ဗြိတိန်နိုင်ငံမှာ ရေဘယ်လိုချိုးကြသလဲ




Mario on 2015-01-09 14:58    
ဗြိတိန်နိုင်ငံမှာရှိတဲ့ ပြည်သူတွေဟာ များသောအားဖြင့် ရေချိုးခန်းထဲမှာ တွေ့ရလေ့ရှိပြီး ပျမ်းမျှအားဖြင့် တစ်နှစ် ကို ၂၂၇ ကြိမ် ရေပန်း(Shower) နဲ့ ရေချိုးကြတယ်လို့ LateRooms.com ရဲ့ Bubble Bath Day အတွက် စစ်တမ်းတွေအရ သိရပါတယ်။

ဒါပေမယ့်လည်း ထိုစစ်တမ်းအရ ဗြိတိန်လူမျိုးတွေဟာ တစ်နှစ်ကို ၁၁၁ ရက်ခန့် ပျမ်းမျှအားဖြင့် ရေမချိုးကြဘူးလို့ သိရပါတယ်။ ဒါဟာ ရေမချိုးပဲ ၃လ ခန့်နေတယ်လို့ သဘော သက်ရောက်နေပါတယ်။

အသေးစိတ်ကြည့်မယ်ဆိုရင် ဗြိတိန်နိုင်ငံ အနောက်တောင်ဘက်မှာ နေထိုင်သူတွေဟာ တစ်နှစ်ကို ပျမ်းမျှအားဖြင့် ၂၀၈ ကြိမ်သာ ရေချိုးကြပါတယ်။ Welsh ပြည်နယ်မှာ နေထိုင်သူတွေကတော့ တစ်နှစ်ကို ၂၅၁ ကြိမ်ခန့် ပျမ်းမျှအားဖြင့်ရေချိုးကြပါတယ်။

ဗြိတိန်နိုင်ငံမှာ နေထိုင်သူ ၇၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ရေချိုးခန်းထဲမှာ ရေပန်း(Shower) နဲ့ ရေစိမ်ကန်(Bath) ၂ မျိုးလုံးရှိကြပြီး နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကသာ ရေစိမ်(Bath) ခြင်းဟာ ပိုမိုလန်းဆန်းစေတယ်လို့ ဆိုကြပါတယ်။ ရေပန်း(Shower) နဲ့ရေချိုးခြင်းကတော့ ပိုပြီးရွေးချယ်ကြတဲ့ အရာဖြစ်တယ်လို့ သိရပါတယ်။

၆၀ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ ချစ်သူလက်တွဲဖော်နဲ့အတူ ရေစိမ်လေ့ရှိပါတယ်။ ၂၄ရာခိုင်နှုန်းသော ဗြိတိန် ပြည်သူတွေဟာ ရေစိမ်ကန်ထဲမှာ ဆပ်ပြာပူဖောင်းတွေကြား စိမ်နေရင်း လူမှုကွန်ရက် ကိုစမတ်ဖုန်းနဲ့ သုံးစွဲရတာ နှစ်သက်ကြတယ်လို့ဝန်ခံထားပါတယ်။

Ref:mirror.co.uk
http://www.trend.com.mm/2015/01/09/lifestyle-5447
အပြည့်အစုံသို့ »

အမျိုးသားတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ အချက်အလက်များ

   
အမျိုးသားတွေနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်အလက်လေးတွေ ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။

သစ္စာမရှိတဲ့ အမျိုးသားတွေရဲ့ IQ စွမ်းရည်ပိုနိမ့်တယ်လို့ သိပ္ပံနည်းကျ လေ့လာချက်တစ်ခုအရ သိရပါတယ်။
အမျိုးသားတွေက သူတို့ဘဝအချိန် တစ်နှစ်နီးပါးကို အမျိုးသမီးတွေအား စိုက်ကြည့်ခြင်းနဲ့ပဲ အချိန်ကုန်ဆုံးကြတယ်လို့ စစ်တမ်းတစ်ခုအရ တွေ့ရတယ်။
အသတ်ခံရတဲ့အမျိုးသမီးအားလုံးရဲ့ တစ်ဝက်လောက်ဟာ သူတို့ရဲ့ လက်ရှိ သို့မဟုတ် ယခင် လက်တွဲ ဖော် သို့မဟုတ် ခင်ပွန်းတွေရဲ့ လက်ချက်ကြောင့် သေဆုံးကြတယ်။
အမျိုးသားတွေက တစ်နေ့ကို (၆) ခါ လိမ်ကြသတဲ့။
သင့်လက်ပ်တော့ပ်ကွန်ပျူတာ ပူနေရင် ပေါင်ပေါ်မတင်မိပါစေနဲ့။ အမျိုးသားစွမ်းရည် ထိခိုက်စေတတ်တယ်။
အမျိုးသားတစ်ယောက်က သူ့တစ်သက်မှာ အမွေးရိတ်ခြင်း အလုပ်နဲ့ ၆ လ နီးနီး အချိန်ဖြုန်းပစ်တတ်တယ်။
ဆွဲဆောင်မှုရှိတဲ့ ဇနီးပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေရဲ့ အိမ်ထောင်ဘဝက စိတ်ပျော်ရွှင် ကျေနပ်မှု ပိုမိုရရှိကြတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
ပထမဦးဆုံးအကြိမ် တီဗီဖန်သားပြင်ပေါ် အမျိုးသားအချင်းချင်း အနမ်းပေးတာကို ၁၉၂၇ ခုနှစ်တုန်းက ပြသခဲ့တယ်။
အမျိုးသမီးတွေက မျက်စိကို (၁) မိနစ်မှာ (၁၉) ကြိမ်မှိတ်ပြီး အမျိုးသားများက ၁၁ ကြိမ်ပဲ မှိတ်ပါတယ်။
ဆေးလိပ်သောက်ခြင်းက ယောက်ျားစွမ်းရည်ကို ကျဆင်းစေတယ်။
ဒေါက်မြင့်ဖိနပ်ကို ၁၆၀၀ နှစ်များဝန်းကျင်က ပထမဦးဆုံးစစီးခဲ့တာ အမျိုးသားတွေ ဖြစ်ပါတယ်။
Source: Men-facts
http://www.trend.com.mm/2015/01/09/lifestyle-5450
အပြည့်အစုံသို့ »

ဒီနှစ်ဆယ်တန်း မဖြေဖြစ်တော့ဘူးလို့ ဆိုလာတဲ့ ရွှေမှုန်ရတီက အိမ်ထောင်ပြုမယ်ဆိုတာ မဟုတ်ကြောင်း ဖွင့်ဟ





မကြာသေးခင်ကမှ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပရိသတ်တွေ ပါးစပ်ဖျားကြား ရေပန်းစားခဲ့တဲ့ မင်းသမီးကတော့ ရွှေမှုန်ရတီပါပဲ။ ဒီအကြောင်း မေးကြည့်လိုက်တော့ သူမက အိမ်ထောင်ပြုမယ်ဆိုတာ မဟုတ်ကြောင်းနဲ့ တစ်ယောက်တည်းပဲ ရှိသေးကြောင်း ခုလို ဆိုပါတယ်။ “အဲ့ဒါက အမေ့ကိုနောက်ပြီး ပြောလိုက်တာကို သူတို့က ထည့်ရေးလိုက်တာပါ။ ဒါပေမဲ့ အဲ့ဒီဂျာနယ်ထဲမှာလဲ နောက်တာပါလို့ ပါပါတယ်။ ခေါင်းစဉ်သာ တပ်ထားတာပါ။ စိတ်လဲမဆိုးပါဘူး။ ကိုယ်နောက်လိုက်တဲ့အတွက် သူတို့ခေါင်းစဉ်တပ်လို့ ရသွားတာပေါ့။ ပရိသတ်တွေလဲ မစိုးရိမ်ပါနဲ့လို့။ ပရိသတ်တွေ ယူခိုင်းရင်တောင် မယူသေးပါဘူး”တဲ့။

လက်တလောမှာ သူမဟာ ဇေရဲထက်နဲ့အတူ ကျွန်တော်ကျွန်မယောင်္ကျားဗိုက်ကြီးသည် ဆိုတဲ့ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပြီး ဖန်စီကားလေးပါလို့ ဆိုပါတယ်။ ဒါ့အပြင် သူမက ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်း “လောလောဆယ် ဒီနှစ်မှာ ရွှေမှုန် ၁၀တန်း ဖြေဖြစ်မှာ မဟုတ်တော့ပါဘူး။ အနုပညာအလုပ်တွေကိုပဲ ဆက်တိုက်လုပ်သွားပါမယ်”လို့ ဖွင့်ဟသွားပါတယ်။

ခင်ဆွေသက်
http://www.trend.com.mm/2015/01/09/yollywood-5443
အပြည့်အစုံသို့ »

ပုသိမ်တွင် လိင်တူချစ်သူများအတွင်း အိတ်ခ်ျအိုင်ဗီကူးစက်ခံရမှု အမြင့်ဆုံးဖြစ်နေဟုဆို



ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ် မြို့နယ်၌ လိင်တူချစ်သူများအ တွင်း အိတ်ခ်ျအိုင်ဗီရောဂါကူးစက် ခံရနှုန်းမှာ အမြင့်မားဆုံးရှိနေ ကြောင်း သတင်းရရှိသည်။

ကျန်းမာရေးအဖွဲ့အစည်း များက ကောက်ယူခဲ့သည့် ၂၀၁၃ နောက်ဆုံးစစ်တမ်းများအရ ဧရာ ၀တီတိုင်းဒေသကြီး၌ အိတ်ခ်ျ အိုင်ဗီရောဂါဖြစ်ပွားနိုင်သော အန္တရာယ်ရှိအုပ်စုများဖြစ်သည့် အမျိုးသမီးလိင်အလုပ်သမ၊ အကြောထဲမူးယစ်ဆေး ထိုးသွင်းသူများထက် လိင်တူချစ်သူအုပ်စုမှာ ပိုများနေပြီး ၁၀ ရာခိုင်နှုန်းကျော်ရှိနေခြင်းဖြစ်သည်။

‘‘ပညာပေးကာကွယ်ရေး အတွက် လုပ်နေလို့ဖြစ်နှုန်းကျသွား ပေမယ့် ဖြစ်ပွားနိုင်တဲ့ အုပ်စုတွေ ထပ်တိုးလာတယ်။ အပုန်းတွေက အရင်က သူ့ဟာသူနေကြပေမယ့် အခုက ပြောင်ပြောင်တင်းတင်း နေလာကြတယ်။ အဲဒီအုပ်စုက ဖြစ်နှုန်းတက်လာတယ်။ ဦးရေတက် လာတယ်’’ဟု ကျန်းမာရေးဝန်ကြီး ဌာ၊ ကျန်းမာရေးပညာပေးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းကဆိုသည်။

ဖြစ်ပွားနိုင်သည့် အုပ်စုများ အလိုက်ခွဲခြားထားပြီး ၎င်းတို့တွင် မူးယစ်ဆေးထိုးသွင်းသူ ၁၈ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်းလိင် ဆက်ဆံသူ ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီးလိင်အလုပ်သမများ ၈ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။ရှမ်းပြည်နယ်တွင် အကြောထဲ မူးယစ်ဆေး ထိုးသွင်းအုပ်စုများပြားပြီး ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်တွင်မူ အမျိုးသားချင်းလိင်တူ ဆက်ဆံသူ အုပ်စုပိုမိုများပြားကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၀၀ ပြည့် နှစ်တွင် အိတ်ခ်ျအိုင်ဗီလူနာပေါင်း  ၀ ဒသမ ၉၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၃ တွင်မူ ၀ ဒသမ ၄၅ ရာခိုင် နှုန်းသို့ ကျဆင်းလာခဲ့သော်လည်း လိင်တူပျော်ပါးခြင်း၊ အရွယ်မ ရောက်သေးသော ကလေးသူငယ် များ အဓမ္မပြုကျင့်ခံရခြင်း၊ အမျိုး သမီးအကြမ်းဖက်ခံရခြင်း၊ မူးယစ် ဆေးထိုးသွင်းမှုများပြားလာခြင်း စသော ဖြစ်ပွားနိုင်သည့် အုပ်စု များမှ တိုးလာနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ အသက် (၁၅) နှစ်အထက် အရွယ်ရောက်ပြီးသူ များ၌ အိတ်ခ်ျအိုင်ဗီပိုးကူးစက်ခံ နေရသူပေါင်း တစ်သိန်းရှစ် သောင်းကျော်ရှိသည့်အနက် ၂၀၁၃တွင် ရောဂါပိုးကူးစက်ခံရသူ လူနာသစ်ခုနစ်ထောင်ရှိနေပြီး နေ့စဉ် ၁၉ ဦးကူးစက်ခံနေရသည်ဟု ကုလသမဂ္ဂ HIV/AIDS  ပူးပေါင်းအစီအစဉ် (United Nations Joint Pro-gramme On HIV/AIDS (UN AIDS)) မှ သတင်းထုတ်ပြန်ထားသည်။ထို့ကြောင့် ယင်းအန္တရာယ်ရှိ သည့် အုပ်စုများအား ရောဂါကူးစက်နိုင်မည့် နည်းလမ်း၊ အပြုအမူများကို အသိပညာပေးခြင်း၊ ကုသပေးခြင်းနှင့် ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်ကြောင်း ကျန်းမာရေးပညာပေးလုပ်ကိုင် နေသူအချို့ကဆိုသည်။

‘‘ကူးစက်ခံရတဲ့ အကြောင်း အရင်းကို ဖြေရှင်းနိုင်ရင် ကူးစက် ခံရနှုန်းက ကျဆင်းသွားမယ်။ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတော့ အပွင့်ကနေ အပုန်းဖြစ်ကုန်ရော။ ကျန်းမာရေးအသိမရတော့ ကူးစက်ခံရနှုန်းက တက်လာရော။ သူတို့ကို ကြည်ဖြူစာနာရင် ဒါတွေကို ပညာပေးနိုင်ဖို့လိုတယ်။ ဒါကြောင့် နှစ်သိမ့်ဆွေးနွေးပညာပေးတွေ လုပ်ပေးဖို့လိုတယ်’’ဟု အနှစ် (၂၀)ကျော်ကြာ ကျန်းမာရေးပညာပေးလုပ်ကိုင်ခဲ့သည့် စာရေးဆရာ ဒေါက်တာ ထွန်းဝင်းက ဆိုသည်။

http://7daydaily.com/story/29079#.VLEbZyuUewg
အပြည့်အစုံသို့ »

အကယ်ဒမီက ကျွန်တော့်အတွက်မဟုတ်ခဲ့ရင်တောင် ကျွန်တော့်ရဲ့အနုပညာပေးဆပ်မှုမှန်သမျှ ပရိသတ်အတွက် ဖြစ်နေရမယ် နေတိုးနှင့်တွေ့ဆုံခြင်း



ဓာတ်ပုံ−ဇွဲဉာဏ်
အကယ်ဒမီဆန်ခါတင်ကားအများစု၌ ပီပီပြင်ပြင်သရုပ်ဆောင်ထားသည့် နေတိုးကို ပရိသတ်များက အကယ်ဒမီရနိုင်သည်ဟု ခန့်မှန်းပေးခဲ့သော်လည်း ဆုနှင့်လွဲချော်ခဲ့သည်။ ထိုသို့လွဲချော်ခဲ့သဖြင့် စိတ်မကောင်းဖြစ်မိကြောင်း နေတိုးက ဖွင့်ဟထားသည်။ အကယ်ဒမီပေးပွဲသည် အစပိုင်းတွင် ပျော်စရာကောင်းသော်လည်း နောက်ဆုံး၌ ရယ်စရာကောင်းသည်ဟု သုံးသပ်ထားသည့် နေတိုးကို အကယ်ဒမီနှင့်လွဲချော်ခဲ့သည့် ခံစားမှုအပါအဝင် ရုပ်ရှင်အစည်းအရုံးက ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် အကယ်ဒမီပွဲနှင့်ပတ်သက်၍ ၎င်း၏ခံစားချက်များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး- အကယ်ဒမီပွဲမှာ အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆုကြေညာတဲ့သူက ကိုယ့်နာမည်မဟုတ်ဘဲ တခြားသူတစ်ယောက်ရဲ့နာမည်ကို ကြေညာလိုက်တဲ့အချိန် ဘယ်လိုခံစားခဲ့ရလဲ။

ဖြေ- စိတ်ထဲမှာ မျှော်လင့်ချက်ကြီးတော့ မထားထားပါဘူး။ အဲဒီအတွက် ဘယ်လိုပဲဖြစ်လာဖြစ်လာ ခံနိုင်ရည်ရှိပါတယ်။ ဆုကြေညာတဲ့အချိန်မှာ ကိုယ်မဟုတ်ခဲ့ပေမယ့်လည်း ဆုရတဲ့သူကို သွားပြီးဂုဏ်ပြုခဲ့တယ်။

မေး- အကယ်ဒမီပေးပွဲလုပ်မယ့် မနက်ကတည်းက ပရိသတ်တွေကို ဆုမရရင်ဖြေသိမ့်နိုင်ဖို့ ပြောခဲ့တာက အကယ်ဒမီနဲ့ပတ်သက်ပြီး တစ်ခုခုကြိုသိခဲ့လို့လား။

ဖြေ- ကြိုသိနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ပရိသတ်အနေနဲ့ ကျွန်တော့်ကိုရစေချင်တဲ့ အကယ်ဒမီ ကျွန်တော့်အတွက်မဟုတ်ခဲ့ရင်တောင် ကျွန်တော့်ရဲ့အနုပညာပေးဆပ်မှုမှန်သမျှ ပရိသတ်အတွက် ဖြစ်နေရမယ်။ ဒီဟာက ရင်ထဲမှာ အမြဲရှိပြီးသားစကားတစ်ခုပါ။ ဒီအချိန်မှ ထွက်လာတဲ့စကားတော့ မဟုတ်ပါဘူး။ အနုပညာလုပ်ကတည်းက ပရိသတ်ကို ပေးဆပ်ချင်လို့ပဲလုပ်ခဲ့တာဆိုတော့ ဒီစကားက ဒီအချိန်မှာပြောသင့်တဲ့ စကားလို့ထင်တယ်။ အကယ်ဒမီရခဲ့ရင်လည်း ပရိသတ်တွေပျော်ရွှင်မှုရှိသလို မရခဲ့ရင်လည်း ပရိသတ်တွေ စိတ်ခံစားရတာပြေပျောက်သွားနိုင်အောင်ပါ။ အဓိကကတော့ ကျွန်တော့်ရဲ့အနုပညာပေးဆပ်မှုတွေက ပရိသတ်အတွက်ပဲ ဖြစ်စေချင်ခဲ့တယ်။ အမြဲတမ်းလည်း ဒီလိုစိတ်မျိုးနဲ့လုပ်တယ်ဆိုတာ ပရိသတ်တွေကို သိစေချင်လို့ အဲဒီလိုပြောခဲ့တာပါ။

မေး- ဒီနှစ်အကယ်ဒမီက ရုပ်ရှင်လောကသားတွေ ရွေးချယ်ပေးတာဆိုတော့ ပိုပြီးတန်ဖိုးရှိတယ်လို့ အနုပညာရှင်တွေက ပွဲမတိုင်မီ သတ်မှတ်ထားကြတယ်။ ဆုပေးပွဲပြီးတဲ့အချိန်မှာကော အကယ်ဒမီက အရင်ထက်ပိုပြီးတန်ဖိုးရှိတယ်လို့  ခံစားမိသေးရဲ့လား။

ဖြေ- မေးခွန်းဆိုတဲ့သဘောက ပရိသတ်သိစေချင်တဲ့ မေးခွန်းတစ်ခုလို့ယူဆတယ်။ ဒီမေးခွန်း ဘာဖြစ်လို့ဖြစ်ပေါ်လာတာလဲ။ မေးစရာအကြောင်းရှိလို့ ဖြစ်ပေါ်လာတာလေ။ ဒီလိုမေးခွန်းမျိုးဖြစ်ပေါ်လာတဲ့အထိ လွဲမှားမှုလေးတွေရှိနေတယ်လို့မြင်တယ်။ ဒါက အများစုသိချင်နေတဲ့မေးခွန်းလည်းဖြစ်တယ်။ ပရိသတ်တွေကလည်း အစည်းအရုံးကပေးတဲ့နှစ်ကျမှ အရင်ထက်ပိုပြီးဆိုးသွားတယ်လို့ ပြောကြတယ်။ ဆုရွေးချယ်ပေးတဲ့ လူကြီးတွေဘက်ကလည်း အရည်အသွေးစိစစ်လိုက်တဲ့သဘောလို့ ပြောကြတယ်။ မျိုးစုံပဲပြောနေကြတယ်။ ဒီလိုမေးခွန်းဖြစ်ပေါ်လာတဲ့အထိဖြစ်တာက အနုပညာရှင်တွေအနေနဲ့ အမှတ်ပေးတဲ့ဥပဒေ၊ စည်းမျဉ်းတွေကိုသိဖို့လိုတယ်လို့မြင်တယ်။ ဥပမာ ဒီနှစ်မှာ အသံတို့၊ အရုပ်ရယ်၊ ဇာတ်ညွှန်းရယ် အဆင့်မမီဘူးလို့ပြောကြတယ်။ အဆင့်မမီဘူးဆိုတဲ့နေရာမှာ အဆင့်မီတာဘာဆိုတာ ကျွန်တော်တို့ကိုပြဖို့လိုတယ်။ နောက်နှစ်ကျရင် ဒီဟာကိုထုတ်ပြန်ပေးဖို့လိုတယ်လို့ထင်တယ်။ ဒါမှပဲ ပရိသတ်ရဲ့ ပြင်းထန်တဲ့ဝေဖန်မှုကနေ ကျော်လွှားနိုင်မယ်လို့ ယူဆမိပါတယ်။

မေး- အကယ်ဒမီပွဲအပြီးမှာ ကိုပြေကြီး ပရိသတ်တွေနဲ့ အစ်ကို့ပရိသတ်တွေကြားမှာ အငြင်းပွားနေကြတာ သတိပြုမိတယ်။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ။ အဲဒီအတွက် ဒီစာမျက်နှာကတစ်ဆင့် အစ်ကို့ပရိသတ်တွေကို ဘာပြောချင်လဲ။

ဖြေ- အနုပညာရှင်တိုင်းကို ပရိသတ်ကချစ်ကြတယ်။ ရစေချင်ကြတာဆိုတော့ ဒီလိုအငြင်းပွားမှုတွေက အမြဲတမ်းဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ပွဲလုပ်တဲ့အချိန် ခဏမှာပဲဖြစ်တာ။ ဒါလည်း သဘာဝတရားတစ်ခုပါပဲ။

မေး- အကယ်ဒမီမရခဲ့ပေမယ့် ယောမင်းဆိုတဲ့ဇာတ်ကောင်က ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့တယ်။ ဒါရိုက်တာဝိုင်းကိုယ်တိုင်ကလည်း စေတန်ရဲ့ကချေသည်လို ဇာတ်ကားမျိုး နောက်ထပ်ဖန်တီးနိုင်ဖို့ မလွယ်ဘူးလို့ ပြောထားတော့ အစ်ကို့အနေနဲ့ အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ- စေတန်ရဲ့ကချေသည်ကို ပရိသတ်လည်း စိတ်ဝင်စားမှုရှိခဲ့တယ်။ ကာရိုက်တာကလည်း ကျွန်တော့်ရဲ့ဇာတ်ကောင်ကို ပြောင်းလဲပြီး ဒါရိုက်တာက ဖန်တီးထားတယ်။ အဲဒီဇာတ်ကောင်ကို ဒါရိုက်တာကိုယ်တိုင်လည်း ကြိုက်သလို ကျွန်တော်လည်းကြိုက်ခဲ့တယ်။ အဲဒီအတွက် အဲဒီဇာတ်ကောင်တစ်ခုအပေါ်မှာ ပရိသတ်အတွက် အနုပညာပေးဆပ်ရကျိုးနပ်တယ်လို့ မြင်ပါတယ်။

မေး- ဒီနှစ်အကယ်ဒမီပေးပွဲမှာ အတတ်ပညာဆုတော်တော်များများမပေးခဲ့တာ အစ်ကို့အနေနဲ့ ဘယ်လိုဖြစ်သင့်တယ်လို့ယူဆမိလဲ။

ဖြေ- စောစောကပြောသလို အဆင့်မမီဘူးဆိုတဲ့ အကဲဖြတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်လည်သုံးသပ်ချက်တွေမှာဖတ်ရတယ်။ ၅၀ ရာခိုင်နှုန်းမပြည့်ရင် အဆင့်မမီဘူး သတ်မှတ်တယ်။ အဲဒါကြောင့် မပေးခဲ့ဘူး။ ၁၀၀ ရာခိုင်နှုန်းက ဘယ်ဟာကို ရာခိုင်နှုန်းပြည့်တယ်ဆိုတာ လက်ညှိုးထိုးပြဖို့လိုတယ်။ ဒီလိုဟာမျိုးဖြစ်ရမယ်။ မင်းတို့ဟာက ဒီလိုဟာမျိုးမဖြစ်ခဲ့ဘူး။ အဲဒီလိုဆိုရင် မှန်တယ်။ လူတွေက ကြိုးစားမယ်။ ခုဟာက ပန်းတိုင်မရှိဘဲ ပြေးနေရသလို ဖြစ်နေတယ်။ မင်းမရောက်ဘူးဆိုတော့ ကျွန်တော်တို့က ဘယ်နေရာကိုရောက်အောင်သွားရမှန်းလည်း မသိဘူး။ ပြေးကြဟေ့ဆိုတော့ ပြေးကြတယ်။ ဒါပေမဲ့ ဘယ်နေရာကိုပြေးခိုင်းတာလဲ။ အဲဒီလိုပဲ အဆင့်မမီဘူးဆိုရင် အဆင့်မီတာဘာလဲပြောပြလေ။ အဲဒါကြောင့် အကယ်ဒမီပေးပွဲက နောက်ဆုံးမှာ ရယ်စရာကောင်းသွားတယ်လို့ပြောခဲ့တာ။ ခြောက်ဆုပဲပေးတယ်။ တခြားဆုတွေ ဘာကြောင့်ကျန်ခဲ့လဲဆိုတာ အဲဒီနေ့ကတည်းက အရမ်းနားထောင်ချင်ခဲ့တဲ့ စကားတစ်ခွန်းပါ။

မေး- အကယ်ဒမီရွေးချယ်ရေးအဖွဲ့တွေကပေးတဲ့ မဲအရေအတွက်ကိုမူတည်ပြီး ဆုံးဖြတ်တာက မျှတတယ်လို့ယူဆလား။

ဖြေ- ဘယ်အရာကို မဲနဲ့ဆုံးဖြတ်တာတော့ ကျွန်တော်မသိဘူး။ အဆိုးအကောင်းကို ဆုံးဖြတ်တာလား။ ဥပမာ နန်းကြီးသုပ်ကြိုက်တဲ့လူနဲ့ မုန့်ဟင်းခါးကြိုက်တဲ့လူရှိတယ်။ ဒီနေရာမှာ နန်းကြီးသုပ်ကြိုက်တဲ့သူက တစ်ဝိုင်းလုံးပြည့်နေရင် နန်းကြီးသုပ်ကိုဆုပေးရမှာလား။ မုန့်ဟင်းခါး၊ မုန့်ဟင်းခါးနဲ့ညီမျှဖို့လိုအပ်သလို နန်းကြီးသုပ်ကလည်း နန်းကြီးသုပ်နဲ့ညီမျှဖို့လိုတယ်။ မုန့်ဟင်းခါးက ပိုကောင်းနေပေမယ့် သူကမကြိုက်ဘူး။ အဲဒါကြောင့် နန်းကြီးသုပ်ပဲစားမယ်။ နန်းကြီးသုပ်က မုန့်ဟင်းခါးလောက်မကောင်းတာလည်းဖြစ်ရင်ဖြစ်မယ်။ အဲဒါကို နန်းကြီးသုပ်ကိုပေးလို့ မရဘူးလေ။ ဒီမှာ သဘောတစ်ခုက အကောင်းဆုံးပြုလုပ်ထားတဲ့အရာကို သိနိုင်ဖို့လိုတယ်။ ဒါကြောင့် အကဲဖြတ်တဲ့လူက နန်းကြီးသုပ်ရဲ့အရသာကိုလည်း စားဖူးရမယ်။ မုန့်ဟင်းခါးရဲ့အရသာကိုလည်း စားဖူးရမယ်။ အဲဒါမှ ဆုံးဖြတ်လို့ရမှာ။

မေး- ဒီနှစ်မပေးခဲ့တဲ့ ဆုတွေနဲ့ပတ်သက်ပြီး အကယ်ဒမီဆန်ခါတင်ပါတဲ့ ဇာတ်ကားတွေမှာ အဲဒီဆုတွေပေးလို့ရနိုင်တဲ့ဇာတ်ကားတွေရှိတယ်လို့ သုံးသပ်မိလား။

ဖြေ- အရှင်းဆုံးပြောရရင် မိုနိုနဲ့ စတီရီယိုရှိတယ်။ ဘယ်သူ့သွားမေးမေး စတီရီယိုကောင်းတယ်လို့ ပြောမှာပဲလေ။ မိုနိုခေတ်မှာတောင် အသံပိုင်းဆိုင်ရာကိုဆုပေးပြီး စတီရီယိုခေတ်ရောက်မှ အသံပိုင်းဆိုင်ရာကို ဆုမပေးဘူးဆိုတာက ကျွန်တော်တို့ဆုံးဖြတ်စရာမလိုဘူး။ ပရိသတ်တွေတောင်သိတယ်။ အစည်းအရုံးဥက္ကဋ္ဌကိုယ်တိုင်ကလည်း အရုပ်တွေ၊ အသံတွေ အရမ်းကိုဖွံ့ဖြိုးတိုးတက်လာတယ်လို့ပြောတယ်။ နောက်ပြီး အကယ်ဒမီဆန်ခါတင်ကားတွေ ကြည့်တဲ့အချိန်တုန်းကလည်း သရုပ်ဆောင်ကြီးတစ်ယောက်က ဒီဘက်ခေတ်မှာ အရမ်းတိုးတက်ပြောင်းလဲလာတာကို ဆန်ခါတင်ကားတွေကြည့်တဲ့အချိန်မှာ အားရကျေနပ်မိတယ်လို့ပြောတယ်။ အရင်ခေတ်ကဆိုရင် ရုပ်ရှင်မှာ အရုပ်၊ အသံမကိုက်တာတွေရှိတယ်။ အသံကိုလည်း တည်းဖြတ်ပြီး သေချာလုပ်ရတာဆိုတော့ တချို့ဟာတွေမှာ အသံနဲ့ပါးစပ်နဲ့ မကိုက်တာတွေရှိတယ်။ ဒီအချိန်မှာ အသံတွေရဲ့ကြည်လင်ပြတ်သားမှုရော၊ အရုပ်တွေရော အရမ်းကောင်းလာတယ်လို့ပြောခဲ့တော့ အရုပ်တွေ၊ အသံတွေအတွက် ဆုတွေပေးမယ်ထင်ခဲ့တယ်။ ဒါပေမဲ့ မပေးခဲ့ဘူး။

မေး- ၂၀၁၅ ခုနှစ်ထဲမှာ အနုပညာဖန်တီးမှုအသစ်တွေ မြင်ရမယ်လို့ ပြောထားတာဆိုတော့ ဘာတွေမြင်ရမယ်လို့ ပရိသတ်တွေကို အရိပ်အမြွက်ပြောထားချင်လဲ။

ဖြေ- ပရိသတ်တွေလည်းသိမှာပါ။ ရုပ်ရှင်ရိုက်တဲ့နေရာမှာ ပုံစံကွဲထွက်အောင် အမြဲရွေးရိုက်တယ်။ ရုပ်ရှင်ဆိုတာက အနုပညာသမားတစ်ယောက်ရဲ့သမိုင်းပဲ။ လူတစ်ယောက်ရဲ့သမိုင်းက လူတစ်ယောက်လုပ်တဲ့ အလုပ်အပေါ်မှာ မူတည်တယ်။ တိုက်ရိုက်လည်း အချိုးကျတယ်။ အနုပညာသမားတစ်ယောက်ရဲ့ သမိုင်းကို သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေ၊ သူသရုပ်ဆောင်ခဲ့တဲ့ ကာရိုက်တာတွေအပေါ်မှာပဲ တိုင်းတာတယ်။ ဘာဆုတွေရခဲ့တယ်။ ဘယ်နှခုနှစ်မှာတော့ ဆန်ခါတင်ဘယ်နှကားဝင်ခဲ့တယ်။ အဲဒီလိုသမိုင်းကြောင်းပေါ့။ ကျွန်တော်မြန်မာပြည်ရဲ့ မင်းသားတစ်ယောက်အနေနဲ့ ကျွန်တော့်ခေတ်မှာ ကျွန်တော်ပေးဆပ်လို့ရသလောက် အတတ်နိုင်ဆုံးခေတ်နဲ့ ဘယ်လိုရင်ပေါင်တန်းပြီး လုပ်နိုင်မလဲဆိုပြီးလုပ်တယ်။ ဒီနှစ်အတွက် ထူးခြားမှုတွေက ရုံတင်မယ့်ဇာတ်ကားတွေမှာလည်းရှိပါတယ်။

မေး- အနုပညာလောက,က သူငယ်ချင်းတော်တော်များများ စွံသွားပြီဆိုတော့ အစ်ကို့ရဲ့ မင်္ဂလာသတင်းရော ကြားရဖို့နီးပြီလား။

ဖြေ- ကျွန်တော့်သတင်းလည်း ကြားရမှာပါ။ မကြာတော့တဲ့အချိန်ပေါ့။

မေး- ၂၀၁၅ ကိုရောက်ပြီဆိုတော့ အစ်ကို့ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် နှစ်သစ်ကူးစကားလက်ဆောင်ပြောပေးပါဦး။

ဖြေ- နှစ်သစ်ကူးကတော့ အစစအရာရာပြောင်းလဲတိုးတက်တဲ့နှစ်တစ်နှစ်လို့ မြင်မိပါတယ်။ တချို့ကဏ္ဍတွေမှာ မှန်ကန်တဲ့ပြောင်းလဲမှုတွေရှိသလို လိုအပ်နေတဲ့ပြောင်းလဲမှုတွေလည်းရှိတယ်။ ပြောင်းတော့ပြောင်းလဲနေတာဆိုတော့ ပရိသတ်တွေ၊ ပြည်သူတွေအနေနဲ့ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ။ လိုအင်ဆန္ဒတွေပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။

ကျေးဇူးတင်ပါတယ်။

http://7daydaily.com/story/29076#.VLEbYCuUewg
အပြည့်အစုံသို့ »

မြန်ဖို့ထက် မှန်ဖို့က ပိုပြီး အရေးကြီးတယ်


လမ်းဖြည်း  ဖြည်းခြင်း လျောက်နေသော အဘိုးအိုကို ကြည့်ပြီး ငယ်ရွယ်သော
လူငယ် တစ်ဦးက  ရယ်လေ တယ်။ ထို့နောက် လူငယ်လေးက အဘိုးအိုကို ပြောတယ်။
အဘိုးရယ် ဒီထက်မြန်အောင် လျောက်လို့ မရတော့ဘူးလား။ ဒီလိုသာ လမ်းလျောက်နေရင် အဘိုး လိုရာခရီးကို ရောက်တော့မှာ မဟုတ်ဘူး။ အဘိုးက ပြုံးပြီး ပြန်ပြောတယ်။
မလိုပါဘူး ကလေးရယ်။ လမ်းလျောက်တဲ့ အခါမှာ မြန်မြန်လျောက်ဖို့ မလိုဘူး။ ပုံမှန် လျောက်နိုင်ဖို့က အရမ်းအရေးကြီးတယ်။ မြန်မြန်လျောက်သော်လည်း ပုံမှန် မလျောက်နိုင်ဘူး ဆိုရင် လိုရာ ပန်းတိုင်ကို ရောက်မှာ မဟုတ်ပါဘူး။
လူ့ဘဝ မှာလည်း ဒီလိုပါပဲ။ အလုပ် တစ်ခုခုကို အရမ်းမြန်မြန် လုပ်ဖို့ထက် ပုံမှန် လုပ်ဖို့က ပိုမိုပြီး အရေးကြီးပါတယ်။ မြန်မြန် လုပ်သော်လည်း ပုံမှန် မလုပ်နိုင်ဘူး ဆိုရင် လိုရာ ခရီးကို ရောက်မှာ မဟုတ်ပါဘူး

ရိုးရာလေး
အပြည့်အစုံသို့ »

မင်းအုပ်စိုးဆေးစစ်ချက်အဖြေထွက်သော်လည်း ဆရာဝန်က တရားရုံး၌သာထွက်ဆိုမည်




မင်းအုပ်စိုးအား ရုံးထုတ်လာစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
သရုပ်ဆောင် မင်းအုပ်စိုး၏ ဆေးစစ်ချက်အဖြေထွက်ပေါ်လာသော်လည်း ယင်းအဖြေကို ဆရာဝန်က တရားရုံး၌သာ ထွက်ဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မင်းအုပ်စိုးကို ဇန်န၀ါရီ ၈ရက်က လူသတ်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ဗဟန်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ရမန်ယူရုံးထုတ်ခဲ့သော်လည်း ရဲစစ်ချက်မပြည့်စုံသေးသဖြင့် ဇန်န၀ါရီ ၂၂ ရက်သို့ ထပ်မံချိန်းဆိုထားသည်။ ထိုနေ့တွင် ရဲစစ်ချက်ပြည့်စုံ၍ စွဲချက်တင်တရားစွဲဆိုခဲ့ပါက အမှုကြီးတစ်ခုဖြစ်၍အနောက်ပိုင်းခရိုင်တရားရုံးသို့ လွှဲပြောင်းကာ တရားစွဲဆိုမည်ဟု ဗဟန်းမြို့နယ်တရားသူကြီးက ပြောသည်။

‘‘ဆေးစစ်ချက်အဖြေကတော့ ထွက်နေပါပြီ။ အဲဒီအဖြေကို စစ်ဆေးတဲ့ဆရာဝန်ကပဲ တရားရုံးမှာထွက်ဆိုသွားမှာပါ။ တရားရုံးမှာ လာရောက်နားထောင်လို့ရပါတယ်။ မင်းအုပ်စိုးကိုတော့ စစ်ဆေးချက်တွေလိုသေးလို့ တရားမစွဲရသေးပါဘူး’’ဟု ဒုရဲမှူးသိန်းဝင်းကပြောသည်။  မတေးနုယဉ်သေဆုံးသည့် ဒဏ်ရာများနှင့် ပတ်သက်၍ မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အဖြေများအရ ထိုးကြိတ်ရုံဖြင့်ရရှိနိုင်သည့်ဒဏ်ရာများ မဟုတ်ခြင်းကြောင့်အမှုကို အမှန်အတိုင်းဖြစ်စေလိုကြောင်း သေဆုံးသူ၏ မိသားစုဝင်များက တောင်းဆိုထားသည်။

မင်းအုပ်စိုးသည် စိတ်ရောဂါဝေဒနာခံစားနေရ၍  ရွာသာကြီးဆေးရုံတွင်ဆေးစစ်နေသည်ဟု ကောလာဟလများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ ဗဟန်းမြို့ နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ‘‘ဆေးစစ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ သူ့မှာ ဒီလို ဝေဒနာခံစားနေရရင် ကျွန်တော်တို့က စစ်လို့မရပါဘူး။ သူ့မိသားစုကစစ်ရမှာပါ။ ဆေးစစ်ချက်အဖြေကို ကျွန်တော်တို့ကိုပေးရမှာပါ။ ကျွန်တော်တို့က လုပ်လို့မရပါဘူး’’ဟုပြောသည်။

http://7daydaily.com/story/28961#.VK-OdCuUewg
အပြည့်အစုံသို့ »

အချက်ပြလှိုင်း အချို့ကို အဲအေးရှား လေယာဉ်ပျက် ရှာဖွေသည့်အဖွဲ့ ဖမ်းယူရရှိ



အဲအေးရှား လေယာဉ်ပျက်ကို လိုက်လံရှာဖွေနေသော အဖွဲ့များက အချက်ပြ ထုတ်လွှင့်မှု လှိုင်းအချို့ကို ဖမ်းယူ ရရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ အချက်ပြလှိုင်းများသည် ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့သည့် အဲအေးရှား လေကြောင်း ခရီးစဉ်အမှတ် QZ8501၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ (Black Box)များမှ ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ တိတိကျကျ မသိရသေးချေ။ အင်ဒိုနီးရှား စစ်ဘက် အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုလ်ဒိုကိုက ရေတပ်မှ ရေငုပ်သမားများကို အဆိုပါ အချက်ပြလှိုင်း ထွက်ပေါ်ရာ နေရာသို့ စုံစမ်းစစ်ဆေးရန် စေလွှတ်ထားကြောင်း သတင်းထောက်များအား အသိပေးခဲ့သည်။

လေယာဉ်၏ အမြီးပိုင်းကို ရေအောက်တွင် ရှာဖွေ တွေ့ရှိခဲ့သော်လည်း မူလ ခန့်မှန်းထားသလို Black Box များသည် လေယာဉ်အမြီးတွင် ရှိနေရန် မသေချာကြောင်းလည်း မိုလ်ဒိုကိုက ဝန်ခံသည်။ Airbus A320-200 အမျိုးအစား လေယာဉ်သည် ဒီဇင်ဘာ (၂၈)ရက်က အင်ဒိုနီးရှားမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် လေယာဉ် ပျက်ကျခြင်းဟု အတည်ပြုနိုင်ခဲ့ပြီး လေယာဉ်ပေါ် ပါသွားသူ (၁၆၂)ဦးစလုံး အသက်ဆုံးရှုံးခဲ့ကြောင်း ကယ်ဆယ်ရေးများက ယူဆထားသည်။

“လောလောဆယ် အချက်ပြလှိုင်းတွေ ထုတ်လွှတ်နေတဲ့ နေရာဟာ လေယာဉ်အမြီးပိုင်း ရှာတွေ့ခဲ့တဲ့ နေရာနဲ့ သိပ်မဝေးဘူးလို့တော့ အစီရင်ခံစာ ရထားပါတယ်”ဟု မိုလ်ကိုဒိုက ဆိုသည်။

လေယာဉ်၏ နောက်ဘက် အစိတ်အပိုင်းများကို အဝေးထိန်း စနစ်ဖြင့် မောင်းနှင်သော ရေငုပ်သင်္ဘောငယ် တစ်စီးက ဇန်နဝါရီ (၇)ရက်တွင် ရှာဖွေ တွေ့ရှိခဲ့သည်။ အင်ဒိုနီးရှား အာဏာပိုင်များက အဆိုပါ လေယာဉ် အစိတ်အပိုင်းသည် ပြောင်းပြန် အနေအထား ရှိနေပြီး ပင်လယ်ကြမ်းပြင်တွင် တစ်ဝက်တစ်ပျက် နစ်မြုပ်နေပြီး ကျိုးပဲ့ပျက်စီးနေကြောင်း ပြောကြားထားသည်။

_Ref: BBC
http://7daydaily.com/story/28982#.VK-ORSuUewg
အပြည့်အစုံသို့ »

ဂျက်ကီချန်း၏သား မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်(၆)လ ချမှတ်ခံရ



နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်း၏ သားဖြစ်သူသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်(၆)လ ကျခံခဲ့ရကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ (၉)ရက်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်၊ ဒေါင်ချောင်းမြို့နယ်ရှိ ပြည်သူ့ တရားရုံးက ဂျေစီချန်းအား ထောင်ဒဏ် (၆)လနှင့် ဒဏ်ကြေး ယွမ်ငွေ(၂၀၀၀) ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနှင့် သုံးစွဲမှု စွဲချက်များကို ဝန်ခံခဲ့ပြီးနောက် တရားရုံးက ယခုလို စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။

ဂျေစီသည် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သလို မိမိ၏ ပြစ်မှုကို ဝန်ခံခဲ့ခြင်း၊ သတင်းအချက်အလက်များ ပံ့ပိုးပေးခဲ့ခြင်းတို့ကြောင့် လျှော့လျှော့ပေါ့ပေါ့ စီရင်ချက်မျိုး ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

“ကျွန်တော်က ဥပဒေကို ချိုးဖောက်ခဲ့တဲ့အတွက် ပြစ်ဒဏ် ခံယူထိုက်ပါတယ်။ ကျွန်တော့်ကြောင့် လူတွေအများကြီး နာကျင်ခဲ့ရတယ်။ ပြစ်ဒဏ်စေ့လို့ လူ့အဖွဲ့အစည်းထဲ ပြန်ဝင်တဲ့အခါ ဒါမျိုး ထပ်မလုပ်တော့ဘူးလို့ ကျွန်တော် သေချာပေါက် ဆုံးဖြတ်ထားပါတယ်။ ပြစ်ဒဏ်ကို ကျွန်တော် ခံယူပါမယ်။ ဒါပေမဲ့ အဲဒါဟာ ခွင့်လွှတ်လိုက်တယ်လို့တော့ မယူဆပါဘူး။ လူတိုင်းရဲ့ ခွင့်လွှတ်မှုကို တကယ်တမ်း ရရှိဖို့အတွက် ကျွန်တော်ကိုယ်တိုင် အပြုအမူနဲ့ သက်သေပြရပါမယ်”ဟု ဂျေစီက ပြောကြားခဲ့သည်။

ဂျေစီသည် ဩဂုတ်လ (၁၄)ရက် ကတည်းက ထိန်းသိမ်းခံထားရသောကြောင့် အဆိုပါ ချုပ်ရက်များကို ပြန်နုတ်ပေးပါက ဖေဖော်ဝါရီ လလယ်ခန့်တွင် လွတ်မြောက်လာဖွယ် ရှိနေကြောင်း တရုတ် မီဒီယာများက ဖော်ပြခဲ့သည်။

ဂျေစီသည် ဖခင်ဖြစ်သူ ဂျက်ကီကဲ့သို့ပင် ရုပ်ရှင်မင်းသား တစ်ဦးဖြစ်ပြီး အဆိုတော် တစ်ဦးအနေဖြင့်လည်း လူသိများသည်။ ၎င်းသည် ဩဂုတ်လအတွင်း ရဲတပ်ဖွဲ့ စီးနင်းရှာဖွေမှု တစ်ခုတွင် ဆေးခြောက် (၁၀၀)ဂရမ်နှင့်အတူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ၎င်းနှင့်အတူ အဖမ်းခံရသည့် ထိုင်ဝမ်မင်းသား ကိုချန်တန်ခေါ် ကိုင်ကိုသည်လည်း ဆေးခြောက် သုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိပြီးနောက် တရားစွဲဆို ခံရခြင်းဖြစ်သည်။

_Ref: Channelnewsasia
http://7daydaily.com/story/28984#.VK-OMyuUewg
အပြည့်အစုံသို့ »

အကယ်ဒမီနဲ့ လွဲခဲ့လို့ မကျေနပ်တဲ့ သီင်္ဂီထွန်း ရှင်းမည်


 မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးက  ပထမဆုံးကျင်းပခဲ့ သည့် ၂၀၁၃အတွက် အကယ်ဒမီ ဆုပေးပွဲတွင်  ဇာတ်ပို့ဆုနှင့်လွဲ ချော်ခဲ့သည်ကို    မကျေနပ်၍ သရုပ်ဆောင်သီင်္ဂီထွန်းက သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်း ပြောသည်။

အကယ်ဒမီပေးပွဲတွင် ရုပ် ရှင်အစည်းအရုံးမှ လူတစ်စု၏ တရားမျှတမှုမရှိသည်ကို စာရွက် စာတမ်းအချို့ဖြင့်    ဖော်ထုတ် သွားမည်ဖြစ်ပြီး နောက်ပိုင်းအနု ပညာလောကတွင် မလုပ်ရတော့ လျှင်လည်း    ကိစ္စမရှိကြောင်း သရုပ်ဆောင်သီင်္ဂီထွန်းက 7Day Daily အား ပြောသည်။

‘‘ဒီနှစ်အကယ်ဒမီက ပညာ ကိုပေးတာလား။ လူကိုပေးတာ လား။ အကယ်ဒမီနဲ့ လွဲခဲ့ရတဲ့အ တွက်ဘယ်လိုမှ မခံစားရပေမယ့် ဒီနှစ်ဆုရသွားတဲ့လူ   တချို့ကိုပဲ ပြောချင်ပါတယ်’’ဟု   ၎င်းကဆို သည်။

‘‘သတင်းစာရှင်းလင်းပွဲလုပ် တာကတော့ သူ့ရဲ့ဆန္ဒအရလုပ် တာဆိုတော့ ဘာမှပြောစရာမရှိ ဘူး။ ဇာတ်ကားတွေ မကြည့်ဘဲ ပေးတယ်ဆိုတာကတော့ သူမသိ ဘဲ ရမ်းပြောနေတာပါ။ ဇာတ်ကား တစ်ကားကို လေးငါးခါလောက် ပြန်ကြည့်ရပါတယ်။ ကျွန်တော် တို့    အကဲဖြတ်အဖွဲ့ဝင်   ၃၆ ယောက်လောက်ရှိပါတယ်။အား လုံးကိုမေးကြည့်နိုင်ပါတယ်’’ဟု အကယ်ဒမီနောက်ဆုံးအကဲဖြတ် အဖွဲ့ဝင်   ဒါရိုက်တာဦးနှင်းမိုးက ပြောသည်။

၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင်  အကယ်ဒမီဆုမှာ နတ် ကြီးကြောင်း     သိဖြစ်ပြီးဖြစ် ကြောင်းနှင့် ဇာတ်ကားမကြည့်ဘဲ အဖွဲ့အစည်းက ကြိုတင်ပေးထား ခြင်းဖြစ်ကြောင်း၊ မရိုးသားသည့်အကယ်ဒမီ ပတ်သက်ရာ    ပတ်သက်ကြောင်းသာဖြစ်ပြီးလူတစ်စု ကောင်းစားနေရာရဖို့ဖွဲ့စည်းပြီး အနုပညာအဖွဲ့အစည်း အမည်သုံး စပွန်ဆာအမြောက်အမြားယူ၍ လုယက်စားသောက်နေကြသော ရုပ်ရှင်အစည်းအရုံးအားရှုတ်ချပါ ကြောင်းနှင့် စစ်မှန်သောအကယ် ဒမီကိုသာမျှော်လင့်ပြီး နိုင်ငံတော် မှပေးသည့်   အကယ်ဒမီဆုသာ တော်ကာကျကြောင်း      ဖော်ပြ ထားသည်။


ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သော ယင်းစာများကို ပြန် လည်ရုတ်သိမ်းခဲ့ပြီး ထိုသို့ဖျက်ရ ခြင်းမှာ ကိုယ့်စကားကိုယ် တာဝန်မယူနိုင်၍မဟုတ်ဘဲ ကောမန့်နေရာတွင်   ပရိသတ်အချင်းချင်းမိုက်ရိုင်းစွာ   ပြောဆိုလာခြင်း ကြောင့်   ဖျက်လိုက်ရခြင်းဖြစ် ကြောင်း သီင်္ဂီထွန်းကပြောသည်။

သရုပ်ဆောင်   သီင်္ဂီထွန်း သည် စုန်းပြူးဇာတ်ကားဖြင့်အမျိုး သမီးဇာတ်ပို့ဆုကို သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်နှင့်အ တူ      ထင်ကြေးပေးခံခဲ့ရသူဖြစ် သည်။

Credit: 7 Day Daily
အပြည့်အစုံသို့ »

တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသူ အမျိုးသမီး ထပ်မံလူကုန်ကူးမှု မန္တလေးတွင်ဖမ်းမိ


လူကုန်ကူးခံရပြီး တရုတ်ဇနီးမယားအဖြစ် ရောင်း စားခံရသူ အမျိုးသမီးက အခြား အမျိုးသမီးများအား ပြန်လည်လူ ကုန်ကူးနေမှုကို ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း   လူကုန်ကူးမှုတား ဆီးကာကွယ်ရေး    ရဲတပ်ဖွဲ့ (မန္တလေး)မှ သတင်းရရှိသည်။

တရုတ်နိုင်ငံ ဝူဟုမြို့နယ် အန်ဟွေ့မြို့နေ အမျိုးသမီးက မန္တလေးရှိ ၎င်း၏ ညီမများနှင့် ပူးပေါင်းကာ အမျိုးသမီးငယ်သုံး ဦးအား လူကုန်ကူးရန်ကြိုးစားနေ စဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့နေ   အသက် (၂၇)နှစ်အရွယ် အမျိုးသမီးနှင့် အသက်(၄၀)အရွယ် အမျိုးသမီး တစ်ဦးတို့က တရုတ်နိုင်ငံတွင် လစာကျပ်ခုနစ်သိန်းဖြင့် အလုပ် ရမည်ဆိုကာ မန္တလေးမြို့ခံအမျိုး သမီးငယ်အချို့အား စည်းရုံးနေ သည်ကို ရဲတပ်ဖွဲ့က သတင်းရရှိ ခဲ့ပြီး ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည် ဟု လူကုန်ကူးမှုတားဆီးကာကွယ် ရေး ရဲတပ်ဖွဲ့ (မန္တလေး)မှ ရဲမှူး ဖေသိန်းကျော်က ပြောသည်။

‘‘ဒီအမျိုးသမီးက ပထမတစ် ကြိမ်   လူကုန်ကူးပြီးပြီ။  အခု ဒုတိယအကြိမ် လူကုန်ကူးဖို့ ကြိုး စားတဲ့အချိန်မှာ ဖော်ထုတ်နိုင်ခဲ့ တာ။ သူကိုယ်တိုင်ကလည်း လူ ကုန်ကူးခံရပြီး တရုတ်ဇနီးမယား အဖြစ် ရောင်းစားခံထားရတာ။ အဲဒီအမျိုးသမီးက ဟိုမှာအနေ ကြာလာပြီး    တခြားအမျိုးသမီး တွေပါ တရုတ်ဇနီးမယားအဖြစ် ရောင်းစားဖို့ကြိုးစားနေတာ’’ဟု ရဲမှူးဖေသိန်းကျော်က     ပြော သည်။

တရုတ်နိုင်ငံသို့ လိုက်ပါမည့် သူများအဖြစ် အသွင်ယူထားသူ အမျိုးသမီးငယ်များကို မန္တလေး- မူဆယ်ကားဖြင့် ခေါ်ဆောင်လာ စဉ် (၁၆)မိုင်ဂိတ်တွင် ဖမ်းဆီးနိုင် ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုအတွက် လူကုန် ကူးရန် ကြိုးစားသူတရုတ်နိုင်ငံနေ အမျိုးသမီးတစ်ဦး၊ မန္တလေးမြို့နေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို ပုသိမ်ကြီးမြို့နယ် အုန်း ချောရဲစခန်း၌ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေ    ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေး ယူထားသည်။

ယခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ဖော်ထုတ်နိုင် ခဲ့သော လူကုန်ကူးမှုများမှ တရား ခံ ၂၇ ဦးဖမ်းဆီးနိုင်ခဲ့ပြီး အမျိုး သမီး ၃၄ ဦးကို လူကုန်ကူးခံရမည့် အရေးမှ ကယ်တင်နိုင်ခဲ့သည်ဟု လူကုန်ကူးမှု   တားဆီးကာကွယ် ရေး ရဲတပ်ဖွဲ့ (မန္တလေး)မှ သတင်းရရှိသည်။

http://7daydaily.com/story/28298#.VKT41HsfzIU
အပြည့်အစုံသို့ »

စစ်သီချင်းကို နှစ်သစ်လက်ဆောင်ပေးမယ့် ဖြူဖြူကျော်သိန်း


 ပရိသတ်များအတွက် ၂၀၁၅ နှစ်သစ်လက်ဆောင်အနေ ဖြင့် စစ်သီချင်းကို အွန်လိုင်းမှ ယနေ့    စတင်ဖြန့်ချိပေးမည်ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

‘‘ဒီသီချင်းကို You Tube မှာ အမ်စတာဒမ်ပွဲတုန်းကဆိုထား တာကို ပရိသတ်တွေတော်တော် ကြိုက်ကြတယ်။ အဲဒီတုန်းက တော့ အယ်လ်လွန်းဝါနဲ့ဆိုထား တာ။ အခုက နာမည်ကျန်နေရစ် မယ်အခွေမှာပါမယ့်တစ်ယောက် တည်းဆိုထားတဲ့ဗားရှင်းနဲ့ဖြန့်ပေး မှာပါ’’ဟု ၎င်းက ပြောသည်။

ယင်းသီချင်းသည် ငြိမ်းချမ်း ရေစးနှင့်သက်ဆိုင်သည့် သီချင်း တစ်ပုဒ်ဖြစ်သောကြောင့် နှစ်သစ် တွင် ငြိမ်းချမ်းရေးအတွက် ဆော် ဩပေးသည့်သဘောပင်   ဖြစ် ကြောင်း    ဖြူဖြူကျော်သိန်းက ပြောသည်။

‘‘နာမည်ကျန်နေရစ်မယ်’’ တစ်ကိုယ်တော်ခွေကို မကြာမီ လပိုင်းအတွင်း ဖြန့်ချိပေးနိုင်ရန် ကြိုးစားနေပြီး အချောသပ်ပိုင်း ကျန်နေသောကြောင့် မထွက်နိုင် ခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ဓာတ်ပုံတွေတောင်ရိုက်ပြီး သွားပြီ။ အချောသပ်တဲ့အပိုင်း အတွက် ဆရာချစ်စမ်းမောင်ဆီ က ဒိတ်ရအောင်စောင့်နေရတာ။ လောလောဆယ် ဆယ်ပုဒ်ကို လေးပုဒ်ပဲပြီးသေးတယ်။ နောက် နှစ်လလောက်အတွင်း ထွက်နိုင် အောင်တော့ ကြိုးစားနေတယ်’’ ဟု ဖြူဖြူကျော်သိန်းက ပြော သည်။

http://7daydaily.com/story/28303#.VKT4unsfzIU
အပြည့်အစုံသို့ »