တရုတ်မုန့်သုံးမျိုးနှင့် ယိုစုံတစ်ခုတွင် တားမြစ်ဓာတုပစ္စည်းများ စစ်ဆေးတွေ့ရှိ



စားသုံးရန်မသင့်သော ဓာတုပစ္စည်းများ ပါဝင်နေသည့် မုန့်လေးမျိုး (ဓာတ်ပုံ - MOI)
ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသော တရုတ်မုန့်သုံးမျိုးနှင့် ပြည်တွင်းမှ ယိုစုံတစ်ခု၌ စားသုံးရန်မသင့်သော ဓာတုပစ္စည်းများ ပါဝင်နေကြောင်း သတင်းရရှိသည်။


ကျောင်းမုန့်ဈေးတန်းများတွင် တွေ့ရသော MIKI KO တံဆိပ် တရုတ်ဆီးသီး၊ SIKOZ နှင့် SOUR LIQUID CANDY တံဆိပ် အာဖျန်းအချိုရည်နှင့် ပြည်တွင်းမှ တွင်ကျယ်အမှတ်တံဆိပ် ယိုစုံတို့ ၌ တားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တွေ့ရှိသည့် မုန့်များကို စည်ပင်နှင့်ပူးပေါင်း၍ သိမ်းဆည်း အရေးယူသွားမည်ဖြစ်ပြီး ထပ်မံရောင်းချပါက အမျိုးသားစားသောက်ကုန်ဥပဒေပုဒ်မ ၂၈ (က) ဖြင့် တရားစွဲဆိုသွားမည်ဟု FDA က ဆိုသည်။

‘‘မုန့်တွေမှာ ပါတာက Rhodamine နဲ့ Sudan III ဓာတုပစ္စည်းတွေပါတယ်။ ဒါတွေက ကလေးတွေမှာ ကင်ဆာဖြစ်စေနိုင်ပြီး တခြားဆိုးကျိုးတွေလည်း ရှိပါတယ်’’ဟု FDA ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဇင်ဇင်နွယ်က ပြောသည်။

‘‘ကိုယ်တွေကလည်း ဘာမှ နားမလည်ဘူး။ အဲဒီလို ကျန်းမာရေးတာဝန်ရှိသူတွေ လာစစ်ပေးမှပဲ ဘာက မစားသင့်ဘူးဆိုတာ သိပြီး ရောင်းချဖို့ တားမြစ်သွားနိုင်မယ်လေ’’ ဟု အထက်တန်းပြကျောင်းဆရာမတစ်ဦးက ပြောသည်။ FDA က တစ်နိုင်ငံလုံးရှိ ကျောင်းမုန့်ဈေးတန်း အန္တရာယ်ကင်းရှင်းရေး စီမံချက်ဖြင့် စစ်ဆေးလျက်ရှိပြီး ယခင်လကလည်း အန္တရာယ်ရှိသည့် မုန့် ၂၈ မျိုးကို ထုတ်ပြန်ကြေညာခဲ့သည်။

7daydaily.com
အပြည့်အစုံသို့ »

ကြိုတင်ရှောင်ရှား ရောဂါများ


အာရုံမျက်လုံးနှင့် အကြောပိုင်းဆိုင်ရာအားနည်းခြင်းရောဂါဝေဒနာကို လူအများ တိုးတက်ဖြစ်ပေါ်လာနေသည့် အတွက်အသိပေး တင်ပြခြင်းဖြစ်ပါသည် ။

ကျန်းမာရေး အသိတွေရတော့ ရှောင်သင့်တာကိုရှောင်လိုက်ခြင်းဖြင့် ရောဂါများ များပြားလာခြင်း သို့ တည်းမဟုတ် တိုးပွားနိုင်လာခြင်း လျှော့နည်းပါလိမ့်မည် ။

မြို့ ပြတောရွာမကျန် အိုင်တီခေတ်ကြောင့် နည်းပညာနှင့် အသုံးဆောင်ပစ္စည်းတွေ သုံးစွဲမှု့ မြင့်မားလာခြင်းနှင့် အတူ မသိမသာ သုံးစွဲသူ လူတစ်ယောက်တွင် ကျန်းမာရေးဆိုင်ရာ တစ်ချို့ တစ်လေ အားနည်းလာပါတယ် ဒါကလဲ သတိမထားမိတော့ မဖြစ်ဘူးလို့ ထင်နေကြမှာပါ ။

တစ်ချို့ မိဘတွေ ကိုယ့်ကလေးငယ်ငယ်လေးတွေကို MP-4 နှင့် တစ်ခြား အိုင်တီခေတ်ပစ္စည်းများကို ပေးကိုင်ခိုင်းခြင်း ပြု့ လုပ်စေပါတယ် တကယ်တမ်းမှာ ရုပ်မြင်စေသည့် ဖန်ပြားပြင်သည့် နုနယ်သော ကလေးတွေမှာ ကြာလာသည့်နှင့် အမျှ အမြင်အာရုံကို ချိုးတဲ့ ထိခိုက်စေပါသည် ။

ခေတ်ကာလအတွင်းက အရွယ်ရောက် ယောင်္ကျားလေးများနှင့် မိန်းကလေးများတို့ သည့် မိမိလက်ကိုင်ဖုံးမှနေပြိး အင်တာနက်ကို အချိန်ကြာမြင့်စွာ တစိုက်မတ်မတ် သုံးစွဲလာကြပါတယ် အဲလို့ အမြင်ကို ကျန်းမာရေးအရ ပြောရရင် မကောင်းပါဘူး လူ့ ခန္ဓာကိုယ့် ကြာလာသည့်နှင့်အမျှ ကျန်းမာရေး ချိုးတဲ့လာဖို့ သာ ရှိပါတော့တယ် ကျန်းမာရေးမကောင်းလာခဲ့ရင် ကျန်သည့်အသိပညာတွေ အချည်းအနှီးသာဖြစ်လာပါတယ် ဒါကြောင့် သုံးစွဲသူများ သိရှိစေလိုပါသည် ။

မိမိ အာရုံစူးစိုက်ကြည့်နေသည့် မြင်ကွင်းသေးသေးများကို ကြာချိန် ၁၀ မိနစ်ထက်မပိုဘဲ မျက်စိ မှစူးစိုက်စွာကြည့်ခြင်းမျိုး ရှောင်ရှားပေးပါ ။ မျက်လုံးကို တစ်နေရာသို့  မကြာမကြာလွဲပြောင်းကြည့်ပေးသင့်ပါတယ် ။

