မမလေးတို့ စိတ်စနိုးစနောင့် ဖြစ်ရတဲ့ ကိုကိုလေးတို့ အကျင့်





မမလေးတို့က အကြောင်းမရှိအကြောင်းရှာပြီး စိတ်ကောက်စိတ်ဆိုးကြတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတာနဲ့ ရှောင်ရန်ဆောင်ရန်တွေသိဖို့ အောက်မှာပြောပြပေးမယ့် အချက်ကလေးတွေ ဖတ်ကြည့်လိုက်ရအောင်။

ခုကစပြီး သင့်ရဲ့ကောင်မလေး ဒါမှမဟုတ် သင့်ဇနီးက ဘာလို့ မျက်မုန်းကျိုးနေရသလဲဆိုတာ
 သိမြင်ဖို့ အချိန်ရောက်ပါပြီ။ တခါတလေမှာ သူတို့အော်လိုက်ရင် ဘယ်နား သွားဝပ်နေလို့ နေရမှန်းတောင်မသိ ဖြစ်ဖြစ်သွားတတ်ပါတယ်။ မွေးနေ့မေ့နေလို့၊ နှစ်ပတ်
လည်နေ့မေ့နေလို့ စိတ်ဆိုးတာက ရှိသေးတယ်။

မမလေးတို့က အကြောင်းမရှိအကြောင်းရှာပြီး စိတ်ကောက်စိတ်ဆိုးကြတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတာနဲ့ ရှောင်ရန်ဆောင်ရန်တွေသိဖို့ အောက်မှာပြောပြပေးမယ့် အချက်
ကလေးတွေ ဖတ်ကြည့်လိုက်ရအောင်။

၁။ ကိုယ့်အကြောင်းကိုယ်ချည်း မပြောမိပါစေနဲ့။

ကိုယ့်ကောင်မလေးကို ဂရုမစိုက်ဘဲ ကိုယ့်အကြောင်းကိုယ်ချည်း ပြောဖြစ်နေမယ်ဆိုရင်တော့ မကြာခင်မှာပဲ အောကြောလန်သွားပါလိမ့်မယ်။ အပြန်အလှန်ရှိတဲ့ ဆက်သွယ်မှုက ဘယ်လိုဆက်ဆံရေးအတွက်မဆို အခြေခံအကျဆုံးနဲ့ ထိရောက်မှုအရှိဆုံးကိစ္စပါပဲ။ ဒီတော့ ကိုယ့်အကြောင်းမဟုတ်တဲ့ မေးခွန်းလေးတွေလည်းမေးပါ။ ယုယကြင်နာစွာနဲ့ ဂရုစိုက်ပြပါ။ ကိုကိုက သိပ်ဂရုစိုက်တာပဲဆိုပြီး ဖြစ်လာပါလိမ့်မယ်။

၂။ အရာရာ သူတို့ကိုပဲ မစီမံခိုင်းပါနဲ့။

ညစာစားဖို့ အစီအစဉ်ရှိတယ်လို့ပြောပြီး ဘယ်နေရာ၊ ဘယ်အချိန်မှာဆုံဖို့ ကောင်မလေးကို ဆုံးဖြတ်ခိုင်းတာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုလုပ်မိတယ် ဆိုရင်တော့ သားကြီး၊ မင်းကိုယ့်သေတွင်း ကိုယ်တူးမိသလိုဖြစ်ပြီ၊ ကောင်မလေးကို ဦးစားပေး ရွေးချယ်စေတာပဲလို့ ထင်မိကောင်း ထင်မိလိမ့်
မယ်။ ဒါပေမယ့် ချိန်းတွေ့ကြဖို့ သင်ဟာ လုံးဝစိတ်မပါဘူးလို့ သတ်မှတ်ခံရပါလိမ့်မယ်။ ညနေကျ တွေ့ကြရအောင်လို့ ပြောလိုက်ရင်ချိန်းတွေ့ဖို့သင့်ဘက်ကအစစအရာရာ ပြင်ဆင်ပြီးသား
လို့ ကောင်မလေးက ယူဆမှာပါ။ အဲ့ဒီ့တော့ နောက်တစ်ခါတွေ့ကြရင် သင်ကပဲ အရာရာဦးဆောင်ပြီးတော့ ကောင်မလေးကို အံ့အားသင့်အောင်လုပ်လိုက်ပါ။

၃။ ပ၀ါရေစိုကြီးကို အိပ်ရာပေါ်မှာမထားခဲ့ပါနဲ့။

ပ၀ါရေစိုကြီးကို ရေချိုးခန်းကြမ်းပြင်မှာ လဲမချခဲ့ပါနဲ့။ ပန်းကန်ဆေးတဲ့ကန်ထဲမှာလည်း ထည့်မထားခဲ့ပါနဲ့။ ပြီးတော့ ဖိနပ်နဲ့ ခြေအိတ်တွေကိုလည်း အိပ်ခန်းထဲမှာ မရှိပါစေနဲ့။ ပြောရင်
 ဆုံးတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆိုလိုရင်းကို သဘောပေါက်တယ်နော်။ အိမ်အလုပ်တွေ ၀ိုင်းကူမပေးတဲ့။ အိမ်ကိုသန့်ရှင်းအောင် ၀ိုင်းကူမပေးတဲ့ ခင်ပွန်းမျိုးကို မုန်းတတ်ပါတယ်။နောက်တစ်ကြိမ်ဆိုရင်နည်းနည်းပါးပါး ကူညီလိုက်ပြီး အထက်က အကျင့်မျိုးတွေကို ဖျောက်ပြီး။ လုံးဝပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်း တစ်ယောက်ဖြစ်အောင်
 နေလိုက်ပါ။

၎။ ကောင်မလေးတွေအတွက် တံခါးဖွင့်ပေးဖို့ မမေ့ပါနဲ့။

ရှေ့ကကြိုသွားပြီး ကားတံခါးဖွင့်ပေးတာမျိုး အလေ့အကျင့်မရှိဘူးဆိုရင်တောင် ကြိုးစားပြီး စ
လုပ်ကြည့်ပေါ့။ မိန်းကလေးတွေက အချိန်တိုင်းအချိန်တိုင်းမှာ အလေးပေးပြီး အထူးပုဂ္ဂိုလ်အဖြစ် အဆက်ဆံခံချင်ကြတယ်။ဒါကို သိပြီးတောင်မှ မလုပ်ပေးချင်ဘူး ဆိုရင်တော့သင်ဟာ အမျိုးသမီး
အပေါ်ကို ညှာတာထောက်ထားတတ်တဲ့စိတ် လုံးဝမရှိတဲ့ သူတစ်ယောက်ပါပဲ။

