ဝန်ထမ်းများ လစာငွေအရစ်ကျစုဆောင်း၍ အိမ်ရာဝယ်ယူနိုင်မည့်အစီအစဉ် စတင်မည်

ပို့စ်တင်ချိန် - 11:11 AM




ဝန်ထမ်းများရရှိသည့် လစာဝင်ငွေကို အရစ်ကျစနစ်ဖြင့် စုဆောင်းပြီးအိမ်ဝယ်ယူနိုင်သည့် စနစ် မကြာမီစတင်နိုင်တော့မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။

ယင်းစနစ်တွင် အစိုးရနှင့် ပုဂ္ဂလိက၀န်ထမ်းများ အကျုံးဝင် မည်ဖြစ်ပြီး နိုင်ငံတကာ၌ ၀န်ထမ်းများလစာကို လစဉ်စုဆောင်းကာ အိမ်ရာဝယ်နိုင်မည့် စနစ်များရှိပြီး မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း အဆိုပါညွှန်ကြားရေးမှူးက ဆိုသည်။

‘‘ဒီစနစ်ပေါ်လာရင် အစိုးရ က လက်ရှိဆောက်လုပ်နေတဲ့ အိမ်ရာစီမံကိန်းတွေကို လက်လှမ်းမီသွားလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။

အဆိုပါစနစ် အကောင်အထည်ဖော်ရန် လက်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က နိုင်ငံခြားဘဏ်များနှင့် ချိတ်ပြီး ချေးငွေများရရှိရန် စီစဉ် ထားကြောင်း သိရသည်။ ထို့ ကြောင့် အဆိုပါချေးငွေများ ရရှိ နိုင်ပါက ယင်းစနစ်ကို စတင်နိုင် မည်ဖြစ်ကြောင်း သိရသည်။

‘‘စင်ကာပူတို့ ကိုရီးယားတို့ မှာ အဲဒီစနစ်က အရမ်းအောင် မြင်ခဲ့တယ်။ ဒါပေမဲ့ လူတွေလက် ထဲမှာ အရစ်ကျတွေဝယ်တာများ ကုန်တော့ လကုန်ရင်သုံးစရာမရှိ တာက များတယ်’’ဟု Moving Myanmar စီးပွားရေးပညာရှင် ဦးလှဖေကသုံးသပ်သည်။

ယခုစနစ်သည် ပြည်သူများ အတွက် မရင်းနှီးသောကြောင့် အကောင်အထည်ဖော်ရာတွင် အ ခက်အခဲရှိနိုင်ပြီး အစိုးရ၀န်ထမ်း များ၏ လစာသည်စားဝတ်နေရေး အတွက် လုံလောက်မှုမရှိ၍ စု ဆောင်းရန်ဆိုသည်မှာ မဖြစ်နိုင် ကြောင်း အစိုးရ၀န်ထမ်းတစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။

လက်ရှိတွင် မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက အစိုးရ ၀န်ထမ်းနှင့် ၀င်ငွေနည်းလူတန်း စားများအတွက် ရည်ရွယ်ကာ တစ်နိုင်ငံလုံးတွင် အိမ်ရာစီမံကိန်းများ ဆောင်ရွက်နေပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အခန်းရေ လေး သောင်းကျော် ထွက်ပေါ်လာနိုင် ကြောင်း ဌာနက ခန့်မှန်းထား သည်။

နိုင်ငံတော်သမ္မတကလည်း ၂၀၁၄ ဒီဇင်ဘာ ၂၇ရက် ရခိုင်ခရီးစဉ်တွင် ၀န်ထမ်းများအတွက် တစ်ဦးချင်းဝင်ငွေ စုဆောင်းသည့် စနစ်ကို အကောင်အထည်ဖော် ဆောင်ပြီး ကိုယ်ပိုင်အိမ်ရာဖြင့် နေထိုင်နိုင်ရန် အိမ်ရာများ အ ကောင်အထည် ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။ ၀န်ထမ်းများ အခမဲ့ဆေးကုသရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အရေးပေါ်ကိစ္စများတွင် အထောက်အပံ့ရရန် ဆောင်ရွက်ပေးမည်ဟု ၎င်းက ဆက်လက်ပြောသည်။

7daydaily