ခေါင်းငုံခြင်းဖြစ်နေသည့်အတွက် မကြာခဏ ခေါင်းမတ်ပေးခြင်း ခေါင်းကို နောက်ပြန် အကြောပြေစေရန် လုပ်ဆောင်ပေးခြင်းမျိုးနှင့် ဦးခေါင်းကို ဘယ်ညာ လှဲ့ ပေးခြင်း မဖြစ်မနေ လုပ်ပေးသင့်ပါသည် ။

လက်အနေအထားမှာ ကွေးနေသည့် ပုံစံဖြင့် သုံးစွဲလွန်လာခဲ့ရင် လက်နှစ်ဖက်မှာ ထုံတာတွေ ကျင်တာတွေ တဖြေးဖြေးဖြစ်ပေါ်လာပြီး နောက်ပိုင်း လက်လှုပ်ရှားခြင်းတွက် မိမိကိုယ်ကိုယ့် လှုပ်ရှားမှု့ အားမရဖြစ်လာတက်ပါတယ် ဒါကြေင့် အိုင်တီနှင့်ပတ်သက်သည့် အသုံးဆောင်များကို အချိန်ကြာမြင့်စွာ သုံးစွဲရန် မသုံးသင့်ကြောင်ကို ကျန်းမာရေး အမြင်ဖြင့် အသိပေးပြောကြားလိုပါသည် ။

ဖိုးသူတော်
Credit : Mg Mandalay
အပြည့်အစုံသို့ »

ဒီနှစ်ချစ်သူများနေ့က သူမဘ၀တွက် မှတ်မှတ်ရရဖြစ်စေမယ်လို့ယုံကြည်နေတဲ့ ဆုပန်ထွာ




ခင်ဆွေသက် on 2015-01-16 14:28    
အချစ်ရေး၊ အိမ်ထောင်ရေး သတင်းအချို့နဲ့ ဂယက်ရိုက်ခဲ့ဖူးတဲ့ ဆုပန်ထွာက ခုလက်ရှိမှာ အချစ်ရေး အိမ်ထောင်ရေး မေးခွန်းများကို မဖြေချင်ကြောင်းနဲ့ လက်ရှိသူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုသာ ပရိသတ်ကို ဖွင့်ဟချင်တယ်လို့ ပြောလာခဲ့တာကြောင့် လက်ရှိအနုပညာလှုပ်ရှားကို မေးကြည့်တဲ့အခါ “ခုရိုက်နေတဲ့ ကားလေးက လူမိုက်ကကျွန်တော်တဲ့။ ဒါရိုက်တာက မောင်မောင်မြင့်လွင့်၊ မင်းသားက နေမျိုးအောင်ပေါ့။ ဒီကားလေးက တောဇာတ်လေးပေါ့။ လာတဲ့ ဇာတ်တွေကိုတော့ အစ်မနဲ့ အဆင်ပြေပြီး လုပ်ရတဲ့ ကာရိုက်တာ လုပ်ကွက်ရရင် ရိုက်ဖြစ်တယ်။ ကားရိုက်ကတော့ တစ်လကို တစ်ကားတော့ ပုံမှန်ရိုက်ဖြစ်တယ်။ အရမ်းကြီး ကားရိုက်ဖက်ကို အာရုံမစိုက်နိုင်တာက အစ်မက သီချင်းခွေဖက်ကိုလဲ လုပ်နေရလို့ပါ”တဲ့။

ဆုပန်ထွာဟာ လောလောဆယ် ဒုတိယအခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပြီး အသံသွင်းဖို့ပဲ ကျန်တော့တဲ့အကြောင်းကိုလည်း ခုလို ပြောပြသွားပါတယ်။ “အခွေကတော့ အသံသွင်းဖို့ပဲကျန်တော့တယ်။ owntune များမယ်။ ကော်ပီကတော့ ၂ပုဒ်လောက်ပါမယ်။ title ကတော့ ရွေးနေတုန်းဆိုတော့ အတိအကျ မသိရသေးဘူး။ သေချာရင် ပြောပါမယ်။ ဒီအခွေလေး ကိုတော့ မပန် ၂၀၁၅ မကုန်ခင် ထွက်ချင်တယ်။ ထွက်နိုင်အောင်လဲ ကြိုးစားနေပါတယ်။ ဒီကား မရိုက်ခင် ရှေ့ရက်တွေကတော့ နယ်တွေမှာ တောက်လျှောက် သီချင်းတွေဆိုဖြစ်တယ်။ အနုပညာအလုပ် ၂ခုစလုံးကို လုပ်နေရတဲ့တွက် တတ်နိုင်သလောက် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် မပန် ကြိုးစားပြီး ရိုက်ကူးနေပါတယ်”လို့ သူမက ပြောပြသွားပါတယ်။

၂၀၁၅ Valentine’s Day ကို သူမဖြတ်သန်းဖြစ်မဲ့ အကြောင်းကို မေးကြည့်လိုက်တော့ “ဒီနှစ် ချစ်သူများနေ့မှာ မပန်ဘ၀အတွက် ထူးထူးခြားခြား တစ်ခုဖြစ်စေမယ်လို့ယုံကြည်ပါတယ်။ ဘာလဲတော့ မသိသေးဘူးပေါ့နော်။ အရင်နှစ်တွေ တုန်းကတော့ ပုံမှန်ပဲပေါ့။ နေ့တွေထဲက နေ့တစ်နေ့ပေါ့။ အဲ့ဒီနေ့ဆို ချစ်သူစုံတွဲလေးတွေကို မြင်ရတာ ကြည်နူးဖို့လဲ ကောင်းသလို ပျော်ရွှင်ဖို့လဲ ကောင်းတယ်။ အဲ့ဒီနေ့မှာ ချစ်သူစုံတွဲတွေ ရန်မဖြစ်ပဲနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းကြပါလို့မပန်က အကြံပေးချင်ပါတယ်”လို့ ဆိုသွားပါတယ်။

credit to Treand Myanmar
အပြည့်အစုံသို့ »

လီဗြောင်ဟွန်းကို ခြိမ်းခြောက်ငွေညှစ်ခဲ့သည့် ဒါဟီးနှင့် လီဂျီယွန်း ထောင်တစ်နှစ်စီကျ



 တောင်ကိုရီးယားမော် ဒယ်လီဂျီယွန်းနှင့် GLAM ကေ ပေါ့ပ်အဖွဲ့ဝင် ဒါဟီးတို့သည် ကေဒရာမာစတားလီဗြောင်ဟွန်း ကို  ခြိမ်းခြောက်ငွေညှစ်ရန် ကြိုး ပမ်းမှုဖြင့် ဇန်နဝါရီ ၁၅ ရက်တွင် ထောင်ဒဏ်တစ်နှစ်ခန့်စီ ချမှတ် ခြင်းခံရသည်။