၅။ ချိန်းတွေ့နေကြတုန်း တခြားမိန်းကလေးတွေကို မငမ်းပါနဲ့။

ကောင်မလေးနဲ့ အပြင်လျှောက်လည်မယ်လို့ ပြောထားပြီးရင် ဒါဟာ သင့်ရဲ့အာရုံစိုက်မှုနဲ့ အချိန်တွေအားလုံးကို သူ့အတွက်ပဲ ကုန်ဆုံးစေရမယ်လို့ ကတိခံလိုက်တာပါပဲ။ စားသောက်ဆိုင်ထဲမှာဖြစ်ဖြစ် အအေးဆိုင်ထဲမှာဖြစ်ဖြစ် အတူတူထိုင်နေကြတုန်း တခြားကောင်မလေးတွေကို လိုက်ငမ်းနေရင် သူ့အတွက်စိတ်ညစ်စရာတွေ ဖြစ်သွားစေမှာပါ။

၆။ ဘယ်လို အ၀တ်အစားလေး ၀တ်စေချင်တာ ဆိုတာမျိုး မပြောပါနဲ့။

ဘာအ၀တ်အစား ၀တ်လိုက်ပါလားလို့ပြောမိရင် ဒါဟာမိန်းကလေး တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို နှောင့်ယှက်တာနဲ့ အတူတူပါပဲ။ တခြားယောက်ျားတွေကြည့်မှာစိုးရိမ်လို့ အတို
အပြတ်တွေ မ၀တ်ပါနဲ့လို့ ဟန့်တားတာမျိုးလဲ မလုပ်သင့်ပါဘူး။သင်သိထားဖို့က သင့်ကောင်မလေး အဲ့ဒီ့လိုဝတ်တာဟာ တခြားကောင်တွေကို ဂရုစိုက်စေချင်လို့ ၀တ်တာမဟုတ်ပါဘူး။ သင့်ရဲ့ဂရုစိုက်
မှုကို လိုချင်လို့ပါပဲ။ အဲ့ဒီ့တော့ စိတ်လျှော့။ ကိုယ့်ကောင်မလေးကို ကိုယ်ပဲခံစားလိုက်။

Credit : Trend Myanmar

အပြည့်အစုံသို့ »

ပြီးပြည့်စုံတဲ့ တင်ပါးဆုံလှလှလေး ပိုင်ဆိုင်ဖို့ နည်းလမ်းအချို့


ကျစ်လစ်ပြီး ပုံစံကျတဲ့ တင်ပါးဆုံမျိုး ပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ စိတ်ကူးပဲ ဖြစ်ပါတယ်။ မိမိစိတ်ကူးအိမ်မက်လေးကို အကောင်အထည်ဖော်ပိုင်ဆိုင်စေနိုင်ဖို့အတွက် နည်းလမ်းလေးတွေရှိပါတယ်။ သို့ပေမယ့်လို့ သင့်ကို ဒီကနေ နည်းလမ်းလေးသာ ပေးနိုင်မှာဖြစ်ပြီး ကြိုးစားဆောင်ရွက် အကောင်အထည်ဖော်ရယူပိုင်ဆိုင်ဖို့ကတော့ သင့်ပေါ်သာမူတည်ပါတယ်။

ခြေဖျားထောက် လမ်းလျှောက်ခြင်း

သီးသန့်အချိန်ယူနေစရာမလိုအပ်တဲ့အတွက် ဒီလေ့ကျင့်ခန်းကို မကြာမကြာ ဆောင်ရွက်နိုင်ပါတယ်။ စက္ကန့် ၃၀-၄၀ ခန့်လောက်ကြာအောင် ခြေချောင်းလေးတွေနဲ့ လမ်းလျောက်ပါ။ ခဏနားပြီးရင် အဲဒီအတိုင်း အကြိမ်ကြိမ်ပြန် လုပ်ပေးပါ။ နေ့တိုင်း လုပ်ပေးလို့ ရပါတယ်။

စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်းဟာ မိမိရဲ့ သက်လုံ ခံနိုင်ရည် တိုးတက်စေတဲ့အပြင်တင်ပါးတွေရဲ့ ကြွက်သားတွေကို ပုံဖော်ပေးပါလိမ့်မယ်။

ဆောင့်ကြောင့်ထိုင်ခြင်း

တင်ပါးဆုံကြွက်သားတွေကို ပုံစံကျစေဖို့နဲ့ တောင့်တင်း ကျစ်လစ်စေဖို့ဆိုရင် ဒူးထောက်ထိုင်တာ သို့မဟုတ် ဆောင့်ကြောင့်ထိုင်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးနိုင်ပါယ်။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ ၅ မိနစ်ခန့်သာ လုပ်ပေးမယ်ဆိုရင် လအနည်းငယ်အတွင်းမှာ အကျိုးရလဒ်ကြီးကြီးမားမား တစ်ခုမြင်တွေ့ရမှာဖြစ်ပါတယ်။

လှေကားထစ်တက်ခြင်း

လှေကားထစ်တက်တာဟာ တင်ပါးဆုံ ကျစ်ကျစ်လစ်လစ်ဖြစ်စေဖို့နဲ့ ပုံစံကျလာဖို့ တကယ်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီနေ့ကစပြီး ဓာတ်လှေကားဆို ဝေးဝေးရှောင်လို့ ခြေကျင်နဲ့သာ သွက်သွက်လက်လက် တက်လိုက်ပါ။ အချိန်တိုအတွင်း အကျိုးမြတ်များစွာ သတိပြုမိလာပါလိမ့်မယ်။ လှေကားတက်ခြင်းက တင်ပါးဆုံကို ပုံဖော်ကျစ်လစ်စေသည့်အပြင် သွေးလည်ပတ်မှုကောင်းမွန်စေပြီး ကယ်လိုရီကို လျော့ချစေပါတယ်။

ခေါင်းအုံးဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း

ညအိပ်ယာပေါ်လဲနေစဉ် ခေါင်းအုံးကို ဒူးဆစ်ကြားထားပြီး ဖျစ်ညှစ်ပါက ခြေသလုံးကြွက်သားတွေ ကျစ်လစ်လာပါလိမ့်မယ်။ အဲဒီအနေအထားအတိုင်း လုပ်နိုင်သလောက်များများ လုပ်ပေးပါ။

Ref: Healthyfoodhouse

အပြည့်အစုံသို့ »

