Showing posts sorted by date for query အောင်ခမ်း. Sort by relevance Show all posts
Showing posts sorted by date for query အောင်ခမ်း. Sort by relevance Show all posts

Facebook မှာ အရက်မူးနေတဲ့ ပုံတွေ တင်မရအောင် Facebook က ဖန်တီး



Facebook က နည်းပညာ တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ယင်းကတော့ အရက်မူးနေတုန်း ပုံတင်လို့မရအောင် ဖြစ်ပါတယ်။ အရက်တော့ မမူးတော့ဘူး။ ဒါပေမယ့် ရိုက်ထားတဲ့ ပုံက မူးနေတဲ့ ရုပ်နဲ့ ဖြစ်နေရင် Facebook ပေါ် မရောက်ရှိအောင် ဖြစ်ပါတယ်။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ယင်းအတွက် လက်ရှိ Facebook မှာ အသုံးပြုနေတဲ့ မျက်နှာ ခွဲခြမ်းစိတ်ဖြာ လေ့လာ နည်းပညာကိုပဲ ထပ်မံ အဆင့်မြင့်တင်လိုက်ခြင်း ဖြစ်ပါတယ်။

လူတို့ရဲ့ မျက်နှာအနေအထားများကို တစ်ယောက်ချင်းစီ ကနေ လေ့လာ ယူထားပါမယ်။ သူတင်နေကျ အရင်ပုံတွေကနေ ရမယ့် မျက်နှာအသွင်အပြင်ကို မှတ်ထားပြီး ကိုယ်တိုင်လိုက်တဲ့ နောက်ထပ် ပုံတစ်ပုံပုံက အရင်လို မဟုတ်ပဲ အရက်မူးနေတဲ့ ပုံစံ ပေါက်နေရင် ယင်းပုံကို တင်ခွင့်မပေးတာမျိုး ဖြစ်ပါတယ်။ မျက်နှာ တစ်ခုတည်းကို မက ပတ်ဝန်းကျင်ကိုလည်း လေ့လာပါအုံးမယ်။ ဒီတော့ Facebook ပေါ်မှာ ကိုယ့်ရဲ့ ဘော့စ်၊ အဖေ၊ အမေ တို့ ရှိနေလည် စိတ်မပူရတော့ ပါဘူး။

နောက်ထပ် နည်းပညာ ကတော့ Facebook ပေါ်မှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်ချက် တွေပေါ်မှာ မူတည်ပြီးတော့ သူလိုချင်တဲ့ Update / News Feed တွေပဲ ပေးစေမယ့် နည်းပညာ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းဟာလည်း အသစ်တော့ မဟုတ်ပါဘူး။ Facebook က ယခု အသုံးပြုနေပြီးသား ဖြစ်ပြီး ယင်းထက် ပိုပြီးတော့ ဥာဏ်ရည်မြင့်တဲ့ နည်းပညာကို ကြိုးစားဖန်တီးခြင်း ဖြစ်ပါတယ်။ အနာဂတ်မှာ Facebook အနေနဲ့ လူသားတို့ အတွက် ဒီဂျစ်တယ် လက်ထောက်တစ်ခု အနေနဲ့တောင် ရှိအောင် ဖန်တီးမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး) 
အပြည့်အစုံသို့ »

အမျိုးသမီးများ ဘုန်းကံ နိမ့်မနိမ့်၊ ဘုရား ဖြစ်နိုင် မဖြစ်နိုင်



ခွေးအထီးကို အမျိုးသမီးက ကျော်ခွလျှင်၊ အမျိုးသား၏ ဦးခေါင်ကို အမျိုးသမီးက ထိလျှင်ကိုင်လျှင်၊ အမျိးသားများ က အောက်မှာ ထိုင်ပြီး အမျိုးသမီးက အပေါ်မှာ ထိုင်သည့် အနေအထား တစ်ခုတွင် ရှိလျှင်၊ တရားနာသည့်အခါ အမျိုးသမီးများက အမျိုးသားအရှေ့မှာ နေလျှင် ဘုန်းနိမ့်တတ်သည်။ ကံနိမ့်တတ်သည် အစရှိသဖြင့် အမျိုးမျိုး ပြောဆိုကြသည်။ အမှန်စင်စစ်ကား မဟုတ်ရပါ။ရှေးယခင် ခေတ်အဆက်ဆက်က အမျိုးသမီးတို့ က္လိနြေ္ဒ ရွှေပေး၍ မရ အစရှိသဖြင့် ပြောစမတ် ရှိခဲ့သည်။