လီဂျီယွန်းနှင့် ဒါဟီးတို့သည် သရုပ်ဆောင်မင်းသားလီဗြောင် ဟွန်းနှင့် ၎င်းတို့အကြား ညစ်ညမ်း စကားများပြောကြားနေမှုကို လျှို့ ဝှက်ဗီဒီယိုရိုက်ကူး၍ နောက်ပိုင်း တွင် ယင်းဗီဒီယိုဖြင့် လီဗြောင် ဟွန်းထံမှ အမေရိကန်ဒေါ်လာ ငါးသန်းခန့်ခြိမ်းခြောက်ငွေညှစ်ခဲ့ သည်။ ယင်းတရားခံနှစ်ဦးအား နောက်ဆုံးကြားနာစစ်ဆေးမှုကို ဇန်နဝါရီ ၁၅ ရက် နံနက်တွင် ဆိုးလ်မြို့ ခရိုင်တရားရုံး၌ ပြုလုပ် ခဲ့သည်။

တရားခံများသည် ငွေကြေး ရလိုမှုဖြင့် တရားလိုလီဗြောင် ဟွန်းကို ခြိမ်းခြောက်ငွေညှစ် ကြောင်း ပြစ်မှုထင်ရှားသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဒါဟီး အား ထောင်ဒဏ်တစ်နှစ်ကျခံစေ ရန်နှင့် လီဂျီယွန်းအား ထောင် ဒဏ်တစ်နှစ်နှင့် နှစ်လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းပြစ်ဒဏ်များမှာ တရား လိုလီဗြောင်ဟွန်းဘက်မှ တောင်း ဆိုခဲ့သော ထောင်ဒဏ်သုံးနှစ် ထက် ပိုမိုနည်းပါးခဲ့သည်ဟု သိရသည်။ ကေဒရာမာစတားလီဗြောင် ဟွန်းသည် ယင်းကြားနာစစ်ဆေး ပွဲသို့   တက်ရောက်ခဲ့ခြင်းမရှိ ကြောင်းနှင့် လက်ရှိတွင် အမေရိ  ကန်နိုင်ငံ၌ အနုပညာလုပ်ငန်းများ သွားရောက်လုပ်ကိုင်နေကြောင်း သိရသည်။

၎င်း၏ ဇနီးဖြစ်သူ လီမင် ဂျောင်မှာ ကြော်ငြာရိုက်ကူးရန် အမေရိကန်နိုင်ငံမှ တောင်ကိုရီး ယားနိုင်ငံသို့ ပြန်ရောက်နေသည် ဟု သိရသည်။  —Ref: All Kpop

credit to- 7day daily
အပြည့်အစုံသို့ »

ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းတံခါး ကျောက်ခဲဖြင့် ပစ်ပေါက်သော စိတ်မနှံသူကို ရွာသာကြီးသို့ပို့



ခဲဖြင့်ပစ်ပေါက်ခံရ၍ ကျိုးပဲ့သွားသော တံခါးပေါက်တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
 ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခြံအမှတ်(၅၄) ခြံတံခါး ကို စိတ်မနှံ့သော လူတစ်ဦးက ကျောက်ခဲဖင့် ပစ်ပေါက်မှု ဖြစ်ပွားရာ တံခါးကျိုးပဲ့သွားပြီးစိတ်မနှံ့သူအား ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၅ ရက် နေ့လယ် ၂ နာရီအချိန်တွင် ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှ ဆေးလက်မှတ်နှစ်ကြိမ်ရရှိထားသော မရမ်းကုန်းမြို့နေ အသက် (၆၀)နှစ် အရွယ် ဦးအောင်တိုးက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ်(၅၄) တံခါးကို ခဲဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ခဲဖြင့် ပစ်ပေါက်သော  ဦးအောင်တိုးကို ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေး ခေါင်းဆောင် ဦးနီက အမှုဖွင့် အရေးယူဆောင်ရွက်ခြင်း မပြုလုပ်လိုကြောင်း ဗဟန်းမြို့ နယ်ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲအုပ်မျိုးဝင်းဦးက ပြောသည်။

‘‘ခဲနဲ့ပစ်ပေါက်လို့ ရှေ့တံခါး မှန်ကွဲသွားပါတယ်။ သူ့ကို စစ်ဆေးတော့ စိတ်ကျန်းမာရေးဆေးရုံက နှစ်ကြိမ်လက်မှတ်ရထားတဲ့သူ ဖြစ်တယ်။ ကားမောင်းနေတဲ့သားနဲ့ ထမင်းချက်နေတဲ့ မိန်းမကိုခေါ်တာ မလာလို့ စိတ်တိုပြီး ခဲနဲ့ပေါက်လိုက်တာလို့ ပြောတယ်။ အဲဒါကြောင့် သူ့ကိုရွာသာကြီးကို ပြန်ပို့ဖို့ လုပ်နေပါတယ်’’ ဟု ဒုရဲအုပ်မျိုးဝင်းဦးက ပြောသည်။

‘‘တံခါးကို ပစ်ပေါက်ခံရတာ ဟုတ်ပါတယ်။ စိတ်မနှံ့တဲ့သူတစ်ယောက်က ပစ်ပေါက်သွားတာပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခြံအမှတ်(၅၄)မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ခဲဖြင့် ပစ်ပေါက်မှုကြောင့် သစ်သားဖြင့် ပြုလုပ်ထားသော တံခါး၏ အနံ ၅ လက်မ၊ အလျား ၉ လက်မခန့် ပေါက်ပြဲပျက်စီးသွားခဲ့သည်။

7daydaily.com
အပြည့်အစုံသို့ »

ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေ ဖမ်းဆီးထိန်းသိမ်းထား

ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးတစ်ဦးနှင့်လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖားကန့်ဒေသဂွေခါမှော်လမ်းပိုင်းတွင် ကေအိုင်အေက ဖမ်းဆီး ထိန်းသိမ်းထားသည်။

ဖားကန့်မှ မြစ်ကြီးနားသို့ သွားရောက်သည့် ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးက မန်းဒူးနော်နှင့်အတူ လုံခြုံရေး လိုက်ပါလာသော ရဲတပ်ဖွဲ့ ၀င်သုံးဦးကို ဇန်န၀ါရီ ၁၄ ရက် နေ့လယ်က ကေအိုင်အေတပ်ရင်း (၆) က ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သတင်းရရှိသည်။

အစိုးရက သတင်းထုတ်ပြန်ရာတွင် ၀န်ကြီးနှင့်အဖွဲ့ကို ဟွေလုံရွာအနီး၌ ကေအိုင်အေတပ်ဖွဲ့ ၀င် ၂၅ ဦးခန့်က သေနတ်ဖြင့်ပစ်ဖောက်၍ လမ်းပိတ်ဆို့ကာ ၀န်ကြီးအား လမ်းပေါ်၌ ထိုင်ခိုင်းပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ထို့နောက် ၀န်ကြီးနှင့် အဖွဲ့ကိုဆက်လက်ထွက်ခွာခွင့်ပြုသော်လည်း  ဒုရဲအုပ်မြင့်စိုးနှင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေ တပ်ရင်း (၆)သို့ ဆက်သွယ်မေးမြန်းရာ သတ်မှတ်ထားသည့်လမ်းကြောင်းမှမဟုတ်ဘဲ ရှေ့တန်းနယ်မြေအတွင်းသို့ လက်နက်နှင့် အတူဝင်ရောက်လာ၍ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ဖြေဆိုသည်။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုမူ ဖမ်းဆီးခဲ့ခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင် သုံးဦးကိုသာစစ်ဆေး မေးမြန်းရန် ထိန်းသိမ်းခဲ့သည်ဟု ကေအိုင်အေဘက်ကဆိုသည်။

‘‘ရှေ့တန်းနယ်မြေမှာ ထိပ်တိုက်ရင်ဆိုင်တွေ့လို့ လက်နက် တွေပါတော့ လိုအပ်တာတွေမေးမြန်းဖို့ ခေါ်ယူစစ်ဆေးခဲ့တာ။ ကိုယ်ထိလက်ရောက်နှိပ်စက်တာလည်းမရှိဘူး။ ပြန်လွှတ်ပေးမှာပါ’’ဟု ကေအိုင်အေ တပ်ရင်း(၆) ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။ ‘‘ဖြစ်စဉ်က ဟုတ်ပါတယ်။  သတင်းရလို့ လိုက်ရှင်းလင်းတော့ ထိတွေ့မှုလေးတွေဖြစ်တယ်။ ဒါ က တပ်ပိုင်းဆိုင်ရာပါ’’ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိပ်တန်းအရာရှိတစ်ဦးကဆိုသည်။

မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း လိုင်ဇာဗိုလ်လောင်း သင်တန်းကျောင်းအား လက်နက်ကြီးပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက်တင်းမာမှုများ ရှိခဲ့သည်။

ထို့ကြောင့် တာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင်သုံးဦးအား အမြန် ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့ဝင်ဒုဗိုလ်မှူးကြီး အဆင့်ရှိ ဦးနော်ဒီနှင့် မြစ်ကြီးနား မြို့ နည်းပညာဆိုင်ရာအကြံပေးအဖွဲ့မှ ဦးလမိုင်ခွန်ဂျာတို့ထံ ဆက်သွယ်ဆောင်ရွက်နေကြောင်း အစိုးရက ထုတ်ပြန်သည်။

7daydaily.com
အပြည့်အစုံသို့ »

ပထမဆုံး ကချင်ခရီးစဉ်မှာ မယ်ပြိုင်ပွဲဒိုင်လုပ်ဖြစ်တဲ့ နန်းခင်ဇေယျာ



(၆၇)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်တွင်ပြုလုပ်သည့် Miss Manu Shayi 2015 ပြိုင်ပွဲ ၌   ဒေါ်အယ်လ်ခွန်းရီ၏ ဖိတ် ခေါ်မှုဖြင့် ဒိုင်အဖြစ်ဆောင်ရွက် ပေးခဲ့ရကြောင်း နန်းခင်ဇေယျာ က ပြောသည်။

‘‘ဒီပွဲကမလုပ်တာ   သုံး နှစ်လောက်ရှိပြီလို့ပြောတယ်။ ဒီ ပွဲလေးက ရန်ကုန်မှာလုပ်တဲ့ပွဲ တွေလိုပဲ အဆင့်မီမီပြုလုပ်တာ ပါ။ မေးခွန်းဖြေရတာတွေပါပါ တယ်။ နောက်ပြီး ပွဲကြီးတစ်ပွဲလို ပဲ ပြိုင်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ရ တာ။ ပြိုင်ပွဲဝင်တွေက တိုင်းရင်း သူတွေ၊ အတွေ့အကြုံလည်း အများကြီးမရှိဘူးဆိုတော့ နည်း နည်းရှိန်တာတွေတော့ရှိတယ်။ ညနေခင်းဝတ်စုံဆိုရင်လည်း သူတို့ရိုးရာတွေနဲ့ သေသေချာချာ ချုပ်ဝတ်ကြတယ်’’ဟု Miss Manu Shayi 2015 ပြိုင်ပွဲအကြောင်းကို နန်းခင်ဇေယျာက ပြောသည်။

ပြိုင်ပွဲဝင် ၃၀ ကျော်ပါဝင် ယှဉ်ပြိုင်ပြီး ယင်းပြိုင်ပွဲတွင် မိုးစက်ဝိုင်ကလည်း ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

ယခင်က ဧည့်လမ်းညွှန်တစ် ဦးဖြစ်သော်လည်း ကချင်ပြည် နယ်သို့မရောက်ဖူးဘဲ ယခုခရီး စဉ်သည် ၎င်းအတွက် ပထမ ဆုံးကချင်ပြည်နယ်ခရီးစဉ်ဖြစ် သည်ဟု ပြောသည်။

‘‘အမှတ်တရတွေကတော့ အများကြီးပါပဲ။ မြစ်ဆုံကိုလည်း သွားလည်ခဲ့တယ်။ နောက်ပြီး သူ တို့ဒေသရဲ့ အစားအသောက်တွေ၊ ဝတ်စားဆင်ယင်ပုံတွေကိုလည်း လေ့လာခွင့်ရခဲ့တယ်’’ဟု နန်းခင် ဇေယျာက ပြောသည်။

ဒေါ်အယ်လ်ခွန်းရီနှင့်အတူ မြစ်ကြီးနားမြို့ ရမ်ပူတွင်ရှိသော လီဆူးနှစ်ခြင်းသာသနာဝင်းအ တွင်း တည်ဆောက်ထားသည့် မေတ္တာစိမ့်စမ်းမိဘမဲ့ဂေဟာ၊ မိဘ မဲ့ကလေးကျောင်းသို့ သွားရောက် လှူဒါန်းဖြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

အနုပညာလှုပ်ရှားမှုအနေ ဖြင့် ယခုရက်အတွင်းကောင်း ပြည့်နှင့် ဗီဒီယိုတစ်ကားရိုက်ကူး ရန် အစီအစဉ်ရှိပြီး ရုပ်ရှင် ရိုက်ကူးရန်လက်ခံထားသည့် ဇာတ်ကားမှာ ရိုက်ဖြစ်ရန်မသေချာတော့ဟု နန်းခင်ဇေယျာကပြောသည်။
http://www.7daydaily.com/story/29409#.VLdLcCuUewg
အပြည့်အစုံသို့ »

ဈေးကွက်အတွင်းရှိ ဆေးဝါးဆယ်မျိုး မသုံးစွဲရန် ကြေညာချက် ထုတ်ပြန်




 ပြည်တွင်းတွင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်း ပျံ့နှံ့နေသည့် ဘေးဥပဒ် ဖြစ်စေနိုင်သော တရားမဝင် ဆေးဝါးတံဆိပ်များကို ကျန်းမာရေးဝန်ကြီးဌာနက မသုံးစွဲကြရန် တရားဝင်ထုတ်ပြန်လိုက်ပြီး ဆေးဝါးအများစုမှာ တရုတ်နိုင်ငံမှ တရားမဝင်ဆေးများဖြစ်ကြောင်း သတင်းရရှိသည်။

အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (FDA)က ဈေးကွက်အတွင်း ပျံ့နှံ့လျက်ရှိသော ဆေးပစ္စည်းအများစုကို စစ်ဆေးခဲ့ရာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသည့်အပြင် ကြာရှည်သုံးစွဲပါက အန္တရာယ်ဖြစ်နိုင်သော ဆေးတံဆိပ် ၁၀ မျိုးကို ဇန်နဝါရီ ၁၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တရားဝင် မှတ်ပုံတင်ထားမှုမရှိခြင်း၊ စံချိန်စံညွှန်းမကိုက်ညီခြင်း၊ ရောဂါပျောက်ကင်းသည်အထိ အရည်အသွေးမပြည့်မီခြင်း စသည့်ဆေးများကို စစ်ဆေးပြီးအရေးယူသည်ဟု FDA က ပြောကြားထားပြီး တရားမဝင် ဆေးဝါးဖြန့်ချိသူများကို အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၈)ဖြင့် အရေးယူနိုင်ကြောင်း သိရသည်။ ဆေးဝါးများတွင် တားမြစ်ထားသောအကိုက်အခဲ ပျောက်ဆေး၊ ပဋိဇီဝဆေး၊ ဝမ်းနုတ်ဆေး၊ ယားယံပျောက်ဆေးတို့ ပါဝင်ပြီး ကုမ္ပဏီငါးခုမှာ တရုတ်နိုင်ငံမှ ကုမ္ပဏီများဖြစ်သည်။

အရေးယူမှုများမှာ ပထမ အဆင့်အနေဖြင့် ရောင်းချသူများကို ခံဝန်ထိုးခိုင်းပြီး ဒုတိယအကြိမ် ထပ်မိပါက ရောင်းချခွင့်လိုင်စင် ပိတ်သိမ်းသွားမည်ဟု FDAဆေးဝါးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ပြောကြားသည်။

‘‘ဆေးတံဆိပ်တွေက အင်္ဂလိပ်လိုတွေလည်းရေးထားတော့ မဖတ်တတ်ပါဘူး။ နေ မကောင်းရင် ဆရာဝန်ပေးတဲ့ ဆေး ဒါမှမဟုတ်စပ်ပေးတဲ့ ဆေးဆိုင်တွေက ဆေးကိုသောက်လိုက်တာ သိပ်နားမလည်ပါဘူး’’ ဟု တောင်ဒဂုံမြို့နယ်မှ ဒေါ်အေးချိုက ပြောသည်။

ဆေးဝါးအတုများ၊ စံချိန်မမီသည့် ဆေးများသည် ရောဂါအမှန်တကယ် ပျောက်ကင်းမှု မရှိခြင်း၊ ဆေးပြင်းလွန်းသည့်အတွက် ဆေးယဉ်ပါးမှုများဖြစ်ခြင်းတို့ဖြစ်နိုင်ကြောင်း’’ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူကပြောသည်။

‘‘ပြည်သူတွေမှာ ကျန်းမာရေးအသိ နည်းပါးတာက သူတို့ ဘဝတွေအတွက် အန္တရာယ်အများကြီးရှိပါတယ်။ ဆေးဆိုတိုင်း သောက်သင့်တာ မဟုတ်မှန်းကောင်းကောင်း သိစေချင်ပါတယ်’’ ဟု ၎င်းက ပြောကြားသည်။

http://7daydaily.com/story/29428#.VLdJ9iuUewg
အပြည့်အစုံသို့ »

ဂျာမနီမှာ နေပြီး အာဖရိက ပြည်သူတွေကို Skype နဲ့ လှမ်းအုပ်ချုပ်တဲ့ ဘုရင်


ဥရောပ တိုက်မှာနေပြီး အာဖရိက ပြည်သူတွေကို Skype ကနေ
လှမ်းချုပ်တဲ့ ဘုရင် တစ်ပါး ရှိပါတယ်။ ဂါနာနိုင်ငံရဲ့ အရှေ့တောင်ဒေသ ပြည်နယ် တစ်ခု ဖြစ်တဲ့ Hohoe ကို King Togbe Ngoryifia Céphas Kosi Bansah အမည်ရ ဘုရင် အုပ်ချုပ်ပါတယ်။
ဂါနာ ဆိုတာ အာဖရိကတိုက် အနောက်ပိုင်းက နိုင်ငံငယ် တစ်ခု ဖြစ်ပါတယ်။ ယင်းထဲမှာ Hohoe ဆိုတာ ရှေးကနေ ယနေ့အထိ ဘုရင်စနစ် ကျင့်သုံးပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထားတဲ့ ဒေသ ဖြစ်ပါတယ်။
ယင်းဒေသကနေ ၁၉၉၀ ကျော်တုန်း Ngoryfia ကို ဘုရငအဖြစ် တင်မြောက်ခဲ့ပါတယ်။ ရှိနေတဲ့ အစ်ကိုကြီး ၂ ယောက်က ဘယ်သန် (ဘယ်ဘက်လက်သန်)သူတွေ ဖြစ်နေတာကြောင့်မို့ Ngoryfia ဟာ ဘုရင်ခံ ဘွဲ့ကို ရရှိခဲ့ ပါတယ်။ ဒါပေမယ့် သူဟာ အဲ့ဒီအချိန်ကတည်းက Student program နဲ့ ဂျာမနီကို ခဏခဏရောက်ပြီး ဂျာမနီကို ကြိုက်နှစ်သက်ခဲ့ ပါတယ်။ တစ်ချိန်တုန်းကလည်း ဂါနာရဲ့ Volta Region ဟာ ဂျာမနီလက်အောက်မှာ ရှိခဲ့ ဖူးတာကြောင့် ဂျာမနီအနေနဲ့ ဂါနာတို့ကို ၎င်းတို့ တိုင်းပြည်မှာ ကျောင်းတက်ခွင့်၊ လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်တို့ ပေးတတ်ပါတယ်။
ဒီတော့ ဘုရင်အဖြစ် တင်မြောက်ခံရပေမယ့် Togbe Ngoryifia Céphas Kosi Bansah ဟာ ဂျာမနီမှာပဲ ဆက်နေသွားပြီး သူ့ဒေသကို Skype ကနေ လှမ်းအုပ်ချုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်တဲ့။ Skype တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Skype မပေါ်ခင်က Fax, email တို့ သုံးပေမယ့် ယနေ့တော့ အင်တာနက် ကနေ tool အမျိုးမျိုး သုံးပြီးတော့ ဆက်သွယ် အုပ်ချုပ် ပါတယ်။ သူနဲ့ သူ့အမျိုးသမီးက ဂျာမနီက မြို့ကြီးတစ်ခုမှာ နေထိုင်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူ့အိမ်မှာ သိမ်းထားတဲ့ ဘုရင့်သရဖူ ပျောက်သွားလို့ သတင်းကြီးနေပါသေးတယ်။ ယူရိုပေါင် ၁သောင်းခွဲ မက တန်ကြေး ရှိပြီး သူကတော့ ဒါဟာ တန်ဖိုးဖြတ်မရဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ နယ်ခြားကနေ နေပြီး တိုင်းပြည်အတွက် များစွာ ကြိုးပမ်း ဆောင်ရွက်ကြောင်းလည်း ဆိုပါတယ်။
ဂျာမနီမှာ ဖောင်ဒေးရှင်းထောင်ပြီး ဂါနာနဲ့ သူ့အုပ်ချုပ်တဲ့ ဒေသတို့ ရေသန့်ရရှိဖို့ နဲ့ ဆေးရရှိဖို့ကို အမြဲ ပြုလုပ်ပေးပါတယ်။ အခြားသော ပစ္စည်းများကိုလည်း တင်ပို့ ပေးပါသတဲ့။ ဂျာမနီက ရုပ်သံ အချို့မှာတောင် ပုံမှန်ပါဝင်လာပါတယ်။ ယခုတော့ အသက် ၆၆ နှစ်ရှိပါပြီ။ သူဟာ ဂျာမနီမှာပဲ ပညာသင်ကြားပြီး စက်မှုနဲ့ မော်တော်ယာဉ်ဆိုင်ရာ ပညာရပ်တို့မှာ မာစတာ ဘွဲ့ယူထားသူ ဖြစ်ပါတယ်။
သူ့ဌာနေ မပြန်ချင်တဲ့ အကြောင်း အချက် တစ်ခုကလည်း သူ တတ်ထားတဲ့ ယင်း ပညာကို ဂျာမနီမှာ ပြည်လည် အသုံးချချင်လို့ ဖြစ်ကြောင်း ဆိုပါတယ်။ တစ်နှစ်မှာ အနည်းဆုံး တစ်ခါတော့ သူ့ အုပ်ချုပ်တဲ့ ပြည်နယ်ကို သွားရောက် လည်ပတ်လေ့ ရှိကြောင်းလည်း သိရပါတယ်။ သူအုပ်ချုပ်တဲ့ ဒေသမှာ နေထိုင်သူ ၂ သိန်း ဦးရေ မက ရှိပါတယ်။ Céphas Bansah အကြောင်းကို http://en.wikipedia.org/wiki/Céphas_Bansah ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။ .

 အောင်ခမ်း
yoyarlay
အပြည့်အစုံသို့ »

သင့်ချစ်သူနဲ့ လမ်းခွဲဖို့ အသင့်တော်ဆုံး အကြောင်းအချက် (၅) ချက်


   
ချစ်ရတဲ့သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချရတာ၊ စိတ်ပိုင်းဖြတ်ရတာ မလွယ်ကူတဲ့အရာပါ။ ဒါပေမယ့် မဖြစ်မနေ ဆုံးဖြတ်ဖို့ လိုအပ်လာတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ ရေရှည်မှာ ကိုယ့်အတွက် အကျိုးမရှိတဲ့အပြင် နစ်မွန်းသွားမယ်ဆိုတာ သေချာနေတဲ့ အချစ်ရေးကို လက်လွှတ်လိုက်ရတာဟာ ခုချိန်မှာ နာကျင်ကောင်းနာကျင်ရမှာ ဖြစ်ပေမယ့် နောင်အခါတွေ ကိုယ့်ဘ၀ကောင်းဖို့အတွက်ပဲဆိုတာ လက်ခံလိုက်ပါ။ ဒီတော့ လမ်းခွဲရင်ကောင်းမလား၊ ဆက်သွားရမလား စဉ်းစားရခက်နေရင် ဒီအချက်တွေကို အရင်ဖတ်ကြည့်လိုက်ပါ။ ဒီအချက်တွေနဲ့ညိနေရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။

၁။ကိုယ့်ကိုနှိပ်စက်တာအခါခါ၊ လူကြားသူကြား အနိုင်ကျင့်တာအခါခါ ဆိုရင်

ဒါက ထင်ရှားတဲ့ အချက်တစ်ချက်ပါ။ လူကြားသူကြားထဲမှာ အော်ငေါက်တယ်၊ ရိုက်နှက်တာမျိုးတွေ ရှိဖူးတယ်။ သူ့ကြောင့် အရှက်ရတာလည်း မနည်းတော့ဘူး ဆိုရင် လမ်းခွဲဖို့သာ စဉ်းစားပါ။

၂။ကိုယ့်ရှေ့ရေးကိုတွေးလိုက်တိုင်းေ၀၀ါးနေခဲ့ပြီဆိုရင်

သူ့ကြောင့် ဘာမှမလုပ်ချင်၊ မကိုင်ချင် စိတ်ဓာတ်တွေ ကျနေရတာများတယ်၊ ပူလောင်နေရတာလည်း များတယ်။ ပြသနာတက်တိုင်းလည်း ကိုယ်ကချည်း အပြစ်တင်ခံရတယ်၊ နာကျင်နေရတာများတယ်ဆိုရင်တော့ ရေရှည်အတွက် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချမှတ်ဖို့ လိုလာပါပြီ။

၃။ပေးထားတဲ့ ကတိကို အကြိမ်ကြိမ် ချိုးဖောက်ဖူးတယ်ဆိုရင်

ကိုယ့်ကို ပေးဖူးတဲ့ ကတိသေးသေးလေးကအစ အကြီးကြီးအထိကို အားလုံးနီးပါး ဖောက်ဖျက်ခဲ့တယ်။ ဒါကို ပြန်တောင်းပန်လိုက်၊ ကိုယ်ကလက်ခံလိုက်နဲ့ ဇာတ်လမ်းဆက်နေရပေမယ့် ကိုယ့်စိတ်ထဲမှာ သူ့ကို စိတ်နာလာခဲ့ပြီဆိုရင်လည်း ဒီအချစ်ရေးဟာ အဆင်ပြေဖို့ ခဲယဉ်းသွားပါပြီ။

၎။ပျော်ရွှင်ရတဲ့အချိန်ထက် နာကျင်နေရတာများနေပြီဆိုရင်

နေ့တိုင်းနီးပါး ရန်ဖြစ်နေရတဲ့ ဆက်ဆံရေးတစ်ခုဟာ ဘယ်လိုများ ရေရှည်အတွက် ကောင်းပါ့မလဲ။ ပျော်စရာတွေထက် တစ်ယောက်နဲ့တစ်ယောက် နာကျင်အောင် ပြောဆိုနေတဲ့စကားတွေကြောင့် ၀မ်းနည်းနေရတတ်တယ်။ ဒါလည်း သင့်အတွက် မကောင်းတာတော့ အမှန်ပါပဲ။

၅။ယုံကြည်မှုတွေ ပျက်သုန်းခဲ့တာကြာပြီဆိုရင်

သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့ ယုံကြည်မှုတွေဟာ တစ်စတစ်စနဲ့ နည်းပါးစပြုလာပြီ။ သူပြောလိုက်တိုင်း ဟုတ်ပါ့မလား၊ ငါ့ကို ညာနေတာလားဆိုပြီး အမြဲတမ်းဝေခွဲနေရတယ်ဆိုရင်လည်း သင့်အတွက် ပင်ပန်းလွန်းနေတဲ့ ဆက်ဆံရေးမို့လို့ လက်လွှတ်လိုက်တာ အကောင်းဆုံးပါပဲလို့။

Ref:yourtango.com

credit to
http://www.trend.com.mm/2015/01/13/relationships-5472
အပြည့်အစုံသို့ »

အဲအေးရှား လေယာဉ်ပျက်မှ လေယာဉ်မှူးအခန်း အသံဖမ်း ကိရိယာ ဆယ်ယူရရှိ



ပျက်ကျခဲ့သည့် အဲအေးရှား ခရီးသည်တင် လေယာဉ်၏ လေယာဉ်မှူး အခန်းအတွင်းမှ အသံများကို မှတ်တမ်းတင် ဖမ်းယူထားသော ကိရိယာကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။


လေယာဉ်ပျက် ရှာဖွေ ဆယ်ယူရေး ဆောင်ရွက်နေသည့် အဖွဲ့များသည် ခရီးစဉ်အမှတ် QZ8501 လေယာဉ်မှ အသံသွင်း ကိရိယာကို တွေ့ရှိခဲ့ပြီဟု အင်ဒိုနီးရှား အာဏာပိုင်များက ဆိုသည်။ လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Boxကို တွေ့ရှိပြီး နောက်တစ်နေ့ ဇန်နဝါရီ (၁၃)ရက်တွင် အသံသွင်း ကိရိယာကို ထပ်မံ ဆယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

Airbus A320-200 အမျိုးအစား လေယာဉ်သည် လူ(၁၆၂)ဦးကို တင်ဆောင်ပျံသန်းရင်း ဒီဇင်ဘာ (၂၈)ရက်က ဂျာဗားပင်လယ်ထဲတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ရှာဖွေရေး အဖွဲ့များက လေယာဉ်တွင် လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ရန် မျှော်လင့်ချက် မရှိဟု ယူဆထားသည်။

လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာရော၊ လေယာဉ်မှူး အခန်းထဲမှ အသံဖမ်း ကိရိယာကိုပါ ဆယ်ယူ ရရှိခြင်းက လေယာဉ်ပျက်ကျရမှုကို စုံစမ်းစစ်ဆေးရာ၌ များစွာ အထောက်အကူ ရရှိစေမည် ဖြစ်သည်။

ရှာဖွေဆယ်ယူရေး အဖွဲ့များသည် ရုပ်အလောင်း (၄၈)ခုကို ပြန်လည် ရရှိထားပြီး ဖြစ်သော်လည်း ကျန်အလောင်း အများစုသည် လေယာဉ်ကိုယ်ထည်ထဲတွင် ပိတ်မိနေဆဲဟု ခန့်မှန်းထားသည်။ ပင်လယ်အောက်တွင် နစ်မြုပ်နေသည့် လေယာဉ်ပျက်၏ ပင်မ ကိုယ်ထည်မှာမူ ယခုအချိန်ထိ ရှာမတွေ့သေးချေ။

_Ref: BBC
http://7daydaily.com/story/29313#.VLUxjSuUewg

အပြည့်အစုံသို့ »

ဖုန်ကြားရှင်၏ တပ်ဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်

တစ်စခန်းပြန်ထလာသည့် ဖုန်ကြားရှင်ကို တွေ့ရစဉ်(ဓာတ်ပုံ - news.qq)


ကိုးကန့်လက်နက်ကိုင် ခေါင်းဆောင် ဖုန်ကြားရှင်၏ တပ် ဖွဲ့နှင့် ပါတီက ကြေညာချက်တစ် စောင်  ထုတ်ပြန်လိုက်ပြီး ပြည် တွင်းစစ်၏ နောက်ဆက်တွဲပြဿ နာများကို အစိုးရတပ်မတော်က တာဝန်ယူရန်၊ လက်နက်အင်အား ဖြင့် ကိုးကန့်ဒေသကို ပြန်လည် သိမ်းယူခြင်းသည် မတတ်သာ သော နည်းလမ်းတစ်ခုသာဖြစ် ပြီး အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စိတ်ရင်း စေတနာမှန်ဖြင့် ဖော်ဆောင်ရန် စသည့်အချက်တို့ကို မေတ္တာရပ်ခံလိုက်သည်။

ယင်းကြေညာချက်မှာ မြန် မာအစိုးရတပ်မတော်ကို ပြန်လည် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)ခေါင်းဆောင် ဖုန်ကြားရှင်၏ ပြောဆိုချက် တရုတ်မီဒီယာများမှတစ်ဆင့် ပျံ့နှံ့သွားချိန်တွင်ထွက်ပေါ်လာခြင်းဖြစ်သည်။

ကြေညာချက်တွင် မြန်မာ့အ စိုးရစစ်တပ်က ပြည်တွင်းစစ်ကို ပြန်လည်ဖော်ဆောင်ခဲ့သည့်အ တွက်   ယင်းကြောင့်ဖြစ်ပေါ်သော ပြဿနာကို   တာဝန်ယူသင့် ကြောင်း၊  ကိုးကန့်ဒေသ၏ မြို့မိ မြို့ဖများကို ဆင်းရဲဒုက္ခဘေးမှ  ကယ်ဆယ်ပြီး  ကိုးကန့်၏ ပင်ကို နေထိုင်မှု အခွင့်အရေး ပြန်လည် ဖြစ်မြောက်ရေးသည် ပါတီနှင့် တပ်မတော်၏ တာဝန်ဝတ္တရား ဖြစ်ပြီး   လက်နက်အင်အားဖြင့် ကိုးကန့်ဒေသကို ပြန်လည်သိမ်း ယူခြင်းသည် မတတ်သာသော နည်းလမ်းတစ်ခုသာဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ‘တိုက်ခိုက်ပြီး ဆွေးနွေး၊ ဆွေးနွေးပြီး တိုက်ခိုက်’ ဆိုသော လမ်းကြောင်းမှ ထွက် ပေးပြီး စစ်မှန်သော တိုင်းရင်း သား ငြိမ်းချမ်းရေးလမ်းကြောင်း ကို အမှန်တကယ်ပြုလုပ်ပေးရန် စသည့်အချက်တို့ကို မေတ္တာရပ်ခံ ကြောင်း ဖော်ပြထားသည်။


ဒီဇင်ဘာ ၂၉ ရက် ပါဖုန်ကြားရှင်၏ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA)၊ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNTJP)၏ မျက်မှောက်အခြေအနေနှင့် ပတ်သက်သော  ကြေညာချက်ဟု ခေါင်းစဉ်တပ်ထားသည့် ယင်းကြေညာချက် ဇန်န၀ါရီ ၁၀ ရက်တွင် မီဒီယာအချို့သို့ ဖြန့်ဝေခဲ့သည်။ တရုတ်ဘာသာဖြင့် ထုတ်ပြန်ပြီး ၂၀၁၅ ဇန်န၀ါရီ ၅ ရက်စွဲတပ်ထားသည့် ယင်းကြေညာချက်ကို တရုတ်သတင်းဌာန sina.com ၏ လက်နက်ကိုင်အဖွဲ့များအကြောင်း အသားပေးဖော်ပြသည့် စာမျက်နှာက ဇန်န၀ါရီ ၆ ရက်တွင် ဖော်ပြခဲ့သည်။

၂၀၀၉ နောက်ပိုင်းက တည်းက ငါးနှစ်ကြာ မြန်မာ့ပြည်တွင်းစစ် ဇာတ်ခုံပေါ်တွင် မှေးမှိန်နေခဲ့သည့် ဖုန်ကြားရှင်သည် ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ် မှုအဖြစ် ဒီဇင်ဘာနှောင်းပိုင်းက တရုတ်ကွန်မြူနစ်ပါတီ အာဘော် ဖြစ်သော People's Daily သ တင်းစာနှင့် အင်တာဗျူးလုပ်ခဲ့ ပြီး အစိုးရတပ်ကို တိုက်ခိုက်ရာ တွင် ပြန်လည်ပါဝင်တော့မည်ဟု ပြောကြားခဲ့သည်။

ဖုန်ကြားရှင်၏ MNDAA သည် ‘၀’ တပ်ဖွဲ့(UWSA)ကဲ့သို့ ပင်  ကွန်မြူနစ်ပါတီ-ဗမာပြည် (ဗကပ) မှ  ခွဲထွက်လာသည့် အ ဖွဲ့ဖြစ်သည်။   စစ်အစိုးရလက် ထက်  ၁၉၈၉ တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ သည်။ ၂၀၀၉ တွင် နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲရန် အစိုးရ၏ ပြောကြားချက်ကို ၎င်း တို့က လက်မခံခြင်း၊ ကိုးကန့်ဒေ သတွင်း မူးယစ်ဆေးဝါးထုတ် လုပ်နေခြင်း စသည့် အကြောင်းပြ ချက်များဖြင့် ရှမ်းပြည်နယ် အထူး ဒေသ (၁) ရှိ MNDAA အခြေစိုက် ရာ လောက်ကိုင်ဒေသကို အစိုးရ တပ်မတော်က ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သည်။

ထိုအချိန်က ထိုင်းနိုင်ငံတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့သော ဖုန် ကြားရှင်သည် ငါးနှစ်ခန့်ပျောက် ကွယ်နေခဲ့ပြီး ၎င်းသည် တရုတ် ပြည်တွင်း၌ ခိုလှုံနေသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ ၂၀၁၂ တွင် MNDAA ပြန်လည် ပေါ်ထွက်လာခဲ့ပြီး  ရှမ်းပြည်နယ် မြောက်ပိုင်းတွင်  တအောင်းအ မျိုးသားလွတ်မြောက်ရေးတပ်မ တော် (TNLA) နှင့် အစိုးရတပ်မ တော်ကြား    တိုက်ပွဲအချို့နှင့် MNDAA အပါအ၀င် လက်နက် ကိုင်အဖွဲ့အချို့မှ  တပ်သားအ နည်းငယ်စီဖြင့် ပူးပေါင်းပြီး မဟာ  မိတ်အဖွဲ့ဖွဲ့ကာ အစိုးရကို တိုက် ခိုက်သည့် တိုက်ပွဲအချို့တွင် ပါ ၀င်လာခဲ့သည်။

http://7daydaily.com/story/29154#.VLIOwCuUewg
အပြည့်အစုံသို့ »