အပြည့်အစုံသို့ »

လည်ချောင်းထဲမှာ အစာပိုက်ထည့်ထားရလို့ သီချင်းဆိုရတာ အခက်အခဲတွေ ကြုံနေရတယ်လို့ ဖွင့်ဟလာတဲ့ ဆိုတေး




ခင်ဆွေသက် on 2015-02-11 10:21    
ကားအက်ဆီးဒင့်ဖြစ်ပြီးနောက်ပိုင်း ကျန်းမာရေး ပြန်ကောင်းလာပေမယ့်လည်း အရင်လို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ ဆိုတေးက သူ့ကျန်းမာရေး၊ ဂီတနဲ့ ပတ်သက်ပြီး ခုလို ပြောပြသွားပါတယ်။ “အခု ကျန်းမာရေးကတော့ တော်တော်လေး ကောင်းနေပါပြီ။ အိမ်က အဖေ ၊ အမေ ၊ ညီအစ်ကို မောင်နှမတွေရဲ့ ဂရုစိုက်မှုနဲ့အတူ ဆရာဝန်ကြီးရဲ့ ဂရုစိုက်မှုနဲ့အတူ တော်တော်လေးတော့ ကောင်းနေပါပြီ။ ဒါပေမဲ့ အသံပိုင်းနဲ့ပတ်သတ်ပြီး သိပ်တော့ စိတ်တိုင်း မကျသေးဘူး။ ၁၀၀ မှာ ၉၉ ယောက်လောက်က ကျွန်တော်ရောဂါ အခြေအနေကို သိကြမှာပါ။ ကျွန်တော့် လည်ချောင်းထဲမှာ အစာပိုက်ထည့်ပြီး လည်ချောင်းပြွန်ချဲ့ပြီး ထည့်ရတာဆိုတော့ တော်တော်လေးလဲ ခက်ခဲတယ်။ ကျွန်တော့်မှာ တစ်ခုရှိတာက အရင် ကျွန်တော် အဆိုတော်စလုပ်တုန်းကတော့ အပြိုင်အဆိုင်စိတ်နဲ့ ကြိုးစားတာမျိုးရှိရင်ရှိခဲ့မယ်။ ဒါပေမဲ့ ခုလက်ရှိမှာတော့ ကားအက်ဆီးဒင့် ဖြစ်ပြီးကတည်းက ကျွန်တော့်ရဲ့အသိဥာဏ်ထဲမှာ အားလုံးကို စေတနာ မေတ္တထားတယ်။ ကျွန်တော် အလှူဒါနလုပ်မယ်။ ကောင်းမှုကုသိုလ်တွေ များများ လုပ်ဖြစ်မယ်။ အဲ့ဒါတွေကိုပဲ စိတ်ထဲ ထည့်ထားတယ်။ ကျွန်တော်ခု အလှူအတန်းတွေ လုပ်တဲ့ အထဲမှာ ကျွန်တော့် ပရိသတ်တွေရဲ့ အလှူတွေလဲပါတယ်။”လို့ သူက ပြောပါတယ်။

တတိယအခွေအကြောင်းကိုလည်း သူက “ခုကျွန်တော် တတိယခွေအတွက် ရေးတုန်းပေါ့။ မေ့လိုက်၊ ပြန်ရေးလိုက်ပေါ့။ ကြိုးစားပြီး ရေးနေပါတယ်။ ခုကျန်းမာရေး သိပ်မကောင်းသေးတော့ သီချင်းတွေ ကတော့ ဆိုတယ်။ ဒါပေမဲ့ စိတ်တိုင်းမကျဘူး။ အရင်ကဆိုတေးက Recording ခန်းထဲ ၀င်သွားပြဆို မိုက်နဲ့က သူငယ်ချင်း ၊ ခေါင်းမော့ပြီး ၀င်သွားလို့ရတယ်။ ဒါပေမဲ့ ခုကျတော့ ကျွန်တော် လည်ချောင်းထဲမှာ ပိုက်ထိုးထည့်ထားတော့ အရမ်းမအော်နိုင်ဘူး။ မဆိုနိုင်ဘူး။ အဲ့တော့ တစ်ယောက်တည်း ကြိတ်ငိုမိတယ်။ ခု မ၀ိုင်းစု ရဲ့ခါချနေရတယ် အခွေမှာ အသက်ရှု မှားလောက်တယ် ဆိုတဲ့ သီချင်းဆိုပေးထားတယ်။ ချစ်သူများနေ့က မြစ်ကြီးနားမှာ ရှိုးဆိုဖို့ရှိတယ်။ ကျွန်တော်ဂီတ အနုပညာပိုင်းနဲ့ပတ်သတ်ပြီး ဆန္ဒတွေတော့ရှိတယ်။ လက်တွေ့မှာ ဘာမှမလုပ်ဖြစ်သေးဘူး။ ကားအက်ဆီးဒင့်ဖြစ်တဲ့ချိန်မှာ ထွက်ပေါ်ခဲ့တဲ့ လူမှုရေး ကိစ္စတွေနဲ့ပတ်သတ်ပြီး အချိန်ကပဲ ဖြေရှင်းပေးသွားမှာပါ။ ပရိသတ် တစ်ယောက်ချင်းကို ကျတော့ လိုက်ရှင်းပြဖို့အခွင့်အရေး မရှိဘူးလေ။ အချိန်ကပဲ အဖြေပေးသွားမှာပါ”တဲ့။

trend.com.mm
အပြည့်အစုံသို့ »

ကျောင်းသားများ၏ တောင်းဆိုချက်အားလုံး မူအားဖြင့်သဘောတူညီမှုရ



တောင်းဆိုချက်များ သဘောတူညီချက်ရသော်လည်း သပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်မည်ဟု ကျောင်းသားခေါင်းဆောင်အချို့ဆို


လေးပွင့်ဆိုင်ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံဖြေကြားနေစဉ် (ဓာတ်ပုံ − နေလင်းထွန်း)
အမျိုးသားပညာရေးဥပ ဒေပြင်ဆင်ရေးလေးပွင့်ဆိုင်ဆွေး နွေးပွဲတွင် သပိတ်မှောက်ကျောင်း သားများတောင်းဆိုသောအချက် (၁၁)ချက်ကို မူအားဖြင့် ညှိနှိုင်းသ ဘောတူညီမှုရရှိခဲ့သည်။