အမျိုးသမီးဟူသည် အမျိုသားများနှင့် မတူသည့် အဓိက အချက်မှာ လက်ရုံးခွန်အား ဗလ တစ်ခု ဖြစ်ပြီး ယင်း အချက်ကို လူသားတို့ သိရှိ၍ အနိုင်မကျင့်ပဲ ကိုယ်ချင်စာ သနားတတ်စေအောင် အားနွဲ့သူ ပီပီ ယဉ်ယဉ်ကျေးကျေး နေအပ်စေသည်။ ယင်းမှာ မည်သူမျှ ဥပဒေထုတ် တားမြစ်စရာ မလိုပဲ အမျိုးသမီးများ ကိုယ်တိုင် လက်ရုံးခွန်အားဗလ အားနွဲ့သူ ပီပီ အမျိုးသားများကဲ့သို့ တန်းတူ ခွန်အားသုံး အလုပ်လုပ်ခြင်းတို့ မလုပ်၊ လိင်သဘာဝအဖြစ် ကွဲပြားသောကြောင့်လည်း အမျိုးသားများကဲ့သို့ မဝတ်ဆင်။ ယဉ်ကျေးသူ ပီပီ လုံလုံခြုံခြုံဝတ်စေကာ၊ ပြောဆို၊ ပြုမု အမူအရာ များက အစ ယဉ်စေရန် ငယ်စဉ်ကတည်းက မိဘများက သင်ကြားပေးသည်။ အနေအထိုင် မယဉ်ကျေး၊ သွားလာသည့်အခါ လမ်းလျှောက်သည့်အခါ ခုန်လွှားခြင်း၊ ကျော်လွှားခြင်းတို့ မပြုစေ။ အမျိုးသားများ မြင်သည့်အခါ အနိုင်ကျင့်ခြင်း၊ မကောင်းမှု ပြုခြင်းတို့၏ ဆန့်ကျင့်ဘက်ဖြစ်သည့် သနားခြင်း၊ ကူညီချင်စိတ် ဖြစ်ပေါ်စေခြင်း၊ ဖေးမ ကူညီလိုစိတ်ဖြစ်ပေါ်စေခြင်းတို့ကို မွေးဖွားစေရန် ဖြစ်သည်။ စာနာ သနားတတ်လာစေရန် ဖြစ်သည်။ ယင်းကို မသိပဲ မိမိက ဝတ်စားရာတွင် မဆင်မခြင် ဖော်ပြ ဝတ်စားခြင်း၊ သွားလာသည့်အခါ အမျိးသမီးကဲ့သို့ ညင်သာမှု မရှိခြင်း တို့က မိမိအတွက်လည်း ပို၍ မလုံခြုံမှု ဖြစ်စေသည်။ ဘုရားစိန်ဖူးတော် တင် သပ္ဗါယ်ခြင်း ကဲ့သို့ အမှုကိစ္စ၊ ဘုရားရင်ပြင် အမြင့်နေရာသို့ တက်ခြင်း ကိစ္စတို့သည် အောက်တွင် ရှိသော အမျိုးသားများ၏ အမြင်တွင် မတင့်တယ်သကဲ့သို့ ရှိသောကြောင့် တားဆီးမှုများကို ခေတ်အဆက်ဆက် ပြုလုပ်ရာမှ အမျိုးသားများသာ ဝင်ရန်ကဲ့သို့ ဘုရားစေတီ နေရာများ ရှိလာရသည်။

ဘုန်းကြီး၊ ဦးဇင်းများနှင့် အနီးကပ် မနေပဲ ခွာနေရန် ဟူသည်ဟာ ဘုရားသားတော် တရားအားထုတ်သူများ အနေဖြင့် တရားကို မထိခိုက်ပဲ စိတ်များ အာရုံများ လောကုတ္တရာတွင်သာ မြဲ၍ နေအောင် မာတုကာမ များဖြင့် ခွာ၍ နေရန် မြတ်စွာဘုရားကိုယ်တိုင် ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

အမျိုးသမီးများ တရားအားထုတ်က ဘုရားဖြစ်နိုင် မဖြစ်နိုင်

တရားဟောက တရားသိနိုင်သော တိဟိတ်ဥာဏ် ရှိသူတိုင်းက နိဗ္ဗာန်ရောက်နိုင်သည်။ ကျင့်ကြံ အားထုတ် ရနိုင်ပါသည်။ အမျိုးသမီးများလည်း အမျိုသားဘဝ ရရှိအောင် ကျင့်ကြံအားထုတ်နိုင်ပါတယ်။ အမျိးသား၊ အမျိးသမီး ဟူ၍ ကွဲလာသည့်အခါ အဓိက ကွဲသွားသည့် အချက် တစ်မှာ ဓိပတိ ဖြစ်သည်။ ကြိုးစားအားထုတ်မှု ဖြစ်ပြီး အမျိုးသားများက ခွန်အားဖြင့်လည်း ပိုမို သန်မာသောကြောင့် ကြိုးစားအားထုတ်သည့်အခါ ဇွဲ လုံ့လ ပိုမို ပြင်းထန်သောကြောင်း ဘုရားဖြစ်ရန်မှာ အမျိုးသားများကဲ့သို့ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ၊ တို့တွင် ဓိပတိ အားဖြင့် သဘာဝ အလျောက် ပိုမို အားကောင်းသောကြောင့် ဘုရားဖြစ်ရန် ကြိုးစားနိုင်သည်ဟု ဆိုလိုသည်။ ယင်းဆိုလိုမှုမှာ အမျိုးသမီးတို့တွင် ရှိသော ကြိုးစားအားထုတ်မှုကို နည်းသည်ဟု မဆိုလို လောကမှ ထွက်မြောက်ရာ ဖြစ်သော နိဗ္ဗာန်သို့ ရောက်ရန် ကျင့်ကြံရန် လိုအပ်သော အရည်အချင်းတို့မှာ ကိုယ်စီ ရှိကြ ပါသည်။ ယခု ဘဒ္ဒကမ္ဘာတွင်ပင်တောင် ဘုရား နောက်တစ်ဆူသာ ပွင့်တော့မှာ ဖြစ်ပြီး ယင်းဘုရားမှ သာမန်လူများထက် ပို၍ ကြိုးစားအားထုတ်မှု၊ ပါရမီ ရင့်သန့်သော ရှားပါး လူသားသာ ဖြစ်သည်။

အောင်ခမ်း (ရိုးရာလေး)
အပြည့်အစုံသို့ »

ဂျာမနီမှာ နေပြီး အာဖရိက ပြည်သူတွေကို Skype နဲ့ လှမ်းအုပ်ချုပ်တဲ့ ဘုရင်


ဥရောပ တိုက်မှာနေပြီး အာဖရိက ပြည်သူတွေကို Skype ကနေ
လှမ်းချုပ်တဲ့ ဘုရင် တစ်ပါး ရှိပါတယ်။ ဂါနာနိုင်ငံရဲ့ အရှေ့တောင်ဒေသ ပြည်နယ် တစ်ခု ဖြစ်တဲ့ Hohoe ကို King Togbe Ngoryifia Céphas Kosi Bansah အမည်ရ ဘုရင် အုပ်ချုပ်ပါတယ်။
ဂါနာ ဆိုတာ အာဖရိကတိုက် အနောက်ပိုင်းက နိုင်ငံငယ် တစ်ခု ဖြစ်ပါတယ်။ ယင်းထဲမှာ Hohoe ဆိုတာ ရှေးကနေ ယနေ့အထိ ဘုရင်စနစ် ကျင့်သုံးပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထားတဲ့ ဒေသ ဖြစ်ပါတယ်။
ယင်းဒေသကနေ ၁၉၉၀ ကျော်တုန်း Ngoryfia ကို ဘုရငအဖြစ် တင်မြောက်ခဲ့ပါတယ်။ ရှိနေတဲ့ အစ်ကိုကြီး ၂ ယောက်က ဘယ်သန် (ဘယ်ဘက်လက်သန်)သူတွေ ဖြစ်နေတာကြောင့်မို့ Ngoryfia ဟာ ဘုရင်ခံ ဘွဲ့ကို ရရှိခဲ့ ပါတယ်။ ဒါပေမယ့် သူဟာ အဲ့ဒီအချိန်ကတည်းက Student program နဲ့ ဂျာမနီကို ခဏခဏရောက်ပြီး ဂျာမနီကို ကြိုက်နှစ်သက်ခဲ့ ပါတယ်။ တစ်ချိန်တုန်းကလည်း ဂါနာရဲ့ Volta Region ဟာ ဂျာမနီလက်အောက်မှာ ရှိခဲ့ ဖူးတာကြောင့် ဂျာမနီအနေနဲ့ ဂါနာတို့ကို ၎င်းတို့ တိုင်းပြည်မှာ ကျောင်းတက်ခွင့်၊ လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်တို့ ပေးတတ်ပါတယ်။
ဒီတော့ ဘုရင်အဖြစ် တင်မြောက်ခံရပေမယ့် Togbe Ngoryifia Céphas Kosi Bansah ဟာ ဂျာမနီမှာပဲ ဆက်နေသွားပြီး သူ့ဒေသကို Skype ကနေ လှမ်းအုပ်ချုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်တဲ့။ Skype တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Skype မပေါ်ခင်က Fax, email တို့ သုံးပေမယ့် ယနေ့တော့ အင်တာနက် ကနေ tool အမျိုးမျိုး သုံးပြီးတော့ ဆက်သွယ် အုပ်ချုပ် ပါတယ်။ သူနဲ့ သူ့အမျိုးသမီးက ဂျာမနီက မြို့ကြီးတစ်ခုမှာ နေထိုင်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူ့အိမ်မှာ သိမ်းထားတဲ့ ဘုရင့်သရဖူ ပျောက်သွားလို့ သတင်းကြီးနေပါသေးတယ်။ ယူရိုပေါင် ၁သောင်းခွဲ မက တန်ကြေး ရှိပြီး သူကတော့ ဒါဟာ တန်ဖိုးဖြတ်မရဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ နယ်ခြားကနေ နေပြီး တိုင်းပြည်အတွက် များစွာ ကြိုးပမ်း ဆောင်ရွက်ကြောင်းလည်း ဆိုပါတယ်။
ဂျာမနီမှာ ဖောင်ဒေးရှင်းထောင်ပြီး ဂါနာနဲ့ သူ့အုပ်ချုပ်တဲ့ ဒေသတို့ ရေသန့်ရရှိဖို့ နဲ့ ဆေးရရှိဖို့ကို အမြဲ ပြုလုပ်ပေးပါတယ်။ အခြားသော ပစ္စည်းများကိုလည်း တင်ပို့ ပေးပါသတဲ့။ ဂျာမနီက ရုပ်သံ အချို့မှာတောင် ပုံမှန်ပါဝင်လာပါတယ်။ ယခုတော့ အသက် ၆၆ နှစ်ရှိပါပြီ။ သူဟာ ဂျာမနီမှာပဲ ပညာသင်ကြားပြီး စက်မှုနဲ့ မော်တော်ယာဉ်ဆိုင်ရာ ပညာရပ်တို့မှာ မာစတာ ဘွဲ့ယူထားသူ ဖြစ်ပါတယ်။
သူ့ဌာနေ မပြန်ချင်တဲ့ အကြောင်း အချက် တစ်ခုကလည်း သူ တတ်ထားတဲ့ ယင်း ပညာကို ဂျာမနီမှာ ပြည်လည် အသုံးချချင်လို့ ဖြစ်ကြောင်း ဆိုပါတယ်။ တစ်နှစ်မှာ အနည်းဆုံး တစ်ခါတော့ သူ့ အုပ်ချုပ်တဲ့ ပြည်နယ်ကို သွားရောက် လည်ပတ်လေ့ ရှိကြောင်းလည်း သိရပါတယ်။ သူအုပ်ချုပ်တဲ့ ဒေသမှာ နေထိုင်သူ ၂ သိန်း ဦးရေ မက ရှိပါတယ်။ Céphas Bansah အကြောင်းကို http://en.wikipedia.org/wiki/Céphas_Bansah ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။ .

 အောင်ခမ်း
yoyarlay
အပြည့်အစုံသို့ »