Showing posts sorted by relevance for query Trend Myanmar. Sort by date Show all posts
Showing posts sorted by relevance for query Trend Myanmar. Sort by date Show all posts

ဖုန်းသုံးရင်း ဓားစာခံမဖြစ်စေရန် သတိပြု (သို့) ၁ရက်ကို ကန်ဒေါ်လာ ၃သိန်းရှာနေတဲ့ အကျပ်ကိုင်ညွှန်ကြားချက်တစ်ရပ်အကြောင်း




သင်ဟာ သင်ကိုယ်ပိုင်ဖုန်း အသုံးပြုနေလျှက်နဲ့ပဲ ဓားစာခံဖြစ်သွားနိုင်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ သင့်ကို ဥပဒေနဲ့ ညှိစွန်းအောင် လုပ်မှာပါ။ သီချင်းတစ်ပုဒ် အသစ်
ထွက်လို့ link တစ်ခုကို နှိပ်ကြည့်မိတာမျိုးကနေ အစပြုတာပါပဲ။ တစ်ခါက အမေရိကန်၊ Tennessee ပြည်နယ်က အသက်၁၂နှစ် အရွယ်ရှိ မိန်းကလေးတစ်ယောက်ဟာ သီချင်း
link တစ်ခုကို နှိပ်မိရာကနေ သီချင်းပွင့်လာရမယ့်အစား အနှောင့်အယှက် ဆော့ဖ်ဝဲလ်
တစ်ခုပွင့်လာပြီး ကလေးငယ်ညစ်ညမ်း ဗီဒီယိုတွေကို download လုပ်ပါတော့တယ်။

 ဖုန်းဟာလည်း lock ကျသွားပြီး ဒေါ်လာ ၅၀၀ မပေးဘူးဆိုရင် FBI ကို သတင်းပို့တိုင်တန်း
မယ်လို့ အကျပ်ကိုင်ပါတော့တယ်။ ဒါပေမဲ့ သူမကတော့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါ
တယ်။

ဒါကို Ransomware (အကျပ်ကိုင်ညွှန်ကြားချက်ပါ ဆော့ဖ်ဝဲလ်) လို့ခေါ်ပါတယ်။ သင်ပိုက်ဆံမပေးရင် သင့်ဒေတာတွေကို ဖျက်တဲ့ မူကွဲတွေလဲရှိပါတယ်။ ဒီ ransomeware တွေဟာ ဒေါ်လာ ၁၀၀ ကနေ ၆၀၀ အတွင်းတောင်းခံပြီး ရက်တစ်ရာအတွင်း ကန်ဒေါ်လာ သန်း ၃၀ နီးပါးရှာနေနိုင်ပါတယ်။ ဖုန်းအသုံးပြုသူ သန်း ၆၀မှာ ၄သန်းလောက်က ဒီအကျပ်ကိုင်မှုမျိုးကို ခံရတယ်လို့ သိရပါတယ်။ ဒါကြောင့် App ဒေါင်းမယ်ဆိုရင် Google Play Store နဲ့ Apple App Store ကလွဲရင် ဘယ်ဟာမှ စိတ်မချရပါဘူး။

Credit : Trend Myanmar
အပြည့်အစုံသို့ »

ကျော်ပိုးအိတ် သို့မဟုတ် မိမိလက်ကိုင်အိတ်ကို အမြဲ သန့်စင်ပေးသင့်



မိမိကြောပိုးအိတ် သို့မဟုတ် လက်ကိုင်အိတ်ရဲ့ လက်ကိုင်ကြိုးတွေကို အထူး ဂရုစိုက်ပေးသင့်တယ်။ ၄င်းတို့ကို အိပ်ယာပေါ် သို့မဟုတ် မီးဖိုချောင်တွေမှာ မထားသင့်ဘူး။ ဒါ့အပြင် သွားလေရာကို ကိုယ်နဲ့မကွာယူကြတာမျိုး၊ သန့်စင်ခန်းကြမ်းပြင်တွေမှာချထားတာမျိုးတွေ  မလုပ်သင့်ပါဘူး။

အိတ်ပေါ်ကပ်နေတဲ့ staphylococcus၊ ဗိုင်းရပ်စ်၊ fomites နဲ့ ကူးစက်ရောဂါဖြစ်ပွားစေနိုင်တဲ့ microbes ကဲ့သို့သော အရေပြားပေါ်က ဘက်တီးရီးယားတွေ ဖယ်ရှားဖို့ ပိုးသတ်ထားတဲ့ အဝတ်စလေးတွေနဲ့ တစ်ပတ်တစ်ကြိမ် အထူးသတိထား သုတ်သင် သန့်ရှင်းပေးသင့်ပါတယ်။