ဂျပန်ဓားစာခံများကို သတ်ပစ်မည်ဟု အိုင်အက်စ်အဖွဲ့ ခြိမ်းခြောက်


ဂျပန်ဓားစာခံနှစ်ဦး ကင်ဂျီဂိုတို(ဝဲ)နှင့် ယူကာဝါတို့အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသော အိုင်အက်စ်အဖွဲ့၏ အယ်လ်ဖာကန် မီဒီယာက ထုတ်ပြန်ထားသည့် ဗီဒီယိုမှ ရယူထားသောပုံကို တွေ့ရစဉ် (AP)
အစ္စလာမ်မစ်နိုင်ငံ တော် (အိုင်အက်စ်) အဖွဲ့ တောင်း ဆိုသော အမေရိကန်ဒေါ်လာ  သန်း ၂၀၀ မပေးလျှင် ဂျပန်ဓား စာခံ နှစ်ဦးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသော ဗီဒီယို တစ်ခုကို ဇန်န၀ါရီ ၂၀ ရက်တွင် အွန်လိုင်း၌ ဖော်ပြသည်။

အိုင်အက်စ်အဖွဲ့ကို တိုက် ခိုက်နေသည့် နိုင်ငံများအား အကူ အညီပေးမည်ဟူသော ဂျပန်အစိုး ရကို မျက်နှာဖုံးနှင့် စစ်သွေးကြွ တစ်ဦးက ယင်းဗီဒီယိုတွင် ဝေဖန် ခဲ့သည်။

ဂျပန်အစိုးရအနေဖြင့် ၇၂ နာရီအတွင်း အမေရိကန်ဒေါ်လာ  သန်း ၂၀၀ ဖြင့် ၎င်းလူနှစ်ဦး မရွေးလျှင် ယင်းလူများကို သတ် ပစ်မည်ဟု အဆိုပါ စစ်သွေးကြွ က ပြောကြားထားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ယင်းဗီဒိယိုကို အတည်ပြု နိုင်ရန် စစ်ဆေးနေပြီး ယင်းမှာ အ စစ်အမှန်ဖြစ်လျှင် အဆိုပါခြိမ်း ခြောက်မှုမှာ ခွင့်လွှတ်နိုင်ဖွယ်မ ဟုတ်ဟု ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးသည် အရှေ့အလယ်ပိုင်းဒေ သသို့ ခြောက်ရက်တာ ခရီးစဉ်အ ဖြစ် လက်ရှိတွင် အစ္စရေးနိုင်ငံ ဂျေရုစလင်မြို့၌ ရှိနေသည်။

သို့ရာတွင် ၀န်ကြီးချုပ်အာ ဘေးသည် အဆိုပါ ဓားစာခံပြ ဿနာ ဖြေရှင်းရန် အရှေ့အလယ် ပိုင်းခရီးစဉ်ကို ဖျက်သိမ်းလိမ့် မည်ဟု ဂျပန် Kyodo သတင်းက ဖော်ပြသည်။

ဂျေရုစလင်မြို့၌ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတစ် ခုတွင် ဂျပန်ဝန်ကြီးချုပ် အာဘေး က ယင်းခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ မခံမရပ်နိုင်ဖြစ်ရပြီး အပြင်းအထန် ဒေါသထွက်မိ သည်ဟု ပြောကြားကာ ယင်းဓား စာခံများကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အရှေ့အလယ်ပိုင်းနိုင်ငံများ သို့ စစ်ရေးမဟုတ်သော အကူအ ညီများ ပေးမည်ဆိုသည့် ဂျပန်အ စိုးရသည် အိုင်အက်စ်များကို တိုက်ခိုက်နေသည့် နိုင်ငံများအား ကန် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ စစ်ရေးနှင့်မပတ်သက်သော အကူအညီများပေးမည်ဟူသော ကတိ နှင့် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခွဲ တန်ဖိုးရှိ စစ်ရေးနှင့် မပတ် သက်သော အခြားအကူအညီများ ပေးမည်ဟု အာဘေးက ဇန်န၀ါရီ ၁၇ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရို မြို့၌ ပြောကြားခဲ့သည်။

—Ref: BBC
http://7daydaily.com/story/29863#.VL8WRkeUewg

အပြည့်အစုံသို့ »

ပြည်ပသို့ သစ်ခိုးရောင်းခဲ့ခြင်း လုံးဝမရှိဟု ဦးတေဇပြော



(ဓာတ်ပုံ-နစ်ကီ)
သစ်ထုတ်လုပ်ရေးလုပ် ငန်းကို စတင်လုပ်ဆောင်စဉ်မှ ယနေ့အထိ အခြားနိုင်ငံသို့ ခိုးထုတ်ရောင်းချမှုမပြုလုပ်ခဲ့ကြောင်း ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးတေဇက သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

   ‘‘သစ်တောဝန်ကြီးတွေရော သစ်ထုတ်လုပ်သူတွေရော မသေသေးဘူး။ မေးကြည့်လို့ရပါ တယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

သစ်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်စဉ်က ဗြိတိသျှလက်ထက်က ကျင့်သုံးခဲ့သော သစ် ထုတ်လုပ်ရေးနည်းအတိုင်းတစ်ပင်ခုတ်ပြီး သုံးပင်ပြန်စိုက်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ ထို့အပြင် ထုတ်ယူပြီးသော သစ်များကိုလည်း နိုင်ငံတော်မှတစ်ဆင့်ပြန်လည်ဝယ်ယူ၍ ရောင်းချမှုများပြုလုပ်ခဲ့သည်ဟု ရှင်းပြသည်။


မြန်မာနိုင်ငံတွင် ဦးတေဇ၏ ထူးကုမ္ပဏီက သစ်ထုတ်လုပ်ရေး လုပ်ငန်းများကို ကယားပြည်နယ်၊ ပဲခူးရိုးမ၊ ကျိုက်ထို၊ ကသာ၊ ရှမ်းပြည်နယ်တို့တွင် လုပ်ကိုင်ခဲ့သည်။

ဦးတေဇမှာလည်း သစ်လုပ်ငန်း ဖြင့် ချမ်းသာကြွယ်ဝလာသူတစ် ဦးဖြစ်သည်။

7daydaily.com

အပြည့်အစုံသို့ »

ဖမ်းဆီးထားသော ရဲသုံးဦးအား ကေအိုင်အေ ပြန်လွှတ်ပေး



တိုက်ပွဲများကြောင့် ပြည်သူတစ်ထောင်ကျော်ပိတ်မိနေသည့် အောင်ဘာလေရွာအနီးရှိ မြစ်ခရွမ်းကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသော ဒေသခံတစ်ဦးကို အစိုးရတပ်မတော် လမ်းပိတ်ထားသည့် ဆန်ခါရွာဂိတ်အနီးတွင် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − မရန်)
ဖမ်းဆီးထိန်းသိမ်းထား သော ရဲတပ်ဖွဲ့ဝင်သုံးဦးအား ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)ထံ ကေအိုင်အေက ဇန်န၀ါ ရီ ၁၉ ရက် ညနေတွင် လွှဲပြောင်း ပေးလိုက်ပြီး လက်နက်များကိုမူ ဆက်လက် သိမ်းဆည်းထား ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၄ရက်က ဖမ်းဆီး ခြင်းခံခဲ့ရသော ရဲအရာရှိတစ်ဦး နှင့် တပ်ဖွဲ့ဝင်နှစ်ဦးမှာ  ငါးရက်အ ကြာတွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

ဇန်န၀ါရီ ၁၉ရက် ညနေ ၄ နာရီက ဂျာရာယန်စခန်းတွင်ကေ အိုင်အေတပ်ရင်း(၆)က PCG အဖွဲ့ထံ ယင်းရဲတပ်ဖွဲ့ဝင်သုံးဦးကို လက်နက်မှအပါ ပစ္စည်းအားလုံးနှင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုး ဆောင်ဦးလမိုင်ဂွန်ဂျာက ပြော သည်။

ညနေ ၆ နာရီကျော်တွင် ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအ၀င် တာဝန်ရှိသူများထံ စာရွက်စာ တမ်းနှင့်တကွ လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။

‘‘အခုလေးတင် PCGအဖွဲ့က မြို့နယ်မှူး၊ အုပ်ချုပ်ရေးမှူးတို့ထံ လွှဲပြောင်းပြီးပါတယ်’’ ဟု ဖားကန့် မြို့မရဲစခန်းမှူးက ည ၇ နာရီခန့်က ပြောသည်။

လက်နက်များကို ဆက်လက် သိမ်းဆည်းထားခြင်းမှာ တပ်ပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်း များအရ ဆက်လက်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း PCG အဖွဲ့ကဆိုသည်။

‘‘ဒါက တပ်ပိုင်းဆိုင်ရာဆိုတော့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အချင်းချင်း ဆက်သွယ်ဆောင်ရွက်သွားဖို့ပါ’’ဟု ဦးလမိုင်ဂွန်ဂျာကဆက်လက်ပြောသည်။

ဇန်န၀ါရီ ၁၉ ရက်က ဖား ကန့်ဒေသတွင် တိုက်ပွဲကြီးများ ငြိမ်သက်နေသော်လည်း ကြိုးကြားကြိုးကြား ထိတွေ့မှုများဖြစ်ပွားနေဆဲဖြစ်ကြောင်း ကေအိုင်အေတပ်ရင်း(၆)မှအဆင့်မြင့်အရာရှိတစ်ဦးကဆိုသည်။

ဇန်န၀ါရီ ၁၉ ရက် ထိတွေ့မှု များအတွင်းဆန်ခါကျေးရွာမှ ဒေသခံတစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်းဒေသခံများကပြောသော်လည်း နှစ်ဖက်စလုံးမှ သီးခြားအတည်ပြုချက် မရသေးပေ။

အစိုးရတပ်က သိမ်းယူခဲ့ သော စခန်းလေးခုကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ကေအိုင် အေဘက်က ပြောကြားခဲ့မှုကို မြန် မာ့တပ်မတော်အဆင့်မြင့်တာဝန် ရှိသူတစ်ဦးက ငြင်းဆိုခဲ့သည်။ တပ် မတော်က အခိုင်အမာပြုလုပ်ထားသည့် စခန်းများရှိနေဆဲဖြစ်ပြီး နယ်မြေရှင်းလင်းမှုများအတွင်း ကေအိုင်အေအင်အား အနည်းငယ်ရှိသည့် စခန်းငယ်လေးများကိုတပ်မတော်ဘက်က သိမ်းယူခဲ့သော်လည်း တပ်များဆက်လက်စွဲထားခဲ့ခြင်းမပြုလုပ်ခြင်းကြောင့်သာ ယင်းနေရာများကို ကေအိုင်အေက ပြန်လည်နေရာယူခဲ့ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

‘‘လူမရှိတဲ့ စခန်းလေးတွေကို ပြန်ယူသွားတဲ့သဘောပါ’’ဟု ၎င်း ကဆက်လက်ပြောသည်။

ယခုတိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍လည်း မကြာမီသ တင်းအပြည့်အစုံ ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်းတပ်မတော် မှ သတင်းရရှိသည်။

ထိခိုက်ကျဆုံးမှုနှင့် ပတ် သက်၍ နှစ်ဖက်စလုံးမှသတင်း ထုတ်ပြန်ခြင်း မရှိသေးသော် လည်း အစိုးရဘက်မှ ပိုများပြားနိုင် ကြောင်းဒေသတွင်းသတင်းရင်း မြစ်များကခန့်မှန်းသည်။

အောင်ဘာလေ၊ ကံဆီးဒေ သအတွင်းပိတ်မိနေသောဒေသခံ တစ်ထောင်ကျော်ကိုလည်း PCG က ဇန်န၀ါရီ ၂၀ရက်တွင် သွား ရောက်တွေ့ဆုံမည်ဖြစ်သည်။

‘‘ဒေသခံတွေရဲ့ ဆန္ဒပါ။ သူ တို့ လိုက်ချင်တယ်ဆိုရင်ခေါ်ယူဖို့ ညှိနှိုင်းဆောင်ရွက်မယ်’’ဟု ဦးလ မိုင်ဂွန်ဂျာကပြောသည်။

7day daily

အပြည့်အစုံသို့ »

တရုတ်မုန့်သုံးမျိုးနှင့် ယိုစုံတစ်ခုတွင် တားမြစ်ဓာတုပစ္စည်းများ စစ်ဆေးတွေ့ရှိ



စားသုံးရန်မသင့်သော ဓာတုပစ္စည်းများ ပါဝင်နေသည့် မုန့်လေးမျိုး (ဓာတ်ပုံ - MOI)
ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသော တရုတ်မုန့်သုံးမျိုးနှင့် ပြည်တွင်းမှ ယိုစုံတစ်ခု၌ စားသုံးရန်မသင့်သော ဓာတုပစ္စည်းများ ပါဝင်နေကြောင်း သတင်းရရှိသည်။


ကျောင်းမုန့်ဈေးတန်းများတွင် တွေ့ရသော MIKI KO တံဆိပ် တရုတ်ဆီးသီး၊ SIKOZ နှင့် SOUR LIQUID CANDY တံဆိပ် အာဖျန်းအချိုရည်နှင့် ပြည်တွင်းမှ တွင်ကျယ်အမှတ်တံဆိပ် ယိုစုံတို့ ၌ တားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တွေ့ရှိသည့် မုန့်များကို စည်ပင်နှင့်ပူးပေါင်း၍ သိမ်းဆည်း အရေးယူသွားမည်ဖြစ်ပြီး ထပ်မံရောင်းချပါက အမျိုးသားစားသောက်ကုန်ဥပဒေပုဒ်မ ၂၈ (က) ဖြင့် တရားစွဲဆိုသွားမည်ဟု FDA က ဆိုသည်။

‘‘မုန့်တွေမှာ ပါတာက Rhodamine နဲ့ Sudan III ဓာတုပစ္စည်းတွေပါတယ်။ ဒါတွေက ကလေးတွေမှာ ကင်ဆာဖြစ်စေနိုင်ပြီး တခြားဆိုးကျိုးတွေလည်း ရှိပါတယ်’’ဟု FDA ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဇင်ဇင်နွယ်က ပြောသည်။

‘‘ကိုယ်တွေကလည်း ဘာမှ နားမလည်ဘူး။ အဲဒီလို ကျန်းမာရေးတာဝန်ရှိသူတွေ လာစစ်ပေးမှပဲ ဘာက မစားသင့်ဘူးဆိုတာ သိပြီး ရောင်းချဖို့ တားမြစ်သွားနိုင်မယ်လေ’’ ဟု အထက်တန်းပြကျောင်းဆရာမတစ်ဦးက ပြောသည်။ FDA က တစ်နိုင်ငံလုံးရှိ ကျောင်းမုန့်ဈေးတန်း အန္တရာယ်ကင်းရှင်းရေး စီမံချက်ဖြင့် စစ်ဆေးလျက်ရှိပြီး ယခင်လကလည်း အန္တရာယ်ရှိသည့် မုန့် ၂၈ မျိုးကို ထုတ်ပြန်ကြေညာခဲ့သည်။

7daydaily.com

အပြည့်အစုံသို့ »

ကြိုတင်ရှောင်ရှား ရောဂါများ


အာရုံမျက်လုံးနှင့် အကြောပိုင်းဆိုင်ရာအားနည်းခြင်းရောဂါဝေဒနာကို လူအများ တိုးတက်ဖြစ်ပေါ်လာနေသည့် အတွက်အသိပေး တင်ပြခြင်းဖြစ်ပါသည် ။

ကျန်းမာရေး အသိတွေရတော့ ရှောင်သင့်တာကိုရှောင်လိုက်ခြင်းဖြင့် ရောဂါများ များပြားလာခြင်း သို့ တည်းမဟုတ် တိုးပွားနိုင်လာခြင်း လျှော့နည်းပါလိမ့်မည် ။

မြို့ ပြတောရွာမကျန် အိုင်တီခေတ်ကြောင့် နည်းပညာနှင့် အသုံးဆောင်ပစ္စည်းတွေ သုံးစွဲမှု့ မြင့်မားလာခြင်းနှင့် အတူ မသိမသာ သုံးစွဲသူ လူတစ်ယောက်တွင် ကျန်းမာရေးဆိုင်ရာ တစ်ချို့ တစ်လေ အားနည်းလာပါတယ် ဒါကလဲ သတိမထားမိတော့ မဖြစ်ဘူးလို့ ထင်နေကြမှာပါ ။

တစ်ချို့ မိဘတွေ ကိုယ့်ကလေးငယ်ငယ်လေးတွေကို MP-4 နှင့် တစ်ခြား အိုင်တီခေတ်ပစ္စည်းများကို ပေးကိုင်ခိုင်းခြင်း ပြု့ လုပ်စေပါတယ် တကယ်တမ်းမှာ ရုပ်မြင်စေသည့် ဖန်ပြားပြင်သည့် နုနယ်သော ကလေးတွေမှာ ကြာလာသည့်နှင့် အမျှ အမြင်အာရုံကို ချိုးတဲ့ ထိခိုက်စေပါသည် ။

ခေတ်ကာလအတွင်းက အရွယ်ရောက် ယောင်္ကျားလေးများနှင့် မိန်းကလေးများတို့ သည့် မိမိလက်ကိုင်ဖုံးမှနေပြိး အင်တာနက်ကို အချိန်ကြာမြင့်စွာ တစိုက်မတ်မတ် သုံးစွဲလာကြပါတယ် အဲလို့ အမြင်ကို ကျန်းမာရေးအရ ပြောရရင် မကောင်းပါဘူး လူ့ ခန္ဓာကိုယ့် ကြာလာသည့်နှင့်အမျှ ကျန်းမာရေး ချိုးတဲ့လာဖို့ သာ ရှိပါတော့တယ် ကျန်းမာရေးမကောင်းလာခဲ့ရင် ကျန်သည့်အသိပညာတွေ အချည်းအနှီးသာဖြစ်လာပါတယ် ဒါကြောင့် သုံးစွဲသူများ သိရှိစေလိုပါသည် ။

မိမိ အာရုံစူးစိုက်ကြည့်နေသည့် မြင်ကွင်းသေးသေးများကို ကြာချိန် ၁၀ မိနစ်ထက်မပိုဘဲ မျက်စိ မှစူးစိုက်စွာကြည့်ခြင်းမျိုး ရှောင်ရှားပေးပါ ။ မျက်လုံးကို တစ်နေရာသို့  မကြာမကြာလွဲပြောင်းကြည့်ပေးသင့်ပါတယ် ။

ခေါင်းငုံခြင်းဖြစ်နေသည့်အတွက် မကြာခဏ ခေါင်းမတ်ပေးခြင်း ခေါင်းကို နောက်ပြန် အကြောပြေစေရန် လုပ်ဆောင်ပေးခြင်းမျိုးနှင့် ဦးခေါင်းကို ဘယ်ညာ လှဲ့ ပေးခြင်း မဖြစ်မနေ လုပ်ပေးသင့်ပါသည် ။

လက်အနေအထားမှာ ကွေးနေသည့် ပုံစံဖြင့် သုံးစွဲလွန်လာခဲ့ရင် လက်နှစ်ဖက်မှာ ထုံတာတွေ ကျင်တာတွေ တဖြေးဖြေးဖြစ်ပေါ်လာပြီး နောက်ပိုင်း လက်လှုပ်ရှားခြင်းတွက် မိမိကိုယ်ကိုယ့် လှုပ်ရှားမှု့ အားမရဖြစ်လာတက်ပါတယ် ဒါကြေင့် အိုင်တီနှင့်ပတ်သက်သည့် အသုံးဆောင်များကို အချိန်ကြာမြင့်စွာ သုံးစွဲရန် မသုံးသင့်ကြောင်ကို ကျန်းမာရေး အမြင်ဖြင့် အသိပေးပြောကြားလိုပါသည် ။

ဖိုးသူတော်
Credit : Mg Mandalay

အပြည့်အစုံသို့ »

ဒီနှစ်ချစ်သူများနေ့က သူမဘ၀တွက် မှတ်မှတ်ရရဖြစ်စေမယ်လို့ယုံကြည်နေတဲ့ ဆုပန်ထွာ




ခင်ဆွေသက် on 2015-01-16 14:28    
အချစ်ရေး၊ အိမ်ထောင်ရေး သတင်းအချို့နဲ့ ဂယက်ရိုက်ခဲ့ဖူးတဲ့ ဆုပန်ထွာက ခုလက်ရှိမှာ အချစ်ရေး အိမ်ထောင်ရေး မေးခွန်းများကို မဖြေချင်ကြောင်းနဲ့ လက်ရှိသူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုသာ ပရိသတ်ကို ဖွင့်ဟချင်တယ်လို့ ပြောလာခဲ့တာကြောင့် လက်ရှိအနုပညာလှုပ်ရှားကို မေးကြည့်တဲ့အခါ “ခုရိုက်နေတဲ့ ကားလေးက လူမိုက်ကကျွန်တော်တဲ့။ ဒါရိုက်တာက မောင်မောင်မြင့်လွင့်၊ မင်းသားက နေမျိုးအောင်ပေါ့။ ဒီကားလေးက တောဇာတ်လေးပေါ့။ လာတဲ့ ဇာတ်တွေကိုတော့ အစ်မနဲ့ အဆင်ပြေပြီး လုပ်ရတဲ့ ကာရိုက်တာ လုပ်ကွက်ရရင် ရိုက်ဖြစ်တယ်။ ကားရိုက်ကတော့ တစ်လကို တစ်ကားတော့ ပုံမှန်ရိုက်ဖြစ်တယ်။ အရမ်းကြီး ကားရိုက်ဖက်ကို အာရုံမစိုက်နိုင်တာက အစ်မက သီချင်းခွေဖက်ကိုလဲ လုပ်နေရလို့ပါ”တဲ့။

ဆုပန်ထွာဟာ လောလောဆယ် ဒုတိယအခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပြီး အသံသွင်းဖို့ပဲ ကျန်တော့တဲ့အကြောင်းကိုလည်း ခုလို ပြောပြသွားပါတယ်။ “အခွေကတော့ အသံသွင်းဖို့ပဲကျန်တော့တယ်။ owntune များမယ်။ ကော်ပီကတော့ ၂ပုဒ်လောက်ပါမယ်။ title ကတော့ ရွေးနေတုန်းဆိုတော့ အတိအကျ မသိရသေးဘူး။ သေချာရင် ပြောပါမယ်။ ဒီအခွေလေး ကိုတော့ မပန် ၂၀၁၅ မကုန်ခင် ထွက်ချင်တယ်။ ထွက်နိုင်အောင်လဲ ကြိုးစားနေပါတယ်။ ဒီကား မရိုက်ခင် ရှေ့ရက်တွေကတော့ နယ်တွေမှာ တောက်လျှောက် သီချင်းတွေဆိုဖြစ်တယ်။ အနုပညာအလုပ် ၂ခုစလုံးကို လုပ်နေရတဲ့တွက် တတ်နိုင်သလောက် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် မပန် ကြိုးစားပြီး ရိုက်ကူးနေပါတယ်”လို့ သူမက ပြောပြသွားပါတယ်။

၂၀၁၅ Valentine’s Day ကို သူမဖြတ်သန်းဖြစ်မဲ့ အကြောင်းကို မေးကြည့်လိုက်တော့ “ဒီနှစ် ချစ်သူများနေ့မှာ မပန်ဘ၀အတွက် ထူးထူးခြားခြား တစ်ခုဖြစ်စေမယ်လို့ယုံကြည်ပါတယ်။ ဘာလဲတော့ မသိသေးဘူးပေါ့နော်။ အရင်နှစ်တွေ တုန်းကတော့ ပုံမှန်ပဲပေါ့။ နေ့တွေထဲက နေ့တစ်နေ့ပေါ့။ အဲ့ဒီနေ့ဆို ချစ်သူစုံတွဲလေးတွေကို မြင်ရတာ ကြည်နူးဖို့လဲ ကောင်းသလို ပျော်ရွှင်ဖို့လဲ ကောင်းတယ်။ အဲ့ဒီနေ့မှာ ချစ်သူစုံတွဲတွေ ရန်မဖြစ်ပဲနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းကြပါလို့မပန်က အကြံပေးချင်ပါတယ်”လို့ ဆိုသွားပါတယ်။

credit to Treand Myanmar

အပြည့်အစုံသို့ »

လီဗြောင်ဟွန်းကို ခြိမ်းခြောက်ငွေညှစ်ခဲ့သည့် ဒါဟီးနှင့် လီဂျီယွန်း ထောင်တစ်နှစ်စီကျ



 တောင်ကိုရီးယားမော် ဒယ်လီဂျီယွန်းနှင့် GLAM ကေ ပေါ့ပ်အဖွဲ့ဝင် ဒါဟီးတို့သည် ကေဒရာမာစတားလီဗြောင်ဟွန်း ကို  ခြိမ်းခြောက်ငွေညှစ်ရန် ကြိုး ပမ်းမှုဖြင့် ဇန်နဝါရီ ၁၅ ရက်တွင် ထောင်ဒဏ်တစ်နှစ်ခန့်စီ ချမှတ် ခြင်းခံရသည်။

လီဂျီယွန်းနှင့် ဒါဟီးတို့သည် သရုပ်ဆောင်မင်းသားလီဗြောင် ဟွန်းနှင့် ၎င်းတို့အကြား ညစ်ညမ်း စကားများပြောကြားနေမှုကို လျှို့ ဝှက်ဗီဒီယိုရိုက်ကူး၍ နောက်ပိုင်း တွင် ယင်းဗီဒီယိုဖြင့် လီဗြောင် ဟွန်းထံမှ အမေရိကန်ဒေါ်လာ ငါးသန်းခန့်ခြိမ်းခြောက်ငွေညှစ်ခဲ့ သည်။ ယင်းတရားခံနှစ်ဦးအား နောက်ဆုံးကြားနာစစ်ဆေးမှုကို ဇန်နဝါရီ ၁၅ ရက် နံနက်တွင် ဆိုးလ်မြို့ ခရိုင်တရားရုံး၌ ပြုလုပ် ခဲ့သည်။

တရားခံများသည် ငွေကြေး ရလိုမှုဖြင့် တရားလိုလီဗြောင် ဟွန်းကို ခြိမ်းခြောက်ငွေညှစ် ကြောင်း ပြစ်မှုထင်ရှားသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဒါဟီး အား ထောင်ဒဏ်တစ်နှစ်ကျခံစေ ရန်နှင့် လီဂျီယွန်းအား ထောင် ဒဏ်တစ်နှစ်နှင့် နှစ်လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းပြစ်ဒဏ်များမှာ တရား လိုလီဗြောင်ဟွန်းဘက်မှ တောင်း ဆိုခဲ့သော ထောင်ဒဏ်သုံးနှစ် ထက် ပိုမိုနည်းပါးခဲ့သည်ဟု သိရသည်။ ကေဒရာမာစတားလီဗြောင် ဟွန်းသည် ယင်းကြားနာစစ်ဆေး ပွဲသို့   တက်ရောက်ခဲ့ခြင်းမရှိ ကြောင်းနှင့် လက်ရှိတွင် အမေရိ  ကန်နိုင်ငံ၌ အနုပညာလုပ်ငန်းများ သွားရောက်လုပ်ကိုင်နေကြောင်း သိရသည်။

၎င်း၏ ဇနီးဖြစ်သူ လီမင် ဂျောင်မှာ ကြော်ငြာရိုက်ကူးရန် အမေရိကန်နိုင်ငံမှ တောင်ကိုရီး ယားနိုင်ငံသို့ ပြန်ရောက်နေသည် ဟု သိရသည်။  —Ref: All Kpop

credit to- 7day daily

အပြည့်အစုံသို့ »

ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းတံခါး ကျောက်ခဲဖြင့် ပစ်ပေါက်သော စိတ်မနှံသူကို ရွာသာကြီးသို့ပို့



ခဲဖြင့်ပစ်ပေါက်ခံရ၍ ကျိုးပဲ့သွားသော တံခါးပေါက်တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
 ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခြံအမှတ်(၅၄) ခြံတံခါး ကို စိတ်မနှံ့သော လူတစ်ဦးက ကျောက်ခဲဖင့် ပစ်ပေါက်မှု ဖြစ်ပွားရာ တံခါးကျိုးပဲ့သွားပြီးစိတ်မနှံ့သူအား ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၅ ရက် နေ့လယ် ၂ နာရီအချိန်တွင် ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှ ဆေးလက်မှတ်နှစ်ကြိမ်ရရှိထားသော မရမ်းကုန်းမြို့နေ အသက် (၆၀)နှစ် အရွယ် ဦးအောင်တိုးက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ်(၅၄) တံခါးကို ခဲဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ခဲဖြင့် ပစ်ပေါက်သော  ဦးအောင်တိုးကို ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေး ခေါင်းဆောင် ဦးနီက အမှုဖွင့် အရေးယူဆောင်ရွက်ခြင်း မပြုလုပ်လိုကြောင်း ဗဟန်းမြို့ နယ်ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲအုပ်မျိုးဝင်းဦးက ပြောသည်။

‘‘ခဲနဲ့ပစ်ပေါက်လို့ ရှေ့တံခါး မှန်ကွဲသွားပါတယ်။ သူ့ကို စစ်ဆေးတော့ စိတ်ကျန်းမာရေးဆေးရုံက နှစ်ကြိမ်လက်မှတ်ရထားတဲ့သူ ဖြစ်တယ်။ ကားမောင်းနေတဲ့သားနဲ့ ထမင်းချက်နေတဲ့ မိန်းမကိုခေါ်တာ မလာလို့ စိတ်တိုပြီး ခဲနဲ့ပေါက်လိုက်တာလို့ ပြောတယ်။ အဲဒါကြောင့် သူ့ကိုရွာသာကြီးကို ပြန်ပို့ဖို့ လုပ်နေပါတယ်’’ ဟု ဒုရဲအုပ်မျိုးဝင်းဦးက ပြောသည်။

‘‘တံခါးကို ပစ်ပေါက်ခံရတာ ဟုတ်ပါတယ်။ စိတ်မနှံ့တဲ့သူတစ်ယောက်က ပစ်ပေါက်သွားတာပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခြံအမှတ်(၅၄)မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ခဲဖြင့် ပစ်ပေါက်မှုကြောင့် သစ်သားဖြင့် ပြုလုပ်ထားသော တံခါး၏ အနံ ၅ လက်မ၊ အလျား ၉ လက်မခန့် ပေါက်ပြဲပျက်စီးသွားခဲ့သည်။

7daydaily.com

အပြည့်အစုံသို့ »

ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေ ဖမ်းဆီးထိန်းသိမ်းထား

ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးတစ်ဦးနှင့်လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖားကန့်ဒေသဂွေခါမှော်လမ်းပိုင်းတွင် ကေအိုင်အေက ဖမ်းဆီး ထိန်းသိမ်းထားသည်။

ဖားကန့်မှ မြစ်ကြီးနားသို့ သွားရောက်သည့် ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးက မန်းဒူးနော်နှင့်အတူ လုံခြုံရေး လိုက်ပါလာသော ရဲတပ်ဖွဲ့ ၀င်သုံးဦးကို ဇန်န၀ါရီ ၁၄ ရက် နေ့လယ်က ကေအိုင်အေတပ်ရင်း (၆) က ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သတင်းရရှိသည်။

အစိုးရက သတင်းထုတ်ပြန်ရာတွင် ၀န်ကြီးနှင့်အဖွဲ့ကို ဟွေလုံရွာအနီး၌ ကေအိုင်အေတပ်ဖွဲ့ ၀င် ၂၅ ဦးခန့်က သေနတ်ဖြင့်ပစ်ဖောက်၍ လမ်းပိတ်ဆို့ကာ ၀န်ကြီးအား လမ်းပေါ်၌ ထိုင်ခိုင်းပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ထို့နောက် ၀န်ကြီးနှင့် အဖွဲ့ကိုဆက်လက်ထွက်ခွာခွင့်ပြုသော်လည်း  ဒုရဲအုပ်မြင့်စိုးနှင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေ တပ်ရင်း (၆)သို့ ဆက်သွယ်မေးမြန်းရာ သတ်မှတ်ထားသည့်လမ်းကြောင်းမှမဟုတ်ဘဲ ရှေ့တန်းနယ်မြေအတွင်းသို့ လက်နက်နှင့် အတူဝင်ရောက်လာ၍ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ဖြေဆိုသည်။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုမူ ဖမ်းဆီးခဲ့ခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင် သုံးဦးကိုသာစစ်ဆေး မေးမြန်းရန် ထိန်းသိမ်းခဲ့သည်ဟု ကေအိုင်အေဘက်ကဆိုသည်။

‘‘ရှေ့တန်းနယ်မြေမှာ ထိပ်တိုက်ရင်ဆိုင်တွေ့လို့ လက်နက် တွေပါတော့ လိုအပ်တာတွေမေးမြန်းဖို့ ခေါ်ယူစစ်ဆေးခဲ့တာ။ ကိုယ်ထိလက်ရောက်နှိပ်စက်တာလည်းမရှိဘူး။ ပြန်လွှတ်ပေးမှာပါ’’ဟု ကေအိုင်အေ တပ်ရင်း(၆) ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။ ‘‘ဖြစ်စဉ်က ဟုတ်ပါတယ်။  သတင်းရလို့ လိုက်ရှင်းလင်းတော့ ထိတွေ့မှုလေးတွေဖြစ်တယ်။ ဒါ က တပ်ပိုင်းဆိုင်ရာပါ’’ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိပ်တန်းအရာရှိတစ်ဦးကဆိုသည်။

မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း လိုင်ဇာဗိုလ်လောင်း သင်တန်းကျောင်းအား လက်နက်ကြီးပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက်တင်းမာမှုများ ရှိခဲ့သည်။

ထို့ကြောင့် တာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင်သုံးဦးအား အမြန် ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့ဝင်ဒုဗိုလ်မှူးကြီး အဆင့်ရှိ ဦးနော်ဒီနှင့် မြစ်ကြီးနား မြို့ နည်းပညာဆိုင်ရာအကြံပေးအဖွဲ့မှ ဦးလမိုင်ခွန်ဂျာတို့ထံ ဆက်သွယ်ဆောင်ရွက်နေကြောင်း အစိုးရက ထုတ်ပြန်သည်။

7daydaily.com

အပြည့်အစုံသို့ »

ပထမဆုံး ကချင်ခရီးစဉ်မှာ မယ်ပြိုင်ပွဲဒိုင်လုပ်ဖြစ်တဲ့ နန်းခင်ဇေယျာ



(၆၇)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်တွင်ပြုလုပ်သည့် Miss Manu Shayi 2015 ပြိုင်ပွဲ ၌   ဒေါ်အယ်လ်ခွန်းရီ၏ ဖိတ် ခေါ်မှုဖြင့် ဒိုင်အဖြစ်ဆောင်ရွက် ပေးခဲ့ရကြောင်း နန်းခင်ဇေယျာ က ပြောသည်။

‘‘ဒီပွဲကမလုပ်တာ   သုံး နှစ်လောက်ရှိပြီလို့ပြောတယ်။ ဒီ ပွဲလေးက ရန်ကုန်မှာလုပ်တဲ့ပွဲ တွေလိုပဲ အဆင့်မီမီပြုလုပ်တာ ပါ။ မေးခွန်းဖြေရတာတွေပါပါ တယ်။ နောက်ပြီး ပွဲကြီးတစ်ပွဲလို ပဲ ပြိုင်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ရ တာ။ ပြိုင်ပွဲဝင်တွေက တိုင်းရင်း သူတွေ၊ အတွေ့အကြုံလည်း အများကြီးမရှိဘူးဆိုတော့ နည်း နည်းရှိန်တာတွေတော့ရှိတယ်။ ညနေခင်းဝတ်စုံဆိုရင်လည်း သူတို့ရိုးရာတွေနဲ့ သေသေချာချာ ချုပ်ဝတ်ကြတယ်’’ဟု Miss Manu Shayi 2015 ပြိုင်ပွဲအကြောင်းကို နန်းခင်ဇေယျာက ပြောသည်။

ပြိုင်ပွဲဝင် ၃၀ ကျော်ပါဝင် ယှဉ်ပြိုင်ပြီး ယင်းပြိုင်ပွဲတွင် မိုးစက်ဝိုင်ကလည်း ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

ယခင်က ဧည့်လမ်းညွှန်တစ် ဦးဖြစ်သော်လည်း ကချင်ပြည် နယ်သို့မရောက်ဖူးဘဲ ယခုခရီး စဉ်သည် ၎င်းအတွက် ပထမ ဆုံးကချင်ပြည်နယ်ခရီးစဉ်ဖြစ် သည်ဟု ပြောသည်။

‘‘အမှတ်တရတွေကတော့ အများကြီးပါပဲ။ မြစ်ဆုံကိုလည်း သွားလည်ခဲ့တယ်။ နောက်ပြီး သူ တို့ဒေသရဲ့ အစားအသောက်တွေ၊ ဝတ်စားဆင်ယင်ပုံတွေကိုလည်း လေ့လာခွင့်ရခဲ့တယ်’’ဟု နန်းခင် ဇေယျာက ပြောသည်။

ဒေါ်အယ်လ်ခွန်းရီနှင့်အတူ မြစ်ကြီးနားမြို့ ရမ်ပူတွင်ရှိသော လီဆူးနှစ်ခြင်းသာသနာဝင်းအ တွင်း တည်ဆောက်ထားသည့် မေတ္တာစိမ့်စမ်းမိဘမဲ့ဂေဟာ၊ မိဘ မဲ့ကလေးကျောင်းသို့ သွားရောက် လှူဒါန်းဖြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

အနုပညာလှုပ်ရှားမှုအနေ ဖြင့် ယခုရက်အတွင်းကောင်း ပြည့်နှင့် ဗီဒီယိုတစ်ကားရိုက်ကူး ရန် အစီအစဉ်ရှိပြီး ရုပ်ရှင် ရိုက်ကူးရန်လက်ခံထားသည့် ဇာတ်ကားမှာ ရိုက်ဖြစ်ရန်မသေချာတော့ဟု နန်းခင်ဇေယျာကပြောသည်။
http://www.7daydaily.com/story/29409#.VLdLcCuUewg

အပြည့်အစုံသို့ »