အစိုးရ၊ လွှတ်တော်၊ သပိတ် မှောက် ကျောင်းသားခေါင်း ဆောင်များနှင့် ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)တို့သည် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်တွင် နံနက် ၉ နာရီခွဲမှ ည ၇ နာရီအထိ ဆွေးနွေးခဲ့ကြပြီး ကျောင်းသားများ၏ တောင်းဆိုချက်များအား ဆွေးနွေးညှိနှိုင်းသဘောတူညီခဲ့ကာ ဖေဖော်ဝါရီ ၁၆ ရက်တွင်လွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ပညာရေးလေးပွင့်ဆိုင်ဆွေး နွေးပွဲတွင် တောင်းဆိုချက်များ အားလုံးကို ညှိနှိုင်းသဘောတူညီ ခဲ့ကြသော်လည်း ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ မှ ကျောင်းသားသပိတ်ခေါင်း ဆောင်များက လမ်းလျှောက်ချီ တက် ဆန္ဒပြမှု ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲရလဒ် အား သပိတ်မှောက်စစ်ကြောင်း များနှင့် ဆွေးနွေးသွားမည်ဖြစ် ကြောင်းဆိုသည်။

လက်ရှိအခြေအနေအရ သ ပိတ်စစ်ကြောင်းများသည် ရန်ကုန် မြို့သို့ ၀င်ရောက်မည်မဟုတ် သော်လည်း ဖေဖော်ဝါရီ ၁၄ရက် အထိ ဆက်လက်ချီတက်နေမည် ဖြစ်ပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပြဋ္ဌာန်းပြီးမှသာ သပိတ် လှန်သွားမည်ဖြစ်ကြောင်း ဒီမိုက ရေစီပညာရေးလှုပ်ရှားမှု ဦး ဆောင်ကော်မတီကဆိုသည်။

‘‘ဒီနေ့ရထားတဲ့ ရလဒ်တွေ၊သဘောတူညီချက်တွေကို သပိတ်စစ်ကြောင်းတွေဆီ ပြန်သွားပြီး တင်ပြမှာဖြစ်ပါတယ်။အဲဒီမှာ ကျောင်းသားတွေနဲ့ ထပ်မံဆွေးနွေးပြီးတော့ ၁၄ ရက်နေ့ ဒီမှာ ပြန်တွေ့တဲ့အခါ ရလာတဲ့ ရလဒ်တွေကို ထပ်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်’’ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုဇေယျာလွင်က ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မူအရသဘောတူညီခဲ့သောအချက်များအားလုံးကို လေးပွင့်ဆိုင်အဖွဲ့က လုပ်ငန်းအဖွဲ့ များဖွဲ့၍ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဥပဒေပြင်ဆင်ရေး အသေး စိတ်ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ပြီး ကျောင်းသားများ ၏တောင်းဆိုချက်များ အမြန်ဆုံးဖြစ်လာမည်ဟု မျှော်လင့်ကြောင်း လွှတ်တော်ဘက်မှ ဦးဆောင်တက်ရောက်သူဦးသိန်းဆွေကပြောသည်။

‘‘လွှတ်တော်ရဲ့ လုပ်ငန်းစဉ်ကတော့ ဒီဥပဒေကို အမျိုးသားလွှတ်တော်ဖြစ်စေ၊ပြည်သူ့လွှတ်တော်ဖြစ်စေ တင်ရမယ်။အဲ့ဒီမှာ ဆွေးနွေးပြီးရင် အမျိုးသားလွှတ် တော်ကိုပြန်တင်၊ ပြီးရင် ပြည်သူ့လွှတ်တော်ကိုတင်ပြီးတော့မှ အားလုံးတူညီတဲ့အချက်ကို ပြည်ထောင်စုလွှတ်တော်က သဘောတူညီတယ်လို့ သဘောထားရပါတယ်။မတူညီတဲ့ အချက်တွေကို ဆွေးနွေးညှိနှိုင်းလိုက်မယ်ဆိုရင် ဥပဒေတစ်ခုဖြစ်သွားမှာပါ။ဒီအချက်တွေက အများကြီးမရှိတဲ့အတွက် အမြန်ဆုံးဖြစ်သွားမယ်လို့ ထင်ပါတယ်။၁၄ ရက်နေ့မှာ ဆွေးနွေးမယ်။၁၅ ရက်နေ့ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ၁၆ ရက်နေ့ကို လွှတ်တော်အရောက် ဦးတို့က ယူသွားပါမယ်’’ဟု လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေက ဆိုသည်။ တတိယ အကြိမ်မြောက်လေးပွင့်ဆိုင်ဆွေးနွေးပွဲသဘောတူညီမှုအရ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့် လေးရက်အတွင်း မူအရသဘောတူညီချက်များ ထည့်သွင်း၍ လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၊ စိန်ရတု ခန်းမတွင် ပြုလုပ်သော ဆွေးနွေးပွဲထက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြုလုပ်သော ဆွေးနွေးပွဲရလဒ်က ပိုမိုကောင်းမွန်ခဲ့ပြီး သဘောတူညီချက်များ ထွက်ရှိလာခဲ့သော်လည်း သပိတ်စစ်ကြောင်းများ ရပ်ဆိုင်းရေး အစိုးရတောင်းဆိုချက်မှာ ဝေးကွာနေဆဲဖြစ်သည်။

‘‘သဘောတူညီချက် ရရှိပြီးတဲ့နောက် ကျောင်းသားများရဲ့ တောင်းဆိုချက်များ ပြည့်ဝလာမှာ ဖြစ်သလို သပိတ်မှောက်ဆန္ဒပြမှုများလည်း ရုပ်သိမ်းကြတော့မှာ ဖြစ်ပါတယ်။ ပူးတွဲကြေညာချက်ကို အားလုံးသဘောတူညီပြီးရင် တရားဝင် ထုတ်ပြန်မှာဖြစ်ကြောင်းသိရှိရပါတယ်။နိုင်ငံရေးအကျပ်အတည်း အဆင့်အထိ မရောက်ရှိအောင် ဆွေး နွေးညှိနှိုင်းခဲ့ကြတဲ့ လေးပွင့်ဆိုင်မှာ ပါဝင်ခဲ့ကြသူများ၊ ပံ့ပိုးကူညီခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ The Culture of Comp-romise ဒိုင်ယာလော့ခ်ယဉ်ကျေးမှုနဲ့ စာမျက်နှာသစ်တွေ ဆက်လက်ဖွင့်လှစ်သွားကြဖို့ပဲ ရှိပါတော့တယ်’’ဟု နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသား ထားသည်။

ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြုလုပ်ခဲ့သော အထက်ပါပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရဘက်က သမ္မတရုံးဝန်ကြီးဦးအောင်မင်းအစား သမ္မတရုံးဝန်ကြီးဦးလှထွန်းနှင့် ပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီတို့ ဦးဆောင်တက်ရောက်ခဲ့ပြီး လွှတ်တော်၊NNER နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ယခင်ဦးဆောင်သူများ ဆက်လက်တက်ရောက်ခဲ့သည်။

နောက်ဆုံးရရှိသောသတင်း များအရ သဘောတူညီချက်ရ  သော်လည်း သပိတ်စစ်ကြောင်း များရပ်မည်မဟုတ်ဘဲ ဆက်လက် လမ်းလျှောက်သပိတ်မှောက်မည် ဟု သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တစ်ဦးကဆိုသည်။

‘‘သဘောတူညီမှုရပေမယ့် အစိုးရရဲ့ သဘာတူညီချက်ကို ယုံကြည်မှုမရှိဘူး။ ကျွန်တော်တို့က သဘောထားကြီးစွာနဲ့ စောင့် ကြည့်နေပါတယ်။ အရင်တစ်ခါ ဆွေးနွေးပွဲစတင်တဲ့နေ့မှာ လမ်း မလျှောက်ပါဘူးလို့ ကတိပေး ထားတာကို သူတို့က ကျွန်တော် တို့တည်းတဲ့ဘုန်းကြီးကျောင်းကို ဖိအားပေးတယ်။ သေချာခိုင်မာ တဲ့ ကတိ၊ သဘောတူညီချက်ရမှ ဘာဆက်လုပ်ရမယ်ဆိုတာ ပြော နိုင်မယ်။ ၁၄ ရက်နေ့မှာလည်း ရန်ကုန်ကို မ၀င်ပါဘူးဆိုတာကျွန် တော်တို့ လမ်းလျှောက်နေတာ လည်း ၁၄ရက်နဲ့မရောက်နိုင်ဘူး။  သေချာတာကတော့ ဘာမှမခိုင် မာသရွေ့တော့ လမ်းလျှောက်နေ ဦးမယ်။ မနက်ဖြန်မှာပေါင်းတည် အထိ လျှောက်သွားမှာပါ။ လွှတ် တော်ကသဘောတူညီချက်ပေး တဲ့အထိ စောင့်ကြည့်ပြီး လုပ် ဆောင်သွားမယ်’’ ဟု သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသီ ဟ၀င်းတင်ကပြောသည်။

မန္တလေးမှ ရန်ကုန်သို့ ချီ တက်လာပြီး ရွှေတောင်မြို့သို့ ရောက်နေသော ပင်မသပိတ်စစ် ကြောင်းမှ ကျောင်းသားများသည် လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်ပြီး ယမန်နေ့ည ၈ နာရီခွဲမှ  ၁၀ နာရီခွဲအထိ ရွှေတောင်မြို့တွင် အစည်းအဝေးပြုလုပ်ရာ ထိုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် ဆွေးနွေးပွဲတွင်သပိတ်များရပ်ဆိုင်းရန် အခက်အခဲရှိကြောင်း အသိအမှတ်ပြုသည် ဆိုသော အချက်အပေါ်တွင်အားလုံးက သဘောတူခဲ့သည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ သဘောတူညီချက်များ

ကျောင်းသားများတောင်းဆိုချက်များကို အောက်ပါအတိုင်းမူအားဖြင့် ညိုနှိုင်းသဘောတူလိုက်ခြင်းဖြစ်ပြီး အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းရေးဆွဲရာတွင် လေးပွင့်ဆိုင်မှ ကိုယ်စားလှယ်များ ညှိနှိုင်းရေးဆွဲမည်ဖြစ်သည်။

(၁) ပညာရေးမူဝါဒနှင့် ဥပဒေ များ၊ နည်းဥပဒေများ၊ ဆက်စပ် ဥပဒေများ ရေးဆွဲရာတွင် ကျောင်း သား၊ ကျောင်းသူ  ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမကိုယ်စားလှယ်များပါဝင်ရန်။
(၂) အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် အသိအမှတ်ပြုရေးကို ဖြည့်စွက်ရန်။
(၃) အမျိုးသားပညာရေးဥပဒေတွင်ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စနှင့် ပတ်သက်၍ ပယ်ဖျက်ရန်။
(၄) ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြုရန်။
(၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်။
(၆) ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ် တိုင် လေ့လာစူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်။
(၇) တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့် နှင့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ် (mother tongue based multi-lingual education) ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန်ကိစ္စနှင့်ပတ်သက်၍  မိခင်ဘာသာစကားအသုံးပြုသင်ကြားရေး (Me-dium of instruction) အဖြစ် ဆောင်ရွက်ရန်။
(၈) မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင် ပညာရေး (Inclusive education) ဆောင်ရွက်ရန်။
(၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရ သည့် ကျောင်းသားများ ကျောင်း ပြန်လည် တက်ရောက်ခွင့်ပြုရန်
(၁၀) နိုင်ငံ၏ ပညာရေးရင်းနှီးမြှုပ်နှံမှုကို ငါးနှစ်အတွင်း တစ်နိုင်ငံ လုံး အသုံးစရိတ်၏ အနည်းဆုံး ၂၀% ရောက်ရှိရန် ရည်မှန်းချက် ထား၍ နှစ်စဉ်တိုးမြှင့်သုံးစွဲရေးအတွက် ဥပဒေတွင် ထည့်သွင်းရန်။
(၁၁) အခမဲ့ မသင်မနေရ ပညာ ရေးစနစ်ကို မူလတန်းအဆင့်သာ မက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေး ဆောင်ရွက်ရန်။

အခြားသဘောတူညီချက်များမှာ

လေးပွင့်ဆိုင်အဖွဲ့သည် ယင်းသဘောတူညီချက်များကို အောင်မြင်ပြီးဆုံးချိန်အထိ အတူတကွဆောင်ရွက်ရန် ကတိက၀တ်ပြုသည်။
လေးပွင့်ဆိုင်းအဖွဲ့အနေဖြင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက သက်ဆိုင်ရာကျောင်းသားထုအပေါ် တာဝန်ခံရသည့်အတွက် သပိတ်များကို ရပ်ဆိုင်းရန် အခက်အခဲရှိကြောင်းအသိအမှတ်ပြုသည်။
အုပ်ချုပ်ရေးပိုင်းမှ စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အခြားရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်သည့် စိုးရိမ်မှုရှိကြောင်းကို အသိအမှတ်ပြုသည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးနေစဉ်ကာလအတွင်း လေးပွင့်ဆိုင်အဖွဲ့က စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေး၍ မလိုလားအပ်သောအခြေအနေများမှ ရှောင်လွှဲနိုင်အောင် ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်သဘောတူကြသည်။

7day daily
အပြည့်အစုံသို့ »

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်မရှိတော့


ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်းကို ပယ်ဖျက် ပေးရန် ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပထမဆုံး အကြိမ် ဆန္ဒထုတ်ဖော်နေကြစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 နိုင်ငံတော်သမ္မတ၏ ဖေဖော်ဝါရီ ၁၁ရက်ထုတ်ပြန်ချက် အရ ယာယီသက်သေခံလက်မှတ် (White Card)များ၏ သက်တမ်း ကုန်ဆုံးရက်မှာလာမည့်မတ်လ ၃၁ရက်ဖြစ်ပြီး ၀ှိုက်ကတ်ကိုင် ဆောင်သူများ မဲပေးခွင့်မရှိတော့ သလို တရားဝင်တော့မည်မဟုတ် ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

‘‘တစ်နိုင်ငံလုံးမှာရှိတဲ့ ၀ှိုက်ကတ်တွေ မတ်လနောက်ပိုင်းဆို ရင်တရားမ၀င်တော့ဘူး။ မဲပေး ခွင့်လည်း မရှိတော့ဘူး။ အဲဒါတွေ ပြန်အပ်ပြီးရင် သူတို့မှာ ဘာကတ် မှမရှိတော့ဘူး။ ဒီကြားထဲမှာ အ သိအမှတ်ပြု ကတ်ပြား လိုချင် တယ်ဆိုရင်တော့ နိုင်ငံသားဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စိစစ် ခြင်းခံရမယ်။ ဥပမာ ရိုဟင်ဂျာဆို ပြီး စိစစ်ခံရင်တိုင်းရင်းသားထဲမှာ မရှိတဲ့အတွက် အကျုံးဝင်မှာမ ဟုတ်ဘူး’’ဟု နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးကဆို သည်။

သက်တမ်း ကုန်ဆုံးသည့် ၀ှိုက်ကတ်များကို ၂၀၁၅ မေလ ၃၁ ရက် နောက်ဆုံးထား၍ အပ်နှံ ရမည်ဖြစ်ပြီး ၁၉၅၁ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ၏ ပြဋ္ဌာန်းချက်နှင့်အညီ အပ်နှံခြင်း၊ စိစစ်ခံယူခြင်းတို့ကို နည်းလမ်းတကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘ချက်ချင်းဖော်လိုက်တယ်။ ချက်ချင်းရပ်လိုက်တယ်။ ပြဿ နာကိုဖြေရှင်းတဲ့နည်းလမ်းတစ်ခု ပဲ။ စိုးရိမ်စရာကိစ္စတစ်ခုလည်း ပေါ်လာတယ်။ ပေါ်လာပြီးတော့ စိုးရိမ်စရာ အနေအထား လျော့ အောင်လုပ်လိုက်တဲ့အတွက် ကြို ဆိုပါတယ်’’ဟု ရခိုင်အမျိုးသားပါ တီဗဟိုအလုပ်အမှုဆောင်ဦးလှ စောကပြောသည်။

ယာယီသက်သေခံ လက် မှတ်နှင့်စပ်လျဉ်း၍ ရဟန်းရှင်လူ ပြည်သူ အပေါင်းက ဝေဖန်သုံး သပ်မှုများရှိနေသည့်အတွက် ယာ ယီသက်သေခံလက်မှတ်နှင့် စပ် လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေ များနှင့် ဆက်စပ်ကိစ္စရပ်များလေ့ လာသုံးသပ်အကြံပြုရေးကော်မ ရှင်ကို ပညာရှင်များ၊ ပါဝင်ထိုက် သည့်ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းတာ ၀န်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘၀ှိုက်ကတ် မရှိတော့ဘူး။ ဘာကတ်မှမရှိရင် ဘယ်လိုလုပ်မ လဲဆိုတဲ့ စည်းမျဉ်းစည်းကမ်းအ ကြံပြုချက်တွေအတွက်ကော်မ ရှင်ဖွဲ့စည်းပြီးတော့ ဆွေးနွေးသွား မယ်။ ဘယ်ထဲမှ မပါတဲ့လူတွေက အကျိုးဆက်ဘာတွေဖြစ်နိုင်လဲ။ ဒါတွေက သက်ဆိုင်ရာပညာရှင် တွေနဲ့ ဆွေးနွေးရမယ်’’ ဟု နိုင်ငံ တော်သမ္မတရုံးမှ အကြီးတန်းအရာရှိကဆက်လက်ပြောသည်။

7day daily
အပြည့်အစုံသို့ »

Facebook မှာ အရက်မူးနေတဲ့ ပုံတွေ တင်မရအောင် Facebook က ဖန်တီး



Facebook က နည်းပညာ တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ယင်းကတော့ အရက်မူးနေတုန်း ပုံတင်လို့မရအောင် ဖြစ်ပါတယ်။ အရက်တော့ မမူးတော့ဘူး။ ဒါပေမယ့် ရိုက်ထားတဲ့ ပုံက မူးနေတဲ့ ရုပ်နဲ့ ဖြစ်နေရင် Facebook ပေါ် မရောက်ရှိအောင် ဖြစ်ပါတယ်။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ယင်းအတွက် လက်ရှိ Facebook မှာ အသုံးပြုနေတဲ့ မျက်နှာ ခွဲခြမ်းစိတ်ဖြာ လေ့လာ နည်းပညာကိုပဲ ထပ်မံ အဆင့်မြင့်တင်လိုက်ခြင်း ဖြစ်ပါတယ်။

လူတို့ရဲ့ မျက်နှာအနေအထားများကို တစ်ယောက်ချင်းစီ ကနေ လေ့လာ ယူထားပါမယ်။ သူတင်နေကျ အရင်ပုံတွေကနေ ရမယ့် မျက်နှာအသွင်အပြင်ကို မှတ်ထားပြီး ကိုယ်တိုင်လိုက်တဲ့ နောက်ထပ် ပုံတစ်ပုံပုံက အရင်လို မဟုတ်ပဲ အရက်မူးနေတဲ့ ပုံစံ ပေါက်နေရင် ယင်းပုံကို တင်ခွင့်မပေးတာမျိုး ဖြစ်ပါတယ်။ မျက်နှာ တစ်ခုတည်းကို မက ပတ်ဝန်းကျင်ကိုလည်း လေ့လာပါအုံးမယ်။ ဒီတော့ Facebook ပေါ်မှာ ကိုယ့်ရဲ့ ဘော့စ်၊ အဖေ၊ အမေ တို့ ရှိနေလည် စိတ်မပူရတော့ ပါဘူး။

နောက်ထပ် နည်းပညာ ကတော့ Facebook ပေါ်မှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်ချက် တွေပေါ်မှာ မူတည်ပြီးတော့ သူလိုချင်တဲ့ Update / News Feed တွေပဲ ပေးစေမယ့် နည်းပညာ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းဟာလည်း အသစ်တော့ မဟုတ်ပါဘူး။ Facebook က ယခု အသုံးပြုနေပြီးသား ဖြစ်ပြီး ယင်းထက် ပိုပြီးတော့ ဥာဏ်ရည်မြင့်တဲ့ နည်းပညာကို ကြိုးစားဖန်တီးခြင်း ဖြစ်ပါတယ်။ အနာဂတ်မှာ Facebook အနေနဲ့ လူသားတို့ အတွက် ဒီဂျစ်တယ် လက်ထောက်တစ်ခု အနေနဲ့တောင် ရှိအောင် ဖန်တီးမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး) 
အပြည့်အစုံသို့ »

ကျော်ပိုးအိတ် သို့မဟုတ် မိမိလက်ကိုင်အိတ်ကို အမြဲ သန့်စင်ပေးသင့်



မိမိကြောပိုးအိတ် သို့မဟုတ် လက်ကိုင်အိတ်ရဲ့ လက်ကိုင်ကြိုးတွေကို အထူး ဂရုစိုက်ပေးသင့်တယ်။ ၄င်းတို့ကို အိပ်ယာပေါ် သို့မဟုတ် မီးဖိုချောင်တွေမှာ မထားသင့်ဘူး။ ဒါ့အပြင် သွားလေရာကို ကိုယ်နဲ့မကွာယူကြတာမျိုး၊ သန့်စင်ခန်းကြမ်းပြင်တွေမှာချထားတာမျိုးတွေ  မလုပ်သင့်ပါဘူး။

အိတ်ပေါ်ကပ်နေတဲ့ staphylococcus၊ ဗိုင်းရပ်စ်၊ fomites နဲ့ ကူးစက်ရောဂါဖြစ်ပွားစေနိုင်တဲ့ microbes ကဲ့သို့သော အရေပြားပေါ်က ဘက်တီးရီးယားတွေ ဖယ်ရှားဖို့ ပိုးသတ်ထားတဲ့ အဝတ်စလေးတွေနဲ့ တစ်ပတ်တစ်ကြိမ် အထူးသတိထား သုတ်သင် သန့်ရှင်းပေးသင့်ပါတယ်။

သားရေသားတွေ ပျက်စီးသွားမှာစိုးရိမ်တယ်ဆိုရင်တော့ အားလုံးတစ်ခါတည်း မသုတ်သေးခင် အစမ်းသဘောနဲ့ အကွက်သေးလေး တစ်နေရာကို အရင် စမ်းသုတ်ကြည့်လိုက်ပါ။

Ref: DailyMail
trend myanmar

အပြည့်အစုံသို့ »

သတ္တု ကြိုးပါတဲ့ ဘရာစီယာ အောက်ခံကြောင့် အမျိုးသမီးတစ်ဦး ကျည်ဆံမှန်ခဲ့ပေမယ့်လည်း မသေဘဲ အသက်ချမ်းသာရာရခဲ့

 
RIO DE JANEIRO (AP)သတင်းဌာနမှ သတင်းတစ်ရပ်အရ ဘရာဇီးနိုင်ငံ သတင်းထုတ်ပြန်ချက် တစ်ရပ်မှာ သတ္တု ကြိုးပါတဲ့ ဘရာစီယာဟာ သူ့ဆီ လလာတဲ့ ကျည်ဆံနှင့် ထိမိခဲ့သော်လည်း အသက်ချမ်းသာရာ ရခဲ့တယ်လို့ သိရပါတယ်။

 IveteMedeiros ဆိုသူ အမျိုးသမီးဟာ Amazonian မြို့က ကုန်သည်တစ်ဦးဖြစ်ပြီး ဈေးတစ်ခုထဲ ရောက်နေတဲ့အချိန်မှာ အပြက်ဖက်က ဆူညံသံတွေကြားပြီး ထွက်ကြည့်ရကနေ လမ်းတစ်ဖက်ခြမ်းကေ လမ်းသွားလမ်းလာတစ်ဦးကို ချုပ်ထားတဲ့ သူခိုးတစ်ယောက်မှ ပစ်လိုက်တဲ့ ကျည်ဆံနဲ့ ထိမှန် သွားခဲ့ရတာပါ။

ထိမှန်သွားခဲ့တဲ့ အချိန်မှာသူမရဲ့ ယောင်္ကျားဖြစ်သူက သူမကိုသေပြီလို့ ထင်ခဲ့သော်လည်း ကံကောင်းစွာနဲ့ပဲ သူမ အသက်ရှင်သန်ခဲ့ရပါတယ်။

"ဒါ ကျွန်မကို ဘုရားသခင်က ကယ်တင်ပေးခဲ့တာပါ" လို့ Medeiros မှ သတင်းဌာနကို ပြောကြားခဲ့ ပါတယ်။

Ref:huffingtonpost.com
trend.com.mm
အပြည့်အစုံသို့ »

ဗိုက်မြန်မြန်ချပ်အောင် ဘာတွေသောက်သင့်လဲ



ကိုယ်အလေးချိန် လျှော့ချဖို့  ဆုံးဖြတ် ထားသူတွေအနေ နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားရုံသာမက လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့     လိုအပ် တယ်ဆိုတာ သိထားကြပါတယ်။ အစာစားရုံ၊ လေ့ကျင့်ခန်းလုပ်ရုံသာမက အဆီတွေကို   မြန်မြန်လောင်ကျွမ်းစေနိုင်တဲ့ သောက်စရာတွေ မှန်ကန်စွာရွေးချယ်နိုင် ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ရေခဲရေ

ရေခဲရေဟာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လုပ်ငန်းစဉ်များကို မြှင့် တင်ပေးနိုင်တာကြောင့် ကယ်လို ရီပမာဏများနေတာတွေကို ဖယ်ရှားပေးပါတယ်။ နေ့တိုင်းရေခဲ ရေအနည်းဆုံး ၁၆ အောင်စ လောက်သောက်ရင် ထူးခြားတဲ့ ရလဒ်တွေ့ရမှာပါ။

အုန်းရည်

အခြားသောဖျော်ရည်တွေ ထက် လျှပ်လိုက်ရည် (အီလက် ထရိုလိုက်)များများပါဝင်တာကြောင့် ရေဓာတ်အမြဲပြည့်ဝနေ စေပါတယ်။ အုန်းရည်ထဲကို သကြားနဲ့ အခြားအရသာတုတွေ မထည့်ဘဲ သောက်သင့်ပြီး ခန္ဓာကိုယ်တွင်းလုပ်ငန်းစဉ်တွေနဲ့ စွမ်းအင်ပြည့် ဝနေဖို့ထောက်ကူပါတယ်။

အဆီထုတ်နွားနို့

ခန္ဓာကိုယ်ထဲကအဆီတွေ မြန်မြန်ချေဖျက်ရာမှာ အကျိုးပြု တာကြောင့် အဆီထုတ်နွားနို့ ပုံမှန်သောက်ပြီး ဘာတွေထူးခြား လဲ စောင့်ကြည့်နိုင်ပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်

ကျန်းမာရေးအတွက် ကောင်းကျိုးပြုရုံသာမက ကယ် လိုရီပမာဏများနေတာတွေကို လည်း လျှော့ချပေးနိုင်ပါတယ်။

အာဟာရဖျော်ရည်

ဈေးကွက်ထဲမှာ အသင့် ရောင်းချတဲ့ အာဟာရဖျော်ရည် တွေကတော့ ပုံမှန်အားဖြင့် ကျန်း မာရေးအတွက် အထောက်အကူ ပြုပေမယ့် ကိုယ်ရွေးချယ်သောက် တဲ့ဖျော်ရည်က သင့်လျော်မှုရှိ၊ မရှိကိုတော့ ဆရာဝန်နဲ့ တိုင်ပင် သင့်ပါတယ်။

လက်ဖက်စိမ်းနှင့်

နို့မပါလက်ဖက်ရည်

အဆီဓာတ်ကို ၄၃ ရာခိုင် နှုန်းဖယ်ရှားပေးတာကြောင့် ပိန် ပိန်ပါးပါးဖြစ်လိုသူတွေကတော့ ပုံမှန်သောက်သင့်ပါတယ်။

ဖရဲသီးဖျော်ရည်

ဗိုက်ချပ်ဖို့အတွက်ဆိုရင် သကြားမထည့်ဘဲ သဘာဝ အတိုင်းသောက်ဖို့တော့လိုပါ တယ်။ ကယ်လိုရီကိုလျော့ကျစေ ပြီး ရေဓာတ်ကိုအမြဲပြည့်ဝနေစေ ပါတယ်။ Ref: stethnews.com

credit : 7day daily
အပြည့်အစုံသို့ »

တကယ့်ဘဝထဲ တိုးဝင်လာတဲ့ ဖေ့စ်ဘွတ်ခ်ပြဿနာများ




တကယ်တမ်းတွင် ပြဿနာ ကဘာမျှကြီးကြီးကျယ်ကျယ်မဟုတ်။ အေမီချိုက ၎င်း၏ခင်ပွန်း ကလေးပုခက်လွှဲပြီး ဟင်းချက်နေသည့်ဓာတ်ပုံတစ်ပုံကို သူငယ်ချင်းများကိုပြချင်သည့်စိတ်၊ အိမ်အလုပ်များကူလုပ်ပေးသည့်ခင်ပွန်းဖြစ်သူကို ကြွားဝါချင်စိတ်ဖြင့်သာ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်တင်လိုက်ခြင်းဖြစ်ပါသည်။ သို့သော် အေမီချိုမေ့လျော့နေသည့်အချက်ကား ၎င်း၏များပြားလှစွာသောဖေ့စ်ဘွတ်ခ်သူငယ်ချင်းများထဲတွင် ၎င်း၏ယောက္ခမကြီးလည်း ပါဝင်နေသည်ဆိုသည့်အချက်ဖြစ်သည်။ ပြဿနာကား အေမီချိုတင်ထားသောဓာတ်ပုံအောက်မှာ ယောက္ခမကြီးက အောက်ပါအတိုင်းကွန်မန့် (ခေါ်)မှတ်ချက်တစ်ခုရေးရာမှစတင်တော့သည်။

‘ယောက်ျားကို  အိမ်အလုပ်တွေမတရားခိုင်းတာ  အမျိုးကောင်းသမီး မဟုတ်ဘူး’

ထိုမှတ်ချက်ကိုဖတ်လိုက် ရသောအခါ အေမီချို သွေးဆူသွားသည်။ အေမီချို့ထက် ပို သွေးဆူသည်ကား အေမီချို၏ ဖေ့စ်ဘွတ်ခ်သူငယ်ချင်းထဲမှာရှိနေသည့်မိခင်ဖြစ်ပါသည်။ ၎င်းက ဖေ့စ်ဘွတ်ခ်ဓာတ်ပုံအောက်က အေမီချို၏ယောက္ခမမှတ်ချက်ကိုမြင်နေရသည်။   ခမည်းခမက်တော်သူက သမီးကို အမျိုးကောင်းသမီးမဟုတ်ဟုဆိုသော စကားက သူ့ကိုပါတိုက်ရိုက်သက်ရောက်နေသည်မဟုတ်ပါလား။  ဖေ့စ်ဘွတ်ခ်ပေါ်တွင် ခမည်းခမက်များ အပြန်အလှန်စကားစစ်ပွဲနွှဲကြ၏။ သူ့ဘက်ကိုယ့်ဘက်အမျိုးများ၊ မိတ်ဆွေများက လိုက်ခ်(like)များနှိပ်ကာ အားပေးကြ၏။ ကွန်မန့်မှတ်ချက်ပေါင်း ၂၀ကျော်အပြန်အလှန်ရေးအပြီးမှာတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဘလော့ဂ်ပြီး ပွဲသိမ်းလိုက်ကြ၏။ အပြင်မှာလည်း တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြတော့။

အေမီချိုတို့သားအမိသာမဟုတ်၊ မြန်မာနိုင်ငံတွင်ဖေ့စ်ဘွတ်ခ်ပေါ်လာပြီးကတည်းက သတင်း၊ ဖျော်ဖြေရေး၊ လူမှုရေး၊ ပညာရေးများအတွက် အကျိုးရှိ စွာအသုံးချနေကြသူများရှိသလို အပြင်မှာ ဘာမှမဖြစ်ဘဲ ဖေ့စ်ဘွတ်ခ်ပေါ်လာခါမှ အငြင်းပွား ပြဿနာများတက်ကာ မခေါ်နိုင် မပြောနိုင်သူများ အများကြီးရှိလာပါသည်။ ထို့အတူ နေ့စဉ်ဘဝ မှာဖေ့စ်ဘွတ်ခ်အတွက် အတော်များများ အချိန်ပေးလာသူတွေလည်း အများအပြားတိုးလာနေပါသည်။

၂၀၁၅ ဇန်နဝါရီ ၂၇ ရက်က ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက် နှာတစ်နာရီလောက်ပြတ်တောက်သွားခဲ့ရာတွင် မြန်မာနိုင်ငံမှ သုံးစွဲသူများအပါအ၀င် နိုင်ငံအများအပြားက ဖေ့စ်ဘွတ်ခ်ပရိသတ် များ ပွက်လောရိုက်ဆူညံသွားခဲ့သည်။

သည်အရာက သိပ်တော့ထူး ဆန်းသည့်အချက်မဟုတ်။ Forbes မဂ္ဂဇင်း၏ပြောကြားချက် အရ ဖေ့စ်ဘွတ်ခ်သည် ကမ္ဘာပေါ်မှလူများအတွက် အကြီးဆုံးလူမှုရေးကွန်ရက်အင်တာနက်စာမျက်နှာတစ်ခုဖြစ်လာပြီဟုဆိုပါသည်။ သို့သော် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်က အခြားနိုင်ငံများနှင့်ယှဉ်ပါကကမ္ဘာပေါ်တွင် ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာသုံးစွဲသူ  အနည်းဆုံးနိုင်ငံများ၌ ရှိနေပါသေးသည်။

လက်ရှိပြုစုထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသည့်အရေအတွက်မှာ လေးသန်းနီးပါးရှိနေပြီဖြစ်သည်။

ဖေ့စ်ဘွတ်ခ်၏တရားဝင် ထုတ်ပြန်ချက်များအရ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူလူပေါင်း သန်းတစ်ထောင့်နှစ်ရာအထိပင် ရှိသည်ဟုဆိုပါသည်။ ဖေ့စ်ဘွတ်ခ်ကိုအရွယ်စုံ၊ လူမျိုးစုံအသုံးပြုလာကြပြီး သုံးသူများထဲမှာ အမေရိ ကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင်နေသည့် အသက် (၁၀၇)နှစ်ရှိနေသည့် အဘွားတစ်ဦးပင်ပါဝင်သည်။ ကမ္ဘာမှာ အသက်အကြီးဆုံးဖေ့စ်ဘွတ်ခ်သုံးစွဲသူဟုပြောကြသည့် အဆိုပါအဘွား၏အမည်မှာ အက်ဒီသီကီရာမိုင်ရာ (EdytheKirchmaier) ဖြစ်ပြီး ၎င်းက ချီကာဂိုတက္ကသိုလ်မှ ကျောင်းသူဟောင်း တစ်ဦးဖြစ်ပါသည်။ အသက်ကြီးသူဆိုသော်လည်း ခေသူတော့မဟုတ်။

၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ သူတင်သမျှကို ပုံမှန်လာဖတ် သူပေါင်း ငါးသောင်းကျော်ရှိသည်ဟုသိရ၏။ ထိုကဲ့သို့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေက လူကြီးကနေ ကလေးအထိ အရွယ်စုံကဲ့သို့ ဖြစ်လာသောပြဿနာများကလည်း နေရာမျိုးစုံ၊ ပုံစံမျိုးစုံ ဒုနှင့်ဒေးဖြစ်လာပါသည်။ ရန်ကုန် ကအေမီချိုတို့လို မိသားစုပြဿနာတင်မက နိုင်ငံရေး၊ စီးပွားရေး ပြဿနာများအထိပင် ပါဝင်ပါသည်။

ထိုအထဲတွင် မြောက်ပိုင်း အင်္ဂလန်မှ အသက် (၁၄)နှစ် အရွယ်ကျောင်းသားလေးဂျော်ဒန် ဖို့ဒ်ဆိုသူမှာ ဖေ့စ်ဘွတ်ခ်ကြောင့် အထက်တန်းကျောင်းကနေပါ ထွက်ခဲ့ရသည်အထိ ပြဿနာတက်ခဲ့ရသည်။ ဂျော်ဒန်ဖို့ဒ်က ဆယ်ကျော်သက်ပီပီ ခေါင်းကို ဆံပင်အနီရောင်ဆိုးသည်။ ၎င်းတို့ ကျောင်းက ဆံပင်အနီကို အခြားသာမန်အရောင်ပြောင်းခိုင်း၏။

ဂျော်ဒန်က မကျေနပ်ပါ။ တစ်နေ့တွင် ဖေ့စ်ဘွတ်ခ်ပေါ်၌ ၎င်းတို့ကျောင်းအုပ်ဆရာမကြီး၏ ဓာတ်ပုံကိုသွားတွေ့၏။ ဆရာမကြီးက ဆံပင်ကို ခရမ်းရောင်ဆိုးထားသည်။ ဆရာမကြီးက ဖေ့စ်ဘွတ်ခ်မှာ အဟန့်အတားများနှင့် ကိုယ့်ပုံများကို မဆိုင်သူများမမြင်အောင်လုပ်ရသည့် သဘောကိုနားမလည်။ ထို့ကြောင့် ၎င်း၏ပုံကို ဂျော်ဒန်ကအလွယ်တကူ ကူးယူသွား၏။

ထို့နောက် ဆရာမကြီးပုံ အောက်မှာ ဂျော်ဒန်က ပုံစံမျိုးစုံ ဖြင့် ဆရာမကြီး၏ဆံပင်အရောင်၊ ကိုယ်ခန္ဓာနှင့် အခြားရုပ်ပိုင်းဆိုင် ရာများကို လှောင်စာ၊ ပြောင်စာ တွေမျိုးစုံအောင်ရေးပြီး ဖေ့စ် ဘွတ်ခ်၌ပြန်တင်သည်။ အခြား ကျောင်းသားများကပါ ဝင်ရေး  ကြ၊ ဝင်ဟားကြ၏။ ဆရာမကြီး လည်း အရှက်ကြီးစွာရခဲ့၏။ ထို အချက်ကြောင့် ၎င်းကိုကျောင်းကထုတ်ပယ်ခဲ့တာဖြစ်ပါသည်။

ဂျော်ဒန်၏ဖခင်က ယင်းအဖြစ်အပျက်ကို အင်္ဂလန်တယ် လီဂရပ်ဖ်သတင်းစာကိုပြောကြား ရာတွင်သူ၏သားမှာ လူပြောင်ဖြစ်ပြီးဆရာမကြီးကို စနောက်ခြင်းသာဖြစ်ပါသည်ဟုဆိုပါသည်။

သို့ရာတွင် ကျောင်းအုပ်ချုပ် ရေးအဖွဲ့က ဂျော်ဒန်၏အပြုအမူ ဆောင်ရွက်ချက်များသည် လူမှု ရေးဆိုရှယ်မီဒီယာစည်းကမ်းများ ကိုဖောက်ဖျက်နေသည်ဟုဆိုပါ သည်။

‘‘ဂျော်ဒန်နဲ့မိဘတွေက ကျောင်းသားတွေအနေနဲ့ ဆိုရှယ် မီဒီယာကို ဘယ်လိုသုံးရမလဲဆို တာ ကျောင်းအပ်ကတည်းက လက်မှတ်ထိုးပြီးသားပါ။ ကိုယ့် အချိန်ကို ကိုယ်သုံးပြီးလုပ်တယ်ဆိုပေမယ့် တခြားသူတွေရဲ့ ကိုယ် ပိုင်စာမျက်နှာကို ကျူးကျော် ဓာတ်ပုံကူးချပြီး အဲဒီလိုလုပ်တာကိုလက်မခံနိုင်ပါဘူး’’ဟု ကျောင်း အုပ်ချုပ်ရေးအဖွဲ့ကဝေဖန်သည်။

ယင်းအဖြစ်အပျက်မှာ ဖေ့စ် ဘွတ်ခ်ကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်ခ်မရှိမီက ဂျော်ဒန်ကဲ့သို့ကျောင်းသားကလေး တွေက ကျောင်းဆင်းလျှင် အိမ်သို့ပြန်ကြသည်။ သူငယ်ချင်းများနှင့်တွေ့ကြသည်။ ဆရာများနှင့်ပြော ဆိုဆက်ဆံပြီး ၎င်းတို့၏လူမှုပြဿနာများကို အချင်းချင်းဖွင့်ဟဆွေးနွေးကြသည့် သဘောရှိ သည်။

ယခုအခါမူ အားလုံးက အချင်းချင်းစကားမပြောအား။ လူကိုယ်တိုင်မတွေ့အားကြ။ အားလုံးဖေ့စ်ဘွတ်ခ်ပေါ်မှာတွေ့ သည်။ အသိပေးသည်။ စာရင်း ရှင်းကြသည်။ ရန်ဖြစ်ကြသည်။ ရန်ကုန်က အေမီချိုတို့လို မိသားစု ဝင်အချင်းချင်း ကိုယ်ရေးကိုယ်တာကိစ္စများကိုလည်း ဖေ့စ် ဘွတ်ခ်ပေါ်မှာလူသိရှင်ကြား ရှင်းလင်းကြတာများလည်းရှိသည်။

သည်အရာတွေက ဖေ့စ် ဘွတ်ခ်၏ကောင်းကျိုးလား၊ ဆိုး ကျိုးလားယခုအချိန်မှာတော့ အေမီချိုတစ်ယောက် မစဉ်းစား အားနိုင်သေး။ အချိန်ရတုန်း သူ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘလော့စရာ ရှိသူတွေကို ဘလော့ရဦးမည်ဖြစ် ပါသည်။

‘ယောက္ခမက ဖေ့စ်ဘွတ်ခ် ပေါ်မှာ အမေနဲ့ရန်ဖြစ်ကြတော့ ကျွန်မကိုဘလော့ဂ်သွားတယ် လေ။  ဘယ်ရမလဲ နေဦး ကျွန်မကလည်း ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့အမျိုးတွေကိုပါ ပြန်ဘလော့ဂ်ပြီး ရီပို့ပါလုပ်ပေးလိုက်ဦးမယ်’

http://7daydaily.com/story/30615#.VMtZ6WiUewg
အပြည့်အစုံသို့ »