သားရေသားတွေ ပျက်စီးသွားမှာစိုးရိမ်တယ်ဆိုရင်တော့ အားလုံးတစ်ခါတည်း မသုတ်သေးခင် အစမ်းသဘောနဲ့ အကွက်သေးလေး တစ်နေရာကို အရင် စမ်းသုတ်ကြည့်လိုက်ပါ။

Ref: DailyMail
trend myanmar

အပြည့်အစုံသို့ »

မမလေးတို့ စိတ်စနိုးစနောင့် ဖြစ်ရတဲ့ ကိုကိုလေးတို့ အကျင့်





မမလေးတို့က အကြောင်းမရှိအကြောင်းရှာပြီး စိတ်ကောက်စိတ်ဆိုးကြတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတာနဲ့ ရှောင်ရန်ဆောင်ရန်တွေသိဖို့ အောက်မှာပြောပြပေးမယ့် အချက်ကလေးတွေ ဖတ်ကြည့်လိုက်ရအောင်။

ခုကစပြီး သင့်ရဲ့ကောင်မလေး ဒါမှမဟုတ် သင့်ဇနီးက ဘာလို့ မျက်မုန်းကျိုးနေရသလဲဆိုတာ
 သိမြင်ဖို့ အချိန်ရောက်ပါပြီ။ တခါတလေမှာ သူတို့အော်လိုက်ရင် ဘယ်နား သွားဝပ်နေလို့ နေရမှန်းတောင်မသိ ဖြစ်ဖြစ်သွားတတ်ပါတယ်။ မွေးနေ့မေ့နေလို့၊ နှစ်ပတ်
လည်နေ့မေ့နေလို့ စိတ်ဆိုးတာက ရှိသေးတယ်။

မမလေးတို့က အကြောင်းမရှိအကြောင်းရှာပြီး စိတ်ကောက်စိတ်ဆိုးကြတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတာနဲ့ ရှောင်ရန်ဆောင်ရန်တွေသိဖို့ အောက်မှာပြောပြပေးမယ့် အချက်
ကလေးတွေ ဖတ်ကြည့်လိုက်ရအောင်။

၁။ ကိုယ့်အကြောင်းကိုယ်ချည်း မပြောမိပါစေနဲ့။

ကိုယ့်ကောင်မလေးကို ဂရုမစိုက်ဘဲ ကိုယ့်အကြောင်းကိုယ်ချည်း ပြောဖြစ်နေမယ်ဆိုရင်တော့ မကြာခင်မှာပဲ အောကြောလန်သွားပါလိမ့်မယ်။ အပြန်အလှန်ရှိတဲ့ ဆက်သွယ်မှုက ဘယ်လိုဆက်ဆံရေးအတွက်မဆို အခြေခံအကျဆုံးနဲ့ ထိရောက်မှုအရှိဆုံးကိစ္စပါပဲ။ ဒီတော့ ကိုယ့်အကြောင်းမဟုတ်တဲ့ မေးခွန်းလေးတွေလည်းမေးပါ။ ယုယကြင်နာစွာနဲ့ ဂရုစိုက်ပြပါ။ ကိုကိုက သိပ်ဂရုစိုက်တာပဲဆိုပြီး ဖြစ်လာပါလိမ့်မယ်။

၂။ အရာရာ သူတို့ကိုပဲ မစီမံခိုင်းပါနဲ့။

ညစာစားဖို့ အစီအစဉ်ရှိတယ်လို့ပြောပြီး ဘယ်နေရာ၊ ဘယ်အချိန်မှာဆုံဖို့ ကောင်မလေးကို ဆုံးဖြတ်ခိုင်းတာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုလုပ်မိတယ် ဆိုရင်တော့ သားကြီး၊ မင်းကိုယ့်သေတွင်း ကိုယ်တူးမိသလိုဖြစ်ပြီ၊ ကောင်မလေးကို ဦးစားပေး ရွေးချယ်စေတာပဲလို့ ထင်မိကောင်း ထင်မိလိမ့်
မယ်။ ဒါပေမယ့် ချိန်းတွေ့ကြဖို့ သင်ဟာ လုံးဝစိတ်မပါဘူးလို့ သတ်မှတ်ခံရပါလိမ့်မယ်။ ညနေကျ တွေ့ကြရအောင်လို့ ပြောလိုက်ရင်ချိန်းတွေ့ဖို့သင့်ဘက်ကအစစအရာရာ ပြင်ဆင်ပြီးသား
လို့ ကောင်မလေးက ယူဆမှာပါ။ အဲ့ဒီ့တော့ နောက်တစ်ခါတွေ့ကြရင် သင်ကပဲ အရာရာဦးဆောင်ပြီးတော့ ကောင်မလေးကို အံ့အားသင့်အောင်လုပ်လိုက်ပါ။

၃။ ပ၀ါရေစိုကြီးကို အိပ်ရာပေါ်မှာမထားခဲ့ပါနဲ့။

ပ၀ါရေစိုကြီးကို ရေချိုးခန်းကြမ်းပြင်မှာ လဲမချခဲ့ပါနဲ့။ ပန်းကန်ဆေးတဲ့ကန်ထဲမှာလည်း ထည့်မထားခဲ့ပါနဲ့။ ပြီးတော့ ဖိနပ်နဲ့ ခြေအိတ်တွေကိုလည်း အိပ်ခန်းထဲမှာ မရှိပါစေနဲ့။ ပြောရင်
 ဆုံးတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆိုလိုရင်းကို သဘောပေါက်တယ်နော်။ အိမ်အလုပ်တွေ ၀ိုင်းကူမပေးတဲ့။ အိမ်ကိုသန့်ရှင်းအောင် ၀ိုင်းကူမပေးတဲ့ ခင်ပွန်းမျိုးကို မုန်းတတ်ပါတယ်။နောက်တစ်ကြိမ်ဆိုရင်နည်းနည်းပါးပါး ကူညီလိုက်ပြီး အထက်က အကျင့်မျိုးတွေကို ဖျောက်ပြီး။ လုံးဝပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်း တစ်ယောက်ဖြစ်အောင်
 နေလိုက်ပါ။

၎။ ကောင်မလေးတွေအတွက် တံခါးဖွင့်ပေးဖို့ မမေ့ပါနဲ့။

ရှေ့ကကြိုသွားပြီး ကားတံခါးဖွင့်ပေးတာမျိုး အလေ့အကျင့်မရှိဘူးဆိုရင်တောင် ကြိုးစားပြီး စ
လုပ်ကြည့်ပေါ့။ မိန်းကလေးတွေက အချိန်တိုင်းအချိန်တိုင်းမှာ အလေးပေးပြီး အထူးပုဂ္ဂိုလ်အဖြစ် အဆက်ဆံခံချင်ကြတယ်။ဒါကို သိပြီးတောင်မှ မလုပ်ပေးချင်ဘူး ဆိုရင်တော့သင်ဟာ အမျိုးသမီး
အပေါ်ကို ညှာတာထောက်ထားတတ်တဲ့စိတ် လုံးဝမရှိတဲ့ သူတစ်ယောက်ပါပဲ။

၅။ ချိန်းတွေ့နေကြတုန်း တခြားမိန်းကလေးတွေကို မငမ်းပါနဲ့။

ကောင်မလေးနဲ့ အပြင်လျှောက်လည်မယ်လို့ ပြောထားပြီးရင် ဒါဟာ သင့်ရဲ့အာရုံစိုက်မှုနဲ့ အချိန်တွေအားလုံးကို သူ့အတွက်ပဲ ကုန်ဆုံးစေရမယ်လို့ ကတိခံလိုက်တာပါပဲ။ စားသောက်ဆိုင်ထဲမှာဖြစ်ဖြစ် အအေးဆိုင်ထဲမှာဖြစ်ဖြစ် အတူတူထိုင်နေကြတုန်း တခြားကောင်မလေးတွေကို လိုက်ငမ်းနေရင် သူ့အတွက်စိတ်ညစ်စရာတွေ ဖြစ်သွားစေမှာပါ။

၆။ ဘယ်လို အ၀တ်အစားလေး ၀တ်စေချင်တာ ဆိုတာမျိုး မပြောပါနဲ့။

ဘာအ၀တ်အစား ၀တ်လိုက်ပါလားလို့ပြောမိရင် ဒါဟာမိန်းကလေး တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို နှောင့်ယှက်တာနဲ့ အတူတူပါပဲ။ တခြားယောက်ျားတွေကြည့်မှာစိုးရိမ်လို့ အတို
အပြတ်တွေ မ၀တ်ပါနဲ့လို့ ဟန့်တားတာမျိုးလဲ မလုပ်သင့်ပါဘူး။သင်သိထားဖို့က သင့်ကောင်မလေး အဲ့ဒီ့လိုဝတ်တာဟာ တခြားကောင်တွေကို ဂရုစိုက်စေချင်လို့ ၀တ်တာမဟုတ်ပါဘူး။ သင့်ရဲ့ဂရုစိုက်
မှုကို လိုချင်လို့ပါပဲ။ အဲ့ဒီ့တော့ စိတ်လျှော့။ ကိုယ့်ကောင်မလေးကို ကိုယ်ပဲခံစားလိုက်။

Credit : Trend Myanmar
အပြည့်အစုံသို